မျောက်ကျောက်ရောဂါ ကူးစက်ခံရသူတစ်ဦး စတင်တွေ့ရှိမှုကြောင့် ဘန်ကောက်မြို့ကို တပ်လှန့်ထား

unicode

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) မှ မျောက်ကျောက်ရောဂါကို စိုးရိမ်စရာလိုအပ်တဲ့ နိုင်ငံတကာ ပြည်သူ့ကျန်းမာရေး အရေးပေါ် အခြေအနေအဖြစ် ကြေညာခဲ့ပြီးတဲ့နောက် တနင်္လာနေ့က ဘန်ကောက်မြို့ အုပ်ချုပ်ရေးမှူး Chadchart Sittipunt က မျောက်ကျောက်ရောဂါအတွက် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ဖို့ မြို့တော်ခန်းမ၌ အမှုဆောင်များ အစည်းအဝေး ခေါ်ယူခဲ့ပါတယ်။

ဘန်ကောက်မြို့တော်ခန်းမဟာ နိုင်ငံခြားခရီးသွားများ အများအပြားစုဝေးရာနေရာများအပါအဝင် မြို့တော်ရှိ အန္တရာယ်ရှိနေရာများတွင် မျောက်ကျောက်ရောဂါကူးစက်မှုများအတွက် အထူးသတိပေးထားပါတယ်။ တွေ့ဆုံပွဲအပြီးမှာတော့ Mr Chadchart မှ ကျန်းမာရေးဝန်ထမ်းများအား ရောဂါအကြောင်း ပညာပေးသွားမှာဖြစ်ပြီး

ဘန်ကောက်ရှိ ကျန်းမာရေးဝန်ဆောင်မှုဌာနများ၊ ဆေးခန်းများနှင့် ဆေးရုံများမှာ ရောဂါကူးစက်ခံရတယ်လို့ သံသယရှိသူတိုင်းကို သတိထားစောင့်ကြည့်ကြဖို့ ညွှန်ကြားထားကြောင်း သိရပါတယ်။ထိုင်းဟိုတယ်များအသင်းကလည်း ဘန်ကောက်ရှိ ဟိုတယ်များအားလုံးကို မျောက်ကျောက်ရောဂါ သံသယရှိသူများကို စောင့်ကြည့်ဖို့တဲ့ မြို့တော်ခန်းမနဲ့ ခရိုင်ရုံးများသို့ သတင်းပို့ဖို့ အကြောင်းကြားသွားမှာ ဖြစ်ကြောင်း Mr Chadchart က ပြောကြားခဲ့ပါတယ်။

မြို့တော်ရှိ ဆေးဆိုင်များကိုလည်း အလားတူ ဆောင်ရွက်ပေးမှာဖြစ်ပြီး ဘန်ကောက်မှာ မျောက်ရောဂါ ဖြစ်ပွားမှု မရှိသေးဘူး” လို့ မစ္စတာ Chadchart က ပြောထားပါတယ်။ WHO ရဲ့ ကြေညာချက်ကို တုံ့ပြန်တဲ့အနေဖြင့် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စောင့်ကြည့်စစ်ဆေးခြင်းများကိုလုပ်ဖို့ တနင်္ဂနွေနေ့မှာ ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ အခုထုတ်ပြန်ချက်တွေဟာ ပြီးခဲ့တဲ့ အပတ်က နိုင်ငံရဲ့ ပထမဆုံးမျောက်ကျောက် case လို့ယူဆရတဲ့ နိုင်းဂျီးရီးယားနိုင်ငံသား တစ်ဦး

အိမ်နီးချင်း ကမ္ဘောဒီးယားသို့ ထွက်ပြေးသွားပြီးနောက် ထုတ်ပြန်လာတာဖြစ်ပါတယ်။ Sa Kaeo ရှိ လူဝင်မှုကြီးကြပ်ရေးရုံး အကြီးအကဲ Pol Col Col Rung Thongmon က ကမ္ဘောဒီးယား အာဏာပိုင်များက နိုင်ဂျီးရီးယား အမျိုးသားအား ဖနွမ်းပင်မြို့ရှိ ဆေးရုံတွင် မျောက်ကျောက်ရောဂါဖြင့် ဆေးကုသမှု ခံယူနေရကြောင်း ပြန်လည်သက်သာလာပြီးနောက် ကမ္ဘောဒီးယားတရားရုံးတွင် တရားမ၀င်ဝင်ရောက်မှုဖြင့် တရားစွဲခံရမည်ဖြစ်ကြောင်း ပြောထားပါတယ်။

