တော်လှန်ရေးကို ဗန်းပြပြီး ကိုယ်ကျိုးရှာနေသူတွေကို ပြတ်ပြတ်သားသား ဒဲ့ ပြောလိုက်တဲ့ အဆိုတော် လင်းလင်း

unicode

ပရိသတ်တွေရဲ့ အားပေးချစ်ခင်မူ့ကို တစ်ခဲနက်ရရှိထားတဲ့ ဝါရင့်အဆိုတော် လင်းလင်းကိုတော့ သီချင်းချစ်သူတိုင်း သိကြလိမ့်မယ် ထင်ပါတယ်နော်။ ကိုယ်တိုင်ဖန်တီး သီဆိုထားတဲ့ သီချင်းကောင်းများစွာ ထွက်ရှိထားပြီး အောင်မြင်ကျော်ကြားတဲ့ အဆိုတော်ကြီးတစ်ဦး ဖြစ်ပါတယ်။

ဒါ့အပြင် မင်းသမီး ချစ်သုဝေနဲ့ အိမ်ထောင်တစ်ခုကို ထူထောင်ထားပြီး ချစ်ဖို့ကောင်းတဲ့ အမွှာသမီးလေးနှစ်ဦးကို ပိုင်ဆိုင်ထားပါတယ်။ လက်ရှိ နိုင်ငံရေးအခြေအနေကြောင့် တိမ်းရှောင်နေရပေမယ့် ကျရာတာဝန်တွေကို တတ်နိုင်တဲ့ဘက်ကနေ ထမ်းဆောင်နေပါတယ်။ ”လူ့အသိုင်းအဝိုင်းကနေ ပြတ်ပြတ်သားသား ဖယ်ခွါ ဆန့်ကျင်ရမယ့် အကြမ်းဖက်စစ်တပ်အနွယ်ဝင်

သက်ရှိ သက်မဲ့ အားလုံးကို နင်းချေရမယ့်အလုပ် နဲနဲမှ လျှော့လို့မရဘူး။ ရှိရင်းစွဲ စုစည်းမှုတွေကိုလဲ အရော့ခံလို့ မဖြစ်ဘူး။ ကိုယ့်တော်လှန်ရေးဝတ်ရုံခြုံပြီး ကိုယ်ကျိုးရှာနေတဲ့ ‘လောက်’ တွေအပေါ်လဲ အားကိုးစရာ ဘာ စောက်ကြောင်းမှ မရှိဘူး။ လူထုအပေါ်မျက်နှာမူတဲ့ တရား ရိုးရိုးသားသားဖြန့်ခင်းထားရင် ဘယ်နိုင်ငံရေး ဘယ်တော်လှန်ရေးမှ ဇာတ်ရှုပ်စရာ အကြောင်း

စိုးစိမျှမရှိဘူး။ ရှိစုမဲ့စု အသပြာနဲ့ နားကပ်ချွတ်ထည့်တဲ့ မြင်ကွင်းတွေက ဝမ်းနည်းပီတိဖြစ်ရုံသက်သက် အလှ ရိုက်ပြထားတဲ့ မှတ်တမ်းတွေလဲ မဟုတ်ဘူး။ တရားသောတော်လှန်ရေးအတွက် ဘဝပဲ့သွားတဲ့မိသားစုတွေ၊ အသက်မဲ့သွားတဲ့ ရုပ်ခန္ဓာတွေဟာ ကျုပ်တို့လူစုံရင် ပြောစရာရှိအောင် ထားခဲ့တဲ့ အမြည်းတွေမဟုတ်ဘူး။

စိတ်ထဲမှာ သေတဲ့အထိထည့်သွားရမယ့် ကဗ္ဗည်းတွေ။ click လား။ ထောက်ပို့လား။ မြေပြင်လား။ တော်လှန်စိတ်ကိုမြဲမြံ၊ ကျုပ်တို့တွေကြား တန်ဖိုးထားပြီး ခြောက်တဲ့လူတွေကိုရော ပေါင်းပြီးခြောက်တဲ့ ပုဂ္ဂိုလ်တွေကိုရော မခြောက်ခင်က ကြောက်ပြတဲ့ လူတွေကိုရော အားလုံးကို ဉာဏ်ရှိရှိနဲ့ အပြီးလှန်ရမယ့်ပွဲ” လို့

