ပိုက်ဆံချေးထားပြီး ပြန်မဆပ်ပဲ တိုင်ချင်ရာတိုင်ဆိုပြီး ပြောလာခဲ့ရင်…

unicode

ခင်မင်လို့ပဲဖြစ်ဖြစ် တခြားသောအကြောင်းတွေကြောင့်ပဲဖြစ်ဖြစ် ပိုက်ဆံချေးထားမိတဲ့ သူများအတွက် သိထားသင့်တာလေးတွေ ကိုယ်ချင်းစာလို့ ပြန်လည်မျှဝေပေးလိုက်ပါတယ်။ ပိုက်ဆံချေးထားမိလို့ ဆပ်မယ့်သူက မဆပ်နိုင်ဘူး ကြိုက်တဲ့နေရာတိုင်လို့ပြောလာရင် ဒီစာကိုဖတ်ပြီး ရဲရဲတောင်းလို့ရပါပြီ။ မဆပ်နိုင်ဘူး ကြိုက်တဲ့နေရာတိုင် ခင်ဗျားတို့ငွေတိုးချေးစားထားတာ ကျုပ်တို့တိုင်လိုက်ရင် ထောင်ထဲ (၅) နှစ်ရောက်သွားမယ်။ စသည်ဖြင့် ဒီလိုစကားတွေ ခဏခဏကြားနေရပါတယ်။ ဘယ်သူက စလိုက်တယ်တော့မသိပါဘူး။

ဒီစကားလေးက ငွေချေးပြီး ပြန်မဆပ်ချင်သူတွေရဲ့ လက်သုံးစကား လက်နက်ကြီးတစ်ခုလိုဖြစ်လို့နေပါပြီ။ ဒီတော့ ငွေရှင်ဆိုတာလည်းလည်း အတိုးလေးရလို့ချေးမိတာ။ အခုပြန်တောင်းတော့ တချိန်က မျက်နှာငယ်လေးနဲ့ ကိုယ့်ဆီက ငွေချေးခဲ့တဲ့ သူကအခုတော့ မျက်နာထားကြီးတင်းပြီး ကိုယ်ကပဲ သူဆီက ပြန်ချေးနေသလိုလို မျိုးတွေနဲ့ ကြုံတွေနေကြပါတယ်။ ဒီလိုတောင်းလို့မရရင် တရားစွဲတောင်းမယ်လို့ စိတ်ထဲက ပြင်ထား ပေမယ့် တစ်ဖက်က အတိုးပါတဲ့အတွက် ထောင် (၅) နှစ်ချလို့ရတယ်လို့ ပြောလာတော့ စိတ်ထဲမှာချေးထားမိတဲ့ငွေ ကူညီပေးထားတဲ့ငွေလေး ပြန်မရနိုင်တော့ဘူးလားဆိုပြီး သောကအပူတွေပါ ဖြစ်။

အတိုးပါရင် ထောင် (၅) နှစ်ထိ ချလို့ရတယ်ဆိုတာ ဥပဒေမှာမရှိဘူးလားဆိုတော့ အဲ့ဥပဒေကတကယ် ရှိပါတယ်။ ဒါပေမယ့် ဒါကိုခုတုံးလုပ်ပီး ငွေချေးသူတွေက ခြိမ်းခြောက်နေတာတွေ့ရတော့ ကိုယ့်ဆီမှာရှိစုမယ့် လစာလေးနဲ့ ငွေလေးနဲ့ ခင်လို့ဖြစ်စေ အတိုးနည်းနည်းရရင်လည်း မဆိုးပါဘူးဆိုပီး ထုတ်ချေးမိတဲ့ ငွေရှင်တွေခမျာ ဖွတ်မရ ဓားမဆုံး ဖြစ်မိတာတွေကို တွေ့ရလို့ ဒီစာလေးရေးရခြင်း ဖြစ်ပါတယ်။ ငွေချေးထားတဲ့ငွေရှင်တွေကိုပြောလိုတာက တစ်ဖက်ငွေချေးသူက ဒီလိုပြောလာရင် လုံးဝစိတ်မပူပါနဲ့။ မကြောက်ပါနဲ့။ မိမိချေးထားတဲ့ငွေတွေကို ရဲရဲဝံ့ဝံ့သာ ပြန်တောင်းပါ။ ပေးထားတဲ့ငွေရဲ့ အတိုးသာ မရရင်နေပါမယ်။ အရင်းကတော့သေချာပေါက် ပြန်ရပါတယ်။

