ရန်ရန်ချမ်း ပြောပြလာခဲ့တဲ့ ငယ်သူငယ်ချင်း ဖြိုးဇေယျာသော်ရဲ့ ငယ်ဘဝအမှတ်တရ

unicode

ပရိတ်သတ်ကြီးရေ ဟစ်ဟော့ပ်လောကမှာ နာမည်ကြီးလူသိများတဲ့ အဆိုတော် ရန်ရန်ချမ်း ကိုတော့ အားလုံးပဲ သိကြမှာပါပဲနော်။ သူကတော့ လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအခြေအနေတွေမှာ ပြည်သူတွေနဲ့အတူ ပူးပေါင်းပါဝင်ခဲ့တဲ့ အဆိုတော်တစ်ဦးပဲ ဖြစ်ပါတယ်။ ဒါကြောင့် ရန်ရန်ချမ်း ကိုတော့ ပုဒ်မ ၅၀၅ က နဲ့ တရားစွဲဆိုခံထားရပြီးနောက် ထွက်ပြေးတိမ်းရှောင်နေတာပဲဖြစ်ပါတယ်။ အဆိုတော် ရန်ရန်ချမ်း ကတော့ ငယ်သူငယ်ချင်းတွေဖြစ်တဲ့ ဖြိုးဇေယျာသော်ရဲ့ ငယ်ဘဝအမှတ်တရများကို ပြောပြခဲ့တဲ့ သတင်းလေးကို ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်။

“မောင်ကျော်(ဇေယျာသော်) နဲ့က ငယ်ငယ်ထဲကတစ်လမ်းထဲ တစ်ကျောင်းထဲ ဒါမဲ့ ဒီကောင်က နှစ်တန်းငယ်တယ် ကိုယ်က ရွယ်တူတွေနဲ့လည်းပေါင်းသလို ဒီကောင်တွေ အတန်းကကောင်တွေနဲ့လည်း ပေါင်းတယ်။ အဲ့ခေတ်က ကျောင်းပြေးတာတွေ ခေတ်စားပေမဲ့ ကျွန်တော်တို့ ကျောင်းမပြေးခဲ့ဖူးဘူး ဘာလို့ဆို အိမ်ကနေ လမ်းကူးရင်ကျောင်း ကျောင်းကနေ လမ်းကူးရင်အိမ်ဆိုတော့ ပိုဆိုးတာက ကျောင်းကို စောင့်ရှောက်ရတဲ့ တစ်မိသားစုလုံးနဲ့က တစ်လမ်းထဲသားတွေလို ဖြစ်နေတော့ကိုယ်တွေ အတွက်က ပင်ပန်းခံပြီးကျောင်းခြံစည်းရိုးကို ပုဆိုးအပြဲခံပြီး ခွကျော်စရာမလိုဘူး

တံခါးလေးဖွင့်ပြီး ထွက်လာရုံပဲ အဲ့တော့ကျောင်းပိတ်ရက်တို့ ဘာတို့ဆို ကိုယ့်‌ဘော်တာတွေရော ဒီကောင့်ဘော်ဒါတွေရောနဲ့ ချိန်းပြီး ရင်ပြင်တို့ ဘာတို့မှာ ရေကူးတာတို့ တစ်ခါတစ်လေ တိရစ္ဆာန်ရုံတို့ဘာတို့‌ လျှောက်ဂျလန်းကြတာပေါ့….. တစ်ခေါက် တိရစ္ဆာန်ရုံသွားကြတဲ့အခေါက်ကပေါ့ (ဒီနေရာမှာ စကားပုလ္လင်ခံချင်တာက ကိုယ့်ကောင်ရဲ့မင်းမလုပ်ရဲပါဘူးကွာ ဆိုရင် ကြံရည်ကြိတ်စက်ထဲတောင် လက်ထဲ့မဲ့ကောင်ဆိုတာကိုပဲ)

အကောင်ပလောင်တွေ ကြည့်တာနည်းနည်း နောက်ကြပြောင်ကြခွီကြတာများများ ဘရုတ်လျှောက်လုပ်ကြလို့အပြီး ကျားရုံတို့ခြင်္သေ့ရုံတို့အရှေ့အရောက်မှာ ဘယ်ကောင်ကစကြပ်လိုက်လည်းမသိဘူး ခြင်္သေ့နှုတ်ခမ်းမွှေး ဘယ်ကောင်နှုတ်ရဲလည်းဆိုတဲ့ တော်တော်လေးပြသာနာရှာတဲ့ စိန်ခေါ်မှုကိုလုပ်လိုက်ပါလေရော (ခင်ဗျားတို့သားတွေ ဆယ်ကျော်သက်အရွယ် zoo တွေဘာတွေ သွားမယ်ဆို သတိထားရအောင်ပါ)

