နေတာကြာလာတော့ ကိုယ့်ကိုယ်ကို ခြံ​စောင့်ဆိုတာ မေ့သွားခဲ့ပြီး ကိုယ့်ခြံလို့ထင်သွားတဲ့ ခြံစောင့်

unicode

ကိုယ်တွေ့ဖြစ်ရပ်လေးပါ…. ကျနော့် သူငယ်ချင်းဟာ ပြင်ဦးလွင်မှာ ခြံတစ်ခြံရှိခဲ့ပါတယ်။ ခြံထဲမှာ အသင့်နေလို့ရတဲ့ အိမ်တလုံးလည်း ပါတယ်။ ငွေပို ငွေလျှံ ရှိလို့သာ ဝယ်ထားလိုက်တာ သူတို့သွားလည်းမနေနိုင်ကြပါဘူး။ ဒါနဲ့ပဲ လူတယောက်ကို ခြံစောင့်အဖြစ်ငှားပြီး ထားလိုက်ပါတယ်။

ခြံစောင့်က ပထမတော့ သူတယောက်တည်းပေမယ့် သူ့မိသားစုပါ ခေါ်ထားပါရစေ ဆိုလို့ သူငယ်ချင်းက ခွင့်ပြုပေးခဲ့ပါတယ်။ ဒါ့အပြင် သူငယ်ချင်းက အိမ်မှာ လိုအပ်တဲ့ TV, ဆက်တီ မီးဖိုချောင်သုံး ပစ္စည်းတွေပါ ဝယ်ထည့်ပေးထားတော့ သူတို့မိသားစု ရေကန်အသင့် ကြာအသင့်ပေါ့။

ပြီးရင် သူတို့ကို သူငယ်ချင်းက လစာပေးရသေးတယ်။ အဲ့လိုနဲ့နေလာလိုက်တာ နှစ်တွေ တော်တော်လေးကြာလာတော့ သူငယ်ချင်းကလည်း သုံးလေးနှစ်နေလို့မှ တခေါက်တောင် မရောက်ဖြစ် အနီးပတ်ဝန်းကျင်က လူတွေကလည်း သူတို့ပိုင်တာလို့ ထင်ကြတယ်။

ဗိုလ်လောင်း ဆင်းပွဲတွေ ဘာတွေရှိရင် အခန်းတွေ ဘာတွေ ဌားစားလိုက်သေးတယ်။ ဒီလိုနဲ့ ကြာလာတော့ သူတို့စိတ်ထဲမှာ သူများဥစ္စာ ကိုယ့်ဥစ္စာ ထင်လာကော။ တရက်မှာတော့ ဝယ်လက်နဲ့ ဆရာသမားတို့ အဲ့ဒီခြံကိစ္စ အရောင်းအဝယ်လုပ်ဖို့ စီစဉ်ကြတာပေါ့။

စရံယူပြီး ရှင်းလင်းစရာရှိတာ ရှင်းလင်းဖို့ ပြင်ဦးလွင်ကို သွားတော့ ခြံစောင့်မိသားစုက ဖယ်မပေးနိုင်ပါဘူး လုပ်ရော။ ဖယ်ပေးစေချင်ရင် သိန်းနှစ်ထောင်ကျော်တန် ခြံနဲ့အိမ် ဝယ်ပေးရမယ် ဖြစ်လာရောဗျာ။

ဒါ့အပြင် မြေစာရင်းမှာ ဂရံသွားထုတ်တော့ သူတို့က ဂရံထုတ်ပြီး ပေါင်ထားလေရဲ့ (ဝန်ထမ်းနှင့်ပူးပေါင်းပြီး) ပြီးတော့သူငယ်ချင်းက ခများတို့ကို ခြံစောင့်ငှားထားတာလေလို့ ပြောတော့ ဘာအထောက်အထားရှိလဲပြ ၊ သူတို့ကို လူရှေ့သူရှေ့မှာ ခြံစောင့်လို့ပြောလို့ သိက္ခာကျတယ်။ တိုင်မယ် တောမယ် ရိုက်မယ် ပုတ်မယ် ဖြစ်ကုန်ရော။

ကျနော့်သူငယ်ချင်းလည်း တော်တော်ရှင်းလိုက်ရတယ်။ နှစ်ပေါင်းများစွာ သူများအိမ်ထဲ ကိုယ်ပိုင်လို ဝင်နေရတော့ သူတို့ဟာ ခြံစောင့်ဆိုတာ မေ့သွားပုံရတယ်။ သူတို့ဟာ ခြံစောင့်ဆိုတာ မေ့သွားခဲ့ပါတယ်ဗျာ။

zawgyi

ကိုယ္ေတြ႕ျဖစ္ရပ္ေလးပါ…. က်ေနာ့္ သူငယ္ခ်င္းဟာ ျပင္ဦးလြင္မွာ ၿခံတစ္ၿခံရွိခဲ့ပါတယ္။ ၿခံထဲမွာ အသင့္ေနလို႔ရတဲ့ အိမ္တလုံးလည္း ပါတယ္။ ေငြပို ေငြလွ်ံ ရွိလို႔သာ ဝယ္ထားလိုက္တာ သူတို႔သြားလည္းမေနနိုင္ၾကပါဘူး။ ဒါနဲ႕ပဲ လူတေယာက္ကို ၿခံေစာင့္အျဖစ္ငွားၿပီး ထားလိုက္ပါတယ္။