ထိုင်းအာဏာပိုင်တွေကတော့ အဆိုပါနိုင်ဂျီးယားနိုင်ငံသားနဲ့ အနီးကပ်ထိတွေ့ခဲ့သူတွေကို စုံစမ်းလျက်ရှိနေပြီး ထိတွေ့ခဲ့သူတွေအနေနဲ့ လာရောက်ဆေးစစ်ခံဖို့ တိုက်တွန်းထားပါတယ်။ နိုင်ဂျီးရီးယားနိုင်ငံသားကိစ္စနှင့် ဆက်နွှယ်တဲ့ နောက်ထပ်ကူးစက်မှု ထပ်မံတွေ့ရှိခြင်းမရှိသော်လည်း ဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာက ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနနှင့် ဆက်စပ်အေဂျင်စီများကို သတိထားဖို့နဲ့

အထူးသဖြင့် အန္တရာယ်ရှိသောနိုင်ငံများမှ ရောက်ရှိလာသူများကို စောင့်ကြည့်ရန် လူဝင်မှု ကြီးကြပ်ရေးဗျူရိုအား ညွှန်ကြားထားကြောင်း အစိုးရပြောရေးဆိုခွင့်ရှိသူက တနင်္လာနေ့က ပြောကြားထားပါတယ်။ ဖတ်ရှုပေးတဲ့ ပရိတ်သတ်ကြီးလဲ သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

zawgyi

ကမၻာ့က်န္းမာေရးအဖြဲ႕ (WHO) မွ ေမ်ာက္ေက်ာက္ေရာဂါကို စိုးရိမ္စရာလိုအပ္တဲ့ နိုင္ငံတကာ ျပည္သူ႕က်န္းမာေရး အေရးေပၚ အေျခအေနအျဖစ္ ေၾကညာခဲ့ၿပီးတဲ့ေနာက္ တနလၤာေန႕က ဘန္ေကာက္ၿမိဳ႕ အုပ္ခ်ဳပ္ေရးမႉး Chadchart Sittipunt က ေမ်ာက္ေက်ာက္ေရာဂါအတြက္ ႀကိဳတင္ျပင္ဆင္မႈမ်ား ျပဳလုပ္ဖို႔ ၿမိဳ႕ေတာ္ခန္းမ၌ အမႈေဆာင္မ်ား အစည္းအေဝး ေခၚယူခဲ့ပါတယ္။

ဘန္ေကာက္ၿမိဳ႕ေတာ္ခန္းမဟာ နိုင္ငံျခားခရီးသြားမ်ား အမ်ားအျပားစုေဝးရာေနရာမ်ားအပါအဝင္ ၿမိဳ႕ေတာ္ရွိ အႏၱရာယ္ရွိေနရာမ်ားတြင္ ေမ်ာက္ေက်ာက္ေရာဂါကူးစက္မႈမ်ားအတြက္ အထူးသတိေပးထားပါတယ္။ ေတြ႕ဆုံပြဲအၿပီးမွာေတာ့ Mr Chadchart မွ က်န္းမာေရးဝန္ထမ္းမ်ားအား ေရာဂါအေၾကာင္း ပညာေပးသြားမွာျဖစ္ၿပီး

ဘန္ေကာက္ရွိ က်န္းမာေရးဝန္ေဆာင္မႈဌာနမ်ား၊ ေဆးခန္းမ်ားႏွင့္ ေဆး႐ုံမ်ားမွာ ေရာဂါကူးစက္ခံရတယ္လို႔ သံသယရွိသူတိုင္းကို သတိထားေစာင့္ၾကည့္ၾကဖို႔ ၫႊန္ၾကားထားေၾကာင္း သိရပါတယ္။ထိုင္းဟိုတယ္မ်ားအသင္းကလည္း ဘန္ေကာက္ရွိ ဟိုတယ္မ်ားအားလုံးကို ေမ်ာက္ေက်ာက္ေရာဂါ သံသယရွိသူမ်ားကို ေစာင့္ၾကည့္ဖို႔တဲ့ ၿမိဳ႕ေတာ္ခန္းမနဲ႕ ခရိုင္႐ုံးမ်ားသို႔ သတင္းပို႔ဖို႔ အေၾကာင္းၾကားသြားမွာ ျဖစ္ေၾကာင္း Mr Chadchart က ေျပာၾကားခဲ့ပါတယ္။