ဘယ်ကောင်လက်ညှိုး‌ထောင်လိုက်မယ်ဆိုတာ ကြိုပြောစရာမလိုအောင် သိပြီးသားပဲ ဟုတ်.. ဟုတ်တယ် ခင်ဗျားတို့ထင်တဲ့ကောင်ပဲ ငါလုပ်ရဲတယ် ဆိုပြီး လက်သီးလက်မောင်းတန်းတော့တာပဲ ခြင်္သေ့လှောင်အိမ်ဆိုတာက သံတိုင်တွေနဲ့ထားတဲ့အပြင် သံတိုင်အတားနောက်တစ်ခုရှေ့မှာ ထားထားတာမျိုး အဲ့တုန်းက ခြင်္သေ့က လှောင်အိမ်ဒေါင့်အုတ်နဲ့ သံတိုင်နားမှာဝါးဒီးပေးပြီးငိုက်နေတဲ့အချိန် သံတိုင်အတားနဲ့ သံလှောင်အိမ်ကြားဝင်ရင်‌ ရုပ်ပေါက်မှာ ဆိုးတာ‌ရော လူကိုမြင်ရင်နိုးလာမှာ‌ရော ဆိုးတာနဲ့

အုတ်ကာနဲ့သံလှောင်အိမ်ဒေါင့်ကနေ သူနှိုက်မယ်ပေါ့ ဒါမဲ့လှမ်းနှိုက်ဖို့က မြင်တစ်ချက်မမြင်တစ်ချက်ဆို‌တော့ စွန့်စားခန်းကစပြီ….. သူလက်ချီပဲနှိုက်မယ်ဘေးကကောင်တွေက‌ off-road rally မောင်းရင်ဘေးက မြေပုံပြောပေးတဲ့သူတွေလို ပြောပေးတယ် ဟေ့ကောင် ဘယ်ဘက်နည်းနည်းရွှေ့ အပေါ်ဘက်တိုး ဟုတ်ပြီ မိပြီ နှုတ် ဘာညာအော်ပေးကြတာ တော်သေးတယ် ခြင်္သေ့ပါးစပ်ထဲ လက်မပါသွားသလို ခြင်္သေ့နှုတ်ခမ်မွှေးလည်း သူ့လက်ထဲမပါခဲ့ဘူး” လို့ ရန်ရန်ချမ်း ဟာ သူ့ရဲ့လူမှု့ကွန်ယက်ပေါ်မှာ ရေးသားထားပါတယ်။

zawgyi

ပရိတ္သတ္ႀကီးေရ ဟစ္ေဟာ့ပ္ေလာကမွာ နာမည္ႀကီးလူသိမ်ားတဲ့ အဆိုေတာ္ ရန္ရန္ခ်မ္း ကိုေတာ့ အားလုံးပဲ သိၾကမွာပါပဲေနာ္။ သူကေတာ့ လက္ရွိျဖစ္ေပၚေနတဲ့ နိုင္ငံေရးအေျခအေနေတြမွာ ျပည္သူေတြနဲ႕အတူ ပူးေပါင္းပါဝင္ခဲ့တဲ့ အဆိုေတာ္တစ္ဦးပဲ ျဖစ္ပါတယ္။ ဒါေၾကာင့္ ရန္ရန္ခ်မ္း ကိုေတာ့ ပုဒ္မ ၅၀၅ က နဲ႕ တရားစြဲဆိုခံထားရၿပီးေနာက္ ထြက္ေျပးတိမ္းေရွာင္ေနတာပဲျဖစ္ပါတယ္။ အဆိုေတာ္ ရန္ရန္ခ်မ္း ကေတာ့ ငယ္သူငယ္ခ်င္းေတြျဖစ္တဲ့ ၿဖိဳးေဇယ်ာေသာ္ရဲ႕ ငယ္ဘဝအမွတ္တရမ်ားကို ေျပာျပခဲ့တဲ့ သတင္းေလးကို ျပန္လည္တင္ဆက္ေပးလိုက္ပါတယ္။

“ေမာင္ေက်ာ္(ေဇယ်ာေသာ္) နဲ႕က ငယ္ငယ္ထဲကတစ္လမ္းထဲ တစ္ေက်ာင္းထဲ ဒါမဲ့ ဒီေကာင္က ႏွစ္တန္းငယ္တယ္ ကိုယ္က ႐ြယ္တူေတြနဲ႕လည္းေပါင္းသလို ဒီေကာင္ေတြ အတန္းကေကာင္ေတြနဲ႕လည္း ေပါင္းတယ္။ အဲ့ေခတ္က ေက်ာင္းေျပးတာေတြ ေခတ္စားေပမဲ့ ကြၽန္ေတာ္တို႔ ေက်ာင္းမေျပးခဲ့ဖူးဘူး ဘာလို႔ဆို အိမ္ကေန လမ္းကူးရင္ေက်ာင္း ေက်ာင္းကေန လမ္းကူးရင္အိမ္ဆိုေတာ့ ပိုဆိုးတာက ေက်ာင္းကို ေစာင့္ေရွာက္ရတဲ့ တစ္မိသားစုလုံးနဲ႕က တစ္လမ္းထဲသားေတြလို ျဖစ္ေနေတာ့ကိုယ္ေတြ အတြက္က ပင္ပန္းခံၿပီးေက်ာင္းၿခံစည္းရိုးကို ပုဆိုးအၿပဲခံၿပီး ခြေက်ာ္စရာမလိုဘူး