လင်းလင်း က သူ့ရဲ့လူမှု့ကွန်ယက်‌ စာမျက်နှာပေါ်ကနေ ရေးသားလိုက်တာပဲ ဖြစ်ပါတယ်။ ဖတ်ရှုပေးတဲ့ ပရိတ်သတ်ကြီးလဲ သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

zawgyi

ပရိသတ္ေတြရဲ႕ အားေပးခ်စ္ခင္မူ႕ကို တစ္ခဲနက္ရရွိထားတဲ့ ဝါရင့္အဆိုေတာ္ လင္းလင္းကိုေတာ့ သီခ်င္းခ်စ္သူတိုင္း သိၾကလိမ့္မယ္ ထင္ပါတယ္ေနာ္။ ကိုယ္တိုင္ဖန္တီး သီဆိုထားတဲ့ သီခ်င္းေကာင္းမ်ားစြာ ထြက္ရွိထားၿပီး ေအာင္ျမင္ေက်ာ္ၾကားတဲ့ အဆိုေတာ္ႀကီးတစ္ဦး ျဖစ္ပါတယ္။

ဒါ့အျပင္ မင္းသမီး ခ်စ္သုေဝနဲ႕ အိမ္ေထာင္တစ္ခုကို ထူေထာင္ထားၿပီး ခ်စ္ဖို႔ေကာင္းတဲ့ အမႊာသမီးေလးႏွစ္ဦးကို ပိုင္ဆိုင္ထားပါတယ္။ လက္ရွိ နိုင္ငံေရးအေျခအေနေၾကာင့္ တိမ္းေရွာင္ေနရေပမယ့္ က်ရာတာဝန္ေတြကို တတ္နိုင္တဲ့ဘက္ကေန ထမ္းေဆာင္ေနပါတယ္။ လူ႕အသိုင္းအဝိုင္းကေန ျပတ္ျပတ္သားသား ဖယ္ခြါ ဆန႔္က်င္ရမယ့္ အၾကမ္းဖက္စစ္တပ္အႏြယ္ဝင္

သက္ရွိ သက္မဲ့ အားလုံးကို နင္းေခ်ရမယ့္အလုပ္ နဲနဲမွ ေလွ်ာ့လို႔မရဘူး။ ရွိရင္းစြဲ စုစည္းမႈေတြကိုလဲ အေရာ့ခံလို႔ မျဖစ္ဘူး။ ကိုယ့္ေတာ္လွန္ေရးဝတ္႐ုံၿခဳံၿပီး ကိုယ္က်ိဳးရွာေနတဲ့ ေလာက္ ေတြအေပၚလဲ အားကိုးစရာ ဘာ ေစာက္ေၾကာင္းမွ မရွိဘူး။ လူထုအေပၚမ်က္ႏွာမူတဲ့ တရား ရိုးရိုးသားသားျဖန႔္ခင္းထားရင္ ဘယ္နိုင္ငံေရး ဘယ္ေတာ္လွန္ေရးမွ ဇာတ္ရႈပ္စရာ အေၾကာင္း

စိုးစိမွ်မရွိဘူး။ ရွိစုမဲ့စု အသျပာနဲ႕ နားကပ္ခြၽတ္ထည့္တဲ့ ျမင္ကြင္းေတြက ဝမ္းနည္းပီတိျဖစ္႐ုံသက္သက္ အလွ ရိုက္ျပထားတဲ့ မွတ္တမ္းေတြလဲ မဟုတ္ဘူး။ တရားေသာေတာ္လွန္ေရးအတြက္ ဘဝပဲ့သြားတဲ့မိသားစုေတြ၊ အသက္မဲ့သြားတဲ့ ႐ုပ္ခႏၶာေတြဟာ က်ဳပ္တို႔လူစုံရင္ ေျပာစရာရွိေအာင္ ထားခဲ့တဲ့ အျမည္းေတြမဟုတ္ဘူး။

စိတ္ထဲမွာ ေသတဲ့အထိထည့္သြားရမယ့္ ကဗၺည္းေတြ။ click လား။ ေထာက္ပို႔လား။ ေျမျပင္လား။ ေတာ္လွန္စိတ္ကိုၿမဲၿမံ၊ က်ဳပ္တို႔ေတြၾကား တန္ဖိုးထားၿပီး ေျခာက္တဲ့လူေတြကိုေရာ ေပါင္းၿပီးေျခာက္တဲ့ ပုဂၢိုလ္ေတြကိုေရာ မေျခာက္ခင္က ေၾကာက္ျပတဲ့ လူေတြကိုေရာ အားလုံးကို ဉာဏ္ရွိရွိနဲ႕ အၿပီးလွန္ရမယ့္ပြဲ လို႔

လင္းလင္း က သူ႕ရဲ႕လူမႈ႕ကြန္ယက္ စာမ်က္ႏွာေပၚကေန ေရးသားလိုက္တာပဲ ျဖစ္ပါတယ္။ ဖတ္ရႈေပးတဲ့ ပရိတ္သတ္ႀကီးလဲ သာယာေပ်ာ္႐ႊင္တဲ့ ေန႕ေလးတစ္ေန႕ကို ပိုင္ဆိုင္နိုင္ပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္ေနာ္။

(Visited 72 times, 1 visits today)

Be the first to comment

Leave a comment

Your email address will not be published.


*