မကြာခင်မှာ လောကကြီးထဲ ရောက်လာတော့မယ့် ရင်သွေးလေး အကြောင်းကို ပရိတ်သတ်ကြီးကို အသိပေးပြောပြလာတဲ့ အောင်လအန်ဆန်း

unicode

MMA ဖိုက်တာတစ်ယောက် ဖြစ်တဲ့ ပရိတ်သတ်အချစ်တော် အောင်လအန်ဆန်းကတော့ မြန်မာ့ဂုဏ်ဆောင် လက်ဝှေ့အားကစားသမား တစ်ယောက်ပဲ ဖြစ်ပါတယ်။

လတ်တလောမှာတော့ နောက်ထပ် ရင်သွေးရတနာလေးတစ်ယောက် လောကထဲကို ထပ်မံ ရောက်ရှိလာမှာ ဖြစ်တဲ့အကြောင်းကို သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာကနေ မျှဝေဖော်ပြလာခဲ့ပါတယ်။

အောင်လကတော့ လက်ရှိမှာ သားတစ်ယောက် သမီးတစ်ယောက်ကို ပိုင်ဆိုင်ထားတဲ့ ဖခင်တစ်ယောက် ဖြစ်ပြီး အောင်လရဲ့ ဇနီးမှာတော့ နောက်ထပ်ရင်သွေးလေးကို ကိုယ်ဝန်ဆောင်ထားရပြီပဲ ဖြစ်ပါတယ်။

ဒီနေ့မှာတော့ “San Seng is ready to be a big sister. အခုလာမယ့် အပတ်မှာ အစ်မကြီး ဖြစ်တော့မယ်။” ဆိုတဲ့ စာသားလေးနဲ့အတူ ပရိတ်သတ်တွေကို အသိပေးခဲ့တာပဲ ဖြစ်ပါတယ်။

ရင်သွေးလေးကတော့ သားယောက်ျားလေးတစ်ယောက် ဖြစ်တယ်လို့လည်း သိရှိရပြီး လာမယ့်တစ်ပတ်မှာပဲ လူ့လောကထဲကို ရောက်ရှိလာတော့မှာပဲ ဖြစ်ပါတယ်။

အောင်လတို့ မိသားစုထဲကို ရောက်လာတော့မယ့် သားလေးကို ပရိတ်သတ်တွေက ရင်ခုန်စွာနဲ့ စောင့်မျှော်နေကြတာပဲ ဖြစ်ပါတယ်။ ဖတ်ရှုပေးတဲ့ စာဖတ်ပရိတ်သတ်ကြီးလဲ သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

zawgyi







(Visited 15 times, 1 visits today)

Be the first to comment

Leave a comment

Your email address will not be published.


*