မိသားစုဝင် မိန်းမနဲ့ သားလေးကို အနီးဆုံးမှာ ခေါ်ထားနိုင်ပြီ ဆိုတဲ့ လူရွှင်တော် ပိုးလေး

unicode

မြန်မာ့ ဇာတ်သဘင်လောကရဲ့ အောင်မြင်တဲ့လူရွှင်တော်အဖွဲ့ အနေနဲ့ ရပ်တည်ထားနိုင်ခဲ့တဲ့ ဟားငါးကောင်အဖွဲ့ကိုတော့ အားလုံးပဲ သိကြမှာပါပဲ။ အမှန်တရားကို ချစ်မြတ်နိုးတဲ့ သူတို့အဖွဲ့ဟာ ရင်ဘတ်ချင်းတူတဲ့ ညီအစ်ကိုလို ချစ်ရတဲ့ အဖွဲ့ဝင်ငါးဦးနဲ့ ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။

ဟားငါးကောင်အဖွဲ့ဟာ ခက်ခဲကြမ်းတမ်းတဲ့ လွတ်မြောက်နယ်မြေကို အစောဆုံးရောက်ရှိခဲ့တဲ့အဖွဲ့လဲ ဖြစ်ပါတယ်နော်။ လက်ရှိအချိန်မှာတော့ ပြည်သူတွေအားလုံးက ချစ်ခင်လေးစားရတဲ့ အဖွဲ့တစ်ခုပါ။ ဟားငါးကောင်အဖွဲ့ရဲ့ အဖွဲ့ဝင် တစ်ဦးချင်းဆီဟာ တော်လှန်ရေးအတွက် နည်းမျိုးစုံနဲ့ ပါဝင်ဆောင်ရွက်နေကြတာပဲ ဖြစ်ပါတယ်။

လူရွှင်တော် ပိုးလေးကတော့ မိသားစုကိုပါ လွတ်မြောက်နယ်မြေကို ရောက်ရှိအောင် ခေါ်လာနိုင်ခဲ့ပြီပဲ ဖြစ်ပါတယ်။ လွတ်မြောက်နယ်မြေမှာ (၂) နှစ်ကျော်နီးပါး မိသားစုနဲ့ ခွဲခွာနေခဲ့ရတဲ့ လူရွှင်တော် ပိုးလေးဟာ ဒီကနေ့မှာပဲ မိန်းမနဲ့ သားဖြစ်သူကို လွတ်မြောက်နယ်မြေကို အန္တရာယ်ကင်းကင်းနဲ့ ခေါ်လာနိုင်ခဲ့ပါပြီနော်။

သူတို့အဖွဲ့ဟာ လူမှု့ကွန်ယက်ပေါ်မှတစ်ဆင့် သွေးမအေးကြစေဖို့ ပြည်သူတွေကို အချိန်ရတိုင်း လှုံ့ဆော်နေခဲ့ကြပါတယ်။ ခက်ခဲကြမ်းတမ်းတဲ့ လွတ်မြောက်နယ်မြေမှာ နေထိုင်ရပြီး တော်လှန်ရေးအတွက် ဘဝကိုပါ ပေးဆပ်ထားရပေမယ့် သူတို့အဖွဲ့ဟာ တစ်ခါတရံ ပရိသတ်တွေကို ပျော်ရွှင်အောင် စနောက်တတ်ပါသေးတယ်နော်။

zawgyi

ျမန္မာ့ ဇာတ္သဘင္ေလာကရဲ႕ ေအာင္ျမင္တဲ့လူ႐ႊင္ေတာ္အဖြဲ႕ အေနနဲ႕ ရပ္တည္ထားနိုင္ခဲ့တဲ့ ဟားငါးေကာင္အဖြဲ႕ကိုေတာ့ အားလုံးပဲ သိၾကမွာပါပဲ။ အမွန္တရားကို ခ်စ္ျမတ္နိုးတဲ့ သူတို႔အဖြဲ႕ဟာ ရင္ဘတ္ခ်င္းတူတဲ့ ညီအစ္ကိုလို ခ်စ္ရတဲ့ အဖြဲ႕ဝင္ငါးဦးနဲ႕ ဖြဲ႕စည္းထားတာ ျဖစ္ပါတယ္။

ဟားငါးေကာင္အဖြဲ႕ဟာ ခက္ခဲၾကမ္းတမ္းတဲ့ လြတ္ေျမာက္နယ္ေျမကို အေစာဆုံးေရာက္ရွိခဲ့တဲ့အဖြဲ႕လဲ ျဖစ္ပါတယ္ေနာ္။ လက္ရွိအခ်ိန္မွာေတာ့ ျပည္သူေတြအားလုံးက ခ်စ္ခင္ေလးစားရတဲ့ အဖြဲ႕တစ္ခုပါ။ ဟားငါးေကာင္အဖြဲ႕ရဲ႕ အဖြဲ႕ဝင္ တစ္ဦးခ်င္းဆီဟာ ေတာ္လွန္ေရးအတြက္ နည္းမ်ိဳးစုံနဲ႕ ပါဝင္ေဆာင္႐ြက္ေနၾကတာပဲ ျဖစ္ပါတယ္။

လူ႐ႊင္ေတာ္ ပိုးေလးကေတာ့ မိသားစုကိုပါ လြတ္ေျမာက္နယ္ေျမကို ေရာက္ရွိေအာင္ ေခၚလာနိုင္ခဲ့ၿပီပဲ ျဖစ္ပါတယ္။ လြတ္ေျမာက္နယ္ေျမမွာ (၂) ႏွစ္ေက်ာ္နီးပါး မိသားစုနဲ႕ ခြဲခြာေနခဲ့ရတဲ့ လူ႐ႊင္ေတာ္ ပိုးေလးဟာ ဒီကေန႕မွာပဲ မိန္းမနဲ႕ သားျဖစ္သူကို လြတ္ေျမာက္နယ္ေျမကို အႏၱရာယ္ကင္းကင္းနဲ႕ ေခၚလာနိုင္ခဲ့ပါၿပီေနာ္။

သူတို႔အဖြဲ႕ဟာ လူမႈ႕ကြန္ယက္ေပၚမွတစ္ဆင့္ ေသြးမေအးၾကေစဖို႔ ျပည္သူေတြကို အခ်ိန္ရတိုင္း လႈံ႕ေဆာ္ေနခဲ့ၾကပါတယ္။ ခက္ခဲၾကမ္းတမ္းတဲ့ လြတ္ေျမာက္နယ္ေျမမွာ ေနထိုင္ရၿပီး ေတာ္လွန္ေရးအတြက္ ဘဝကိုပါ ေပးဆပ္ထားရေပမယ့္ သူတို႔အဖြဲ႕ဟာ တစ္ခါတရံ ပရိသတ္ေတြကို ေပ်ာ္႐ႊင္ေအာင္ စေနာက္တတ္ပါေသးတယ္ေနာ္။

(Visited 60 times, 1 visits today)

Be the first to comment

Leave a comment

Your email address will not be published.


*