unicode
ပရိတ်သတ်ကြီးရေ မင်းသားချော ပိုင်တံခွန်ကတော့ နွေဦးတော်လှန်ရေးကြီးမှာ ပါဝင်ခဲ့လို့ ဖမ်းဆီးခံခဲ့ရပြီး ထောင်ကျခဲ့ရတာလည်း ဖြစ်ပါတယ်။ ပိုင်တံခွန်က မကြာသေးမီက လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွတ်လာခဲ့တာလည်း ဖြစ်ပါတယ်။
လက်ရှိမှာတော့ ပိုင်တံခွန်က အနုပညာအလုပ်တွေကို ဆက်တိုက်လုပ်နေပြီး ကြော်ငြာတွေလည်း ရိုက်ကူးနေပြီး ပုံမှန်လို ပြန်နေနေတာကြောင့် ပရိသတ်တွေရဲ့ ဝေဖန်မှုတစ်ချို့ကို ခံနေရတာလည်းဖြစ်ပါတယ်။ ဝေဖန်ခံနေရတာနဲ့ ပတ်သတ်ပြီး ပိုင်တံခွန်က
“ကျနော် ဒီအခြေနေမှာ ဘာမှ အကူညီ မပေးနိုင်တဲ့ အတွက် တောင်းပန်ပါတယ်။ အမြဲတမ်းတဖက်သားရဲ့ ခံစားချက်ကို ကျနော် အလေးထားခဲ့တယ်။ ကျနော်ရဲ့ ခံစားချက်တွေကို ဘယ်တော့မှ ရှေ့တန်းမတင်ခဲ့ဘူး.. ကျနော်ရဲ့ အစွမ်းအစနဲ့ လုပ်လို့မရတဲ့အရာ ဖြစ်တဲ့အတွက် နားလည်ပေးဖို့လဲ ကျနော် မတောင်းဆိုဘူး။
အခုချိန်မှာ ကျနော်လည်း ဝမ်းနည်းကြေကွဲရတယ်။ ပြည်သူတွေ သဘောအတိုင်း Boycott ဖြစ်ဖြစ် unfollow ဖြစ်ဖြစ် လုပ်မှ အဆင်ပြေမယ်ဆို အဲဒီအတိုင်း ကျနော့်ကို အပြစ်ပေးလို့ရတယ် အားလုံးကိုလည်း လေးစားလျှက်ပါ..” ဆိုပြီး ပြောလာတာပဲ ဖြစ်ပါတယ်နော်။
zawgyi
Be the first to comment