တံခါးေလးဖြင့္ၿပီး ထြက္လာ႐ုံပဲ အဲ့ေတာ့ေက်ာင္းပိတ္ရက္တို႔ ဘာတို႔ဆို ကိုယ့္ေဘာ္တာေတြေရာ ဒီေကာင့္ေဘာ္ဒါေတြေရာနဲ႕ ခ်ိန္းၿပီး ရင္ျပင္တို႔ ဘာတို႔မွာ ေရကူးတာတို႔ တစ္ခါတစ္ေလ တိရစ္ဆာန္႐ုံတို႔ဘာတို႔ ေလွ်ာက္ဂ်လန္းၾကတာေပါ့.. တစ္ေခါက္ တိရစ္ဆာန္႐ုံသြားၾကတဲ့အေခါက္ကေပါ့ (ဒီေနရာမွာ စကားပုလႅင္ခံခ်င္တာက ကိုယ့္ေကာင္ရဲ႕မင္းမလုပ္ရဲပါဘူးကြာ ဆိုရင္ ႀကံရည္ႀကိတ္စက္ထဲေတာင္ လက္ထဲ့မဲ့ေကာင္ဆိုတာကိုပဲ)

အေကာင္ပေလာင္ေတြ ၾကည့္တာနည္းနည္း ေနာက္ၾကေျပာင္ၾကခြီၾကတာမ်ားမ်ား ဘ႐ုတ္ေလွ်ာက္လုပ္ၾကလို႔အၿပီး က်ား႐ုံတို႔ျခေသၤ့႐ုံတို႔အေရွ႕အေရာက္မွာ ဘယ္ေကာင္ကစၾကပ္လိုက္လည္းမသိဘူး ျခေသၤ့ႏႈတ္ခမ္းေမႊး ဘယ္ေကာင္ႏႈတ္ရဲလည္းဆိုတဲ့ ေတာ္ေတာ္ေလးျပသာနာရွာတဲ့ စိန္ေခၚမႈကိုလုပ္လိုက္ပါေလေရာ (ခင္ဗ်ားတို႔သားေတြ ဆယ္ေက်ာ္သက္အ႐ြယ္ zoo ေတြဘာေတြ သြားမယ္ဆို သတိထားရေအာင္ပါ)

ဘယ္ေကာင္လက္ညွိုးေထာင္လိုက္မယ္ဆိုတာ ႀကိဳေျပာစရာမလိုေအာင္ သိၿပီးသားပဲ ဟုတ္.. ဟုတ္တယ္ ခင္ဗ်ားတို႔ထင္တဲ့ေကာင္ပဲ ငါလုပ္ရဲတယ္ ဆိုၿပီး လက္သီးလက္ေမာင္းတန္းေတာ့တာပဲ ျခေသၤ့ေလွာင္အိမ္ဆိုတာက သံတိုင္ေတြနဲ႕ထားတဲ့အျပင္ သံတိုင္အတားေနာက္တစ္ခုေရွ႕မွာ ထားထားတာမ်ိဳး အဲ့တုန္းက ျခေသၤ့က ေလွာင္အိမ္ေဒါင့္အုတ္နဲ႕ သံတိုင္နားမွာဝါးဒီးေပးၿပီးငိုက္ေနတဲ့အခ်ိန္ သံတိုင္အတားနဲ႕ သံေလွာင္အိမ္ၾကားဝင္ရင္ ႐ုပ္ေပါက္မွာ ဆိုးတာေရာ လူကိုျမင္ရင္နိုးလာမွာေရာ ဆိုးတာနဲ႕

အုတ္ကာနဲ႕သံေလွာင္အိမ္ေဒါင့္ကေန သူႏွိုက္မယ္ေပါ့ ဒါမဲ့လွမ္းႏွိုက္ဖို႔က ျမင္တစ္ခ်က္မျမင္တစ္ခ်က္ဆိုေတာ့ စြန႔္စားခန္းကစၿပီ.. သူလက္ခ်ီပဲႏွိုက္မယ္ေဘးကေကာင္ေတြက off-road rally ေမာင္းရင္ေဘးက ေျမပုံေျပာေပးတဲ့သူေတြလို ေျပာေပးတယ္ ေဟ့ေကာင္ ဘယ္ဘက္နည္းနည္းေ႐ႊ႕ အေပၚဘက္တိုး ဟုတ္ၿပီ မိၿပီ ႏႈတ္ ဘာညာေအာ္ေပးၾကတာ ေတာ္ေသးတယ္ ျခေသၤ့ပါးစပ္ထဲ လက္မပါသြားသလို ျခေသၤ့ႏႈတ္ခမ္ေမႊးလည္း သူ႕လက္ထဲမပါခဲ့ဘူး လို႔ ရန္ရန္ခ်မ္း ဟာ သူ႕ရဲ႕လူမႈ႕ကြန္ယက္ေပၚမွာ ေရးသားထားပါတယ္။

(Visited 151 times, 5 visits today)

Be the first to comment

Leave a comment

Your email address will not be published.


*