ထောင် (၅) နှစ်ချလို့ရတယ်ဆိုတာက မိမိသည် ငွေတိုးချေးစားခွင့်လိုင်စင်မရှိပါပဲလျက် ငွေတိုးချေးစားခြင်းကို လုပ်ငန်းတစ်ခုအနေနဲ့ လုပ်ကိုင်သူကိုသာ ဆိုလိုခြင်းဖြစ်ပြီး မိတ်ဆွေကို ကူညီသည့်အနေဖြင့် တခါတရံငွေချေးပေးတဲ့သူတော့ မပါဝင်ပါ။ ဒါကြောင့် ငွေချေးပေးထားတာရှိရင် ရဲရဲသာတောင်းကြပါ မကြောက်ကြပါနဲ့။ အနည်းဆုံးအတိုးမရရင်တောင် အရင်းတော့ ပြန်ရအောင်တောင်းလို့ရတာမို့ စေတနာအပြည့် နဲ့တင်ပေးလိုက်ပါတယ်။ ပိုက်ဆံချေးထားပြီး ဆပ်မယ့်သူက ပြန်မဆပ်ပဲ တိုင်ချင်တဲ့နေရာ တိုင်ဆိုပြီးပြောလာရင် ဒီစာဖတ်ပြီး ရဲရဲသာတောင်းလိုက်ပါ။

zawgyi

ခင္မင္လို႔ပဲျဖစ္ျဖစ္ တျခားေသာအေၾကာင္းေတြေၾကာင့္ပဲျဖစ္ျဖစ္ ပိုက္ဆံေခ်းထားမိတဲ့ သူမ်ားအတြက္ သိထားသင့္တာေလးေတြ ကိုယ္ခ်င္းစာလို႔ ျပန္လည္မွ်ေဝေပးလိုက္ပါတယ္။ ပိုက္ဆံေခ်းထားမိလို႔ ဆပ္မယ့္သူက မဆပ္နိုင္ဘူး ႀကိဳက္တဲ့ေနရာတိုင္လို႔ေျပာလာရင္ ဒီစာကိုဖတ္ၿပီး ရဲရဲေတာင္းလို႔ရပါၿပီ။ မဆပ္နိုင္ဘူး ႀကိဳက္တဲ့ေနရာတိုင္ ခင္ဗ်ားတို႔ေငြတိုးေခ်းစားထားတာ က်ဳပ္တို႔တိုင္လိုက္ရင္ ေထာင္ထဲ (၅) ႏွစ္ေရာက္သြားမယ္။ စသည္ျဖင့္ ဒီလိုစကားေတြ ခဏခဏၾကားေနရပါတယ္။ ဘယ္သူက စလိုက္တယ္ေတာ့မသိပါဘူး။

ဒီစကားေလးက ေငြေခ်းၿပီး ျပန္မဆပ္ခ်င္သူေတြရဲ႕ လက္သုံးစကား လက္နက္ႀကီးတစ္ခုလိုျဖစ္လို႔ေနပါၿပီ။ ဒီေတာ့ ေငြရွင္ဆိုတာလည္းလည္း အတိုးေလးရလို႔ေခ်းမိတာ။ အခုျပန္ေတာင္းေတာ့ တခ်ိန္က မ်က္ႏွာငယ္ေလးနဲ႕ ကိုယ့္ဆီက ေငြေခ်းခဲ့တဲ့ သူကအခုေတာ့ မ်က္နာထားႀကီးတင္းၿပီး ကိုယ္ကပဲ သူဆီက ျပန္ေခ်းေနသလိုလို မ်ိဳးေတြနဲ႕ ႀကဳံေတြေနၾကပါတယ္။ ဒီလိုေတာင္းလို႔မရရင္ တရားစြဲေတာင္းမယ္လို႔ စိတ္ထဲက ျပင္ထား ေပမယ့္ တစ္ဖက္က အတိုးပါတဲ့အတြက္ ေထာင္ (၅) ႏွစ္ခ်လိဳ႕ရတယ္လို႔ ေျပာလာေတာ့ စိတ္ထဲမွာေခ်းထားမိတဲ့ေငြ ကူညီေပးထားတဲ့ေငြေလး ျပန္မရနိုင္ေတာ့ဘူးလားဆိုၿပီး ေသာကအပူေတြပါ ျဖစ္။