ၿမိဳ႕ေတာ္ရွိ ေဆးဆိုင္မ်ားကိုလည္း အလားတူ ေဆာင္႐ြက္ေပးမွာျဖစ္ၿပီး ဘန္ေကာက္မွာ ေမ်ာက္ေရာဂါ ျဖစ္ပြားမႈ မရွိေသးဘူး လို႔ မစၥတာ Chadchart က ေျပာထားပါတယ္။ WHO ရဲ႕ ေၾကညာခ်က္ကို တုံ႕ျပန္တဲ့အေနျဖင့္ တစ္နိုင္ငံလုံးအတိုင္းအတာျဖင့္ ေစာင့္ၾကည့္စစ္ေဆးျခင္းမ်ားကိုလုပ္ဖို႔ တနဂၤႏြေေန႕မွာ ျပည္သူ႕က်န္းမာေရးဝန္ႀကီးဌာနက ထုတ္ျပန္ခဲ့တာျဖစ္ပါတယ္။ အခုထုတ္ျပန္ခ်က္ေတြဟာ ၿပီးခဲ့တဲ့ အပတ္က နိုင္ငံရဲ႕ ပထမဆုံးေမ်ာက္ေက်ာက္ case လို႔ယူဆရတဲ့ နိုင္းဂ်ီးရီးယားနိုင္ငံသား တစ္ဦး

အိမ္နီးခ်င္း ကေမၻာဒီးယားသို႔ ထြက္ေျပးသြားၿပီးေနာက္ ထုတ္ျပန္လာတာျဖစ္ပါတယ္။ Sa Kaeo ရွိ လူဝင္မႈႀကီးၾကပ္ေရး႐ုံး အႀကီးအကဲ Pol Col Col Rung Thongmon က ကေမၻာဒီးယား အာဏာပိုင္မ်ားက နိုင္ဂ်ီးရီးယား အမ်ိဳးသားအား ဖႏြမ္းပင္ၿမိဳ႕ရွိ ေဆး႐ုံတြင္ ေမ်ာက္ေက်ာက္ေရာဂါျဖင့္ ေဆးကုသမႈ ခံယူေနရေၾကာင္း ျပန္လည္သက္သာလာၿပီးေနာက္ ကေမၻာဒီးယားတရား႐ုံးတြင္ တရားမ၀င္ဝင္ေရာက္မႈျဖင့္ တရားစြဲခံရမည္ျဖစ္ေၾကာင္း ေျပာထားပါတယ္။

ထိုင္းအာဏာပိုင္ေတြကေတာ့ အဆိုပါနိုင္ဂ်ီးယားနိုင္ငံသားနဲ႕ အနီးကပ္ထိေတြ႕ခဲ့သူေတြကို စုံစမ္းလ်က္ရွိေနၿပီး ထိေတြ႕ခဲ့သူေတြအေနနဲ႕ လာေရာက္ေဆးစစ္ခံဖို႔ တိုက္တြန္းထားပါတယ္။ နိုင္ဂ်ီးရီးယားနိုင္ငံသားကိစၥႏွင့္ ဆက္ႏႊယ္တဲ့ ေနာက္ထပ္ကူးစက္မႈ ထပ္မံေတြ႕ရွိျခင္းမရွိေသာ္လည္း ဝန္ႀကီးခ်ဳပ္ ပရာယြတ္ခ်န္အိုခ်ာက ျပည္သူ႕က်န္းမာေရးဝန္ႀကီးဌာနႏွင့္ ဆက္စပ္ေအဂ်င္စီမ်ားကို သတိထားဖို႔နဲ႕

အထူးသျဖင့္ အႏၱရာယ္ရွိေသာနိုင္ငံမ်ားမွ ေရာက္ရွိလာသူမ်ားကို ေစာင့္ၾကည့္ရန္ လူဝင္မႈ ႀကီးၾကပ္ေရးဗ်ဴရိုအား ၫႊန္ၾကားထားေၾကာင္း အစိုးရေျပာေရးဆိုခြင့္ရွိသူက တနလၤာေန႕က ေျပာၾကားထားပါတယ္။ ဖတ္ရႈေပးတဲ့ ပရိတ္သတ္ႀကီးလဲ သာယာေပ်ာ္႐ႊင္တဲ့ ေန႕ေလးတစ္ေန႕ကို ပိုင္ဆိုင္နိုင္ပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္ေနာ္။

(Visited 12 times, 1 visits today)

Be the first to comment

Leave a comment

Your email address will not be published.


*