တံငါသည်တစ်ယောက် ရှားရှားပါးပါး တွေ့ရှိခဲ့ပြီး အဆောင်အဖြစ် အိပ်ယာအောက်မှာ (၁၀) နှစ်ကျော် သိမ်းထားခဲ့တဲ့ ကမ္ဘာ့အကြီးဆုံးပုလဲကြီး

unicode

သက်ရှိခန္ဓာကိုယ်ထဲမှာ ဖြစ်တည်တဲ့ တစ်ခုတည်းသော ရတနာဟာ ပုလဲပါပဲ။ ပုံမှန်အားဖြင့် ကမာကောင်တွေရဲ့ကိုယ်ထဲမှာ ပုလဲတွေကို တွေ့ရလေ့ရှိပါတယ်။ ဒါပေမဲ့ ကမ္ဘာ့အကြီးဆုံးပုလဲကြီးကိုတော့ ဂုံးကောင်ရဲ့ကိုယ်ထဲကနေ တွေ့ရှိခဲ့တာပါ။

ဒါဟာ ရှားရှားပါးပါး တွေ့ရှိမှုပါပဲ။ (၂၀၀၆) ခုနှစ်မှာ ဖိလစ်ပိုင်တံငါသည်တစ်ယောက်က ပါလာဝမ်ကျွန်း ကမ်းလွန်ဘက်မှာ ကမ္ဘာ့အကြီးဆုံးပုလဲကြီးကို တွေ့ရှိခဲ့တာပါ။ သူ့ရဲ့လှေ ကျောက်ဆူးက ဂုံးကောင်ကြီးနဲ့ ချိတ်မိနေလို့ တံငါသည်က ဆင်းဖြုတ်ရင်း ဒီပုလဲကြီးကို တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

အလေးချိန် (၇၅) ပေါင်နီးပါးရှိပြီး အလျား (၂၆) လက်မ၊ ဗျက် (၁၂) လက်မ ရှိပါတယ်။ ဒါပေမဲ့ တံငါသည်က ပုလဲကြီး ဘယ်လောက်အဖိုးတန်သလဲဆိုတာကို မသိခဲ့ပါဘူး။ ကံကောင်းခြင်းအဆောင်တစ်ခုအနေနဲ့ သူ့အိပ်ယာအောက်မှာ (၁၀) နှစ်တိုင်တိုင် သိမ်းထားခဲ့တာပါ။

သူ့အိမ်မီးလောင်သွားချိန်မှာလည်း ပုလဲကြီးက မပျက်စီးဘဲ ကျန်နေရစ်ခဲ့ပါတယ်။ ဒီပုလဲကြီးက အမေရိကန်ဒေါ်လာ သန်း (၁၀၀) ကျော် တန်ကြေးရှိမယ်လို့ ခန့်မှန်းထားကြပါတယ်။ ဖတ်ရှုပေးတဲ့ ပရိတ်သတ်ကြီးလဲ သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

zawgyi

သက္ရွိခႏၶာကိုယ္ထဲမွာ ျဖစ္တည္တဲ့ တစ္ခုတည္းေသာ ရတနာဟာ ပုလဲပါပဲ။ ပုံမွန္အားျဖင့္ ကမာေကာင္ေတြရဲ႕ကိုယ္ထဲမွာ ပုလဲေတြကို ေတြ႕ရေလ့ရွိပါတယ္။ ဒါေပမဲ့ ကမၻာ့အႀကီးဆုံးပုလဲႀကီးကိုေတာ့ ဂုံးေကာင္ရဲ႕ကိုယ္ထဲကေန ေတြ႕ရွိခဲ့တာပါ။

ဒါဟာ ရွားရွားပါးပါး ေတြ႕ရွိမႈပါပဲ။ (၂၀၀၆) ခုႏွစ္မွာ ဖိလစ္ပိုင္တံငါသည္တစ္ေယာက္က ပါလာဝမ္ကြၽန္း ကမ္းလြန္ဘက္မွာ ကမၻာ့အႀကီးဆုံးပုလဲႀကီးကို ေတြ႕ရွိခဲ့တာပါ။ သူ႕ရဲ႕ေလွ ေက်ာက္ဆူးက ဂုံးေကာင္ႀကီးနဲ႕ ခ်ိတ္မိေနလို႔ တံငါသည္က ဆင္းျဖဳတ္ရင္း ဒီပုလဲႀကီးကို ေတြ႕ရွိခဲ့တာ ျဖစ္ပါတယ္။

အေလးခ်ိန္ (၇၅) ေပါင္နီးပါးရွိၿပီး အလ်ား (၂၆) လက္မ၊ ဗ်က္ (၁၂) လက္မ ရွိပါတယ္။ ဒါေပမဲ့ တံငါသည္က ပုလဲႀကီး ဘယ္ေလာက္အဖိုးတန္သလဲဆိုတာကို မသိခဲ့ပါဘူး။ ကံေကာင္းျခင္းအေဆာင္တစ္ခုအေနနဲ႕ သူ႕အိပ္ယာေအာက္မွာ (၁၀) ႏွစ္တိုင္တိုင္ သိမ္းထားခဲ့တာပါ။

သူ႕အိမ္မီးေလာင္သြားခ်ိန္မွာလည္း ပုလဲႀကီးက မပ်က္စီးဘဲ က်န္ေနရစ္ခဲ့ပါတယ္။ ဒီပုလဲႀကီးက အေမရိကန္ေဒၚလာ သန္း (၁၀၀) ေက်ာ္ တန္ေၾကးရွိမယ္လို႔ ခန႔္မွန္းထားၾကပါတယ္။ ဖတ္ရႈေပးတဲ့ ပရိတ္သတ္ႀကီးလဲ သာယာေပ်ာ္႐ႊင္တဲ့ ေန႕ေလးတစ္ေန႕ကို ပိုင္ဆိုင္နိုင္ပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္ေနာ္။

(Visited 15 times, 1 visits today)

Be the first to comment

Leave a comment

Your email address will not be published.


*