ၿခံေစာင့္က ပထမေတာ့ သူတေယာက္တည္းေပမယ့္ သူ႕မိသားစုပါ ေခၚထားပါရေစ ဆိုလို႔ သူငယ္ခ်င္းက ခြင့္ျပဳေပးခဲ့ပါတယ္။ ဒါ့အျပင္ သူငယ္ခ်င္းက အိမ္မွာ လိုအပ္တဲ့ TV, ဆက္တီ မီးဖိုေခ်ာင္သုံး ပစၥည္းေတြပါ ဝယ္ထည့္ေပးထားေတာ့ သူတို႔မိသားစု ေရကန္အသင့္ ၾကာအသင့္ေပါ့။

ၿပီးရင္ သူတို႔ကို သူငယ္ခ်င္းက လစာေပးရေသးတယ္။ အဲ့လိုနဲ႕ေနလာလိုက္တာ ႏွစ္ေတြ ေတာ္ေတာ္ေလးၾကာလာေတာ့ သူငယ္ခ်င္းကလည္း သုံးေလးႏွစ္ေနလို႔မွ တေခါက္ေတာင္ မေရာက္ျဖစ္ အနီးပတ္ဝန္းက်င္က လူေတြကလည္း သူတို႔ပိုင္တာလို႔ ထင္ၾကတယ္။

ဗိုလ္ေလာင္း ဆင္းပြဲေတြ ဘာေတြရွိရင္ အခန္းေတြ ဘာေတြ ဌားစားလိုက္ေသးတယ္။ ဒီလိုနဲ႕ ၾကာလာေတာ့ သူတို႔စိတ္ထဲမွာ သူမ်ားဥစၥာ ကိုယ့္ဥစၥာ ထင္လာေကာ။ တရက္မွာေတာ့ ဝယ္လက္နဲ႕ ဆရာသမားတို႔ အဲ့ဒီၿခံကိစၥ အေရာင္းအဝယ္လုပ္ဖို႔ စီစဥ္ၾကတာေပါ့။

စရံယူၿပီး ရွင္းလင္းစရာရွိတာ ရွင္းလင္းဖို႔ ျပင္ဦးလြင္ကို သြားေတာ့ ၿခံေစာင့္မိသားစုက ဖယ္မေပးနိုင္ပါဘူး လုပ္ေရာ။ ဖယ္ေပးေစခ်င္ရင္ သိန္းႏွစ္ေထာင္ေက်ာ္တန္ ၿခံနဲ႕အိမ္ ဝယ္ေပးရမယ္ ျဖစ္လာေရာဗ်ာ။

ဒါ့အျပင္ ေျမစာရင္းမွာ ဂရံသြားထုတ္ေတာ့ သူတို႔က ဂရံထုတ္ၿပီး ေပါင္ထားေလရဲ႕ (ဝန္ထမ္းႏွင့္ပူးေပါင္းၿပီး) ၿပီးေတာ့သူငယ္ခ်င္းက ခမ်ားတို႔ကို ၿခံေစာင့္ငွားထားတာေလလို႔ ေျပာေတာ့ ဘာအေထာက္အထားရွိလဲျပ ၊ သူတို႔ကို လူေရွ႕သူေရွ႕မွာ ၿခံေစာင့္လို႔ေျပာလို႔ သိကၡာက်တယ္။ တိုင္မယ္ ေတာမယ္ ရိုက္မယ္ ပုတ္မယ္ ျဖစ္ကုန္ေရာ။

က်ေနာ့္သူငယ္ခ်င္းလည္း ေတာ္ေတာ္ရွင္းလိုက္ရတယ္။ ႏွစ္ေပါင္းမ်ားစြာ သူမ်ားအိမ္ထဲ ကိုယ္ပိုင္လို ဝင္ေနရေတာ့ သူတို႔ဟာ ၿခံေစာင့္ဆိုတာ ေမ့သြားပုံရတယ္။ သူတို႔ဟာ ၿခံေစာင့္ဆိုတာ ေမ့သြားခဲ့ပါတယ္ဗ်ာ။

(Visited 140 times, 1 visits today)

Be the first to comment

Leave a comment

Your email address will not be published.


*