အတိုးပါရင္ ေထာင္ (၅) ႏွစ္ထိ ခ်လိဳ႕ရတယ္ဆိုတာ ဥပေဒမွာမရွိဘူးလားဆိုေတာ့ အဲ့ဥပေဒကတကယ္ ရွိပါတယ္။ ဒါေပမယ့္ ဒါကိုခုတုံးလုပ္ပီး ေငြေခ်းသူေတြက ၿခိမ္းေျခာက္ေနတာေတြ႕ရေတာ့ ကိုယ့္ဆီမွာရွိစုမယ့္ လစာေလးနဲ႕ ေငြေလးနဲ႕ ခင္လို႔ျဖစ္ေစ အတိုးနည္းနည္းရရင္လည္း မဆိုးပါဘူးဆိုပီး ထုတ္ေခ်းမိတဲ့ ေငြရွင္ေတြခမ်ာ ဖြတ္မရ ဓားမဆုံး ျဖစ္မိတာေတြကို ေတြ႕ရလို႔ ဒီစာေလးေရးရျခင္း ျဖစ္ပါတယ္။ ေငြေခ်းထားတဲ့ေငြရွင္ေတြကိုေျပာလိုတာက တစ္ဖက္ေငြေခ်းသူက ဒီလိုေျပာလာရင္ လုံးဝစိတ္မပူပါနဲ႕။ မေၾကာက္ပါနဲ႕။ မိမိေခ်းထားတဲ့ေငြေတြကို ရဲရဲဝံ့ဝံ့သာ ျပန္ေတာင္းပါ။ ေပးထားတဲ့ေငြရဲ႕ အတိုးသာ မရရင္ေနပါမယ္။ အရင္းကေတာ့ေသခ်ာေပါက္ ျပန္ရပါတယ္။

ေထာင္ (၅) ႏွစ္ခ်လိဳ႕ရတယ္ဆိုတာက မိမိသည္ ေငြတိုးေခ်းစားခြင့္လိုင္စင္မရွိပါပဲလ်က္ ေငြတိုးေခ်းစားျခင္းကို လုပ္ငန္းတစ္ခုအေနနဲ႕ လုပ္ကိုင္သူကိုသာ ဆိုလိုျခင္းျဖစ္ၿပီး မိတ္ေဆြကို ကူညီသည့္အေနျဖင့္ တခါတရံေငြေခ်းေပးတဲ့သူေတာ့ မပါဝင္ပါ။ ဒါေၾကာင့္ ေငြေခ်းေပးထားတာရွိရင္ ရဲရဲသာေတာင္းၾကပါ မေၾကာက္ၾကပါနဲ႕။ အနည္းဆုံးအတိုးမရရင္ေတာင္ အရင္းေတာ့ ျပန္ရေအာင္ေတာင္းလို႔ရတာမို႔ ေစတနာအျပည့္ နဲ႕တင္ေပးလိုက္ပါတယ္။ ပိုက္ဆံေခ်းထားၿပီး ဆပ္မယ့္သူက ျပန္မဆပ္ပဲ တိုင္ခ်င္တဲ့ေနရာ တိုင္ဆိုၿပီးေျပာလာရင္ ဒီစာဖတ္ၿပီး ရဲရဲသာေတာင္းလိုက္ပါ။

(Visited 29 times, 1 visits today)

Be the first to comment

Leave a comment

Your email address will not be published.


*