unicode
ပရိသတ်ကြီးရေ သရုပ်ဆောင် ရှင်မင်းဆက်ကတော့ MRTV 4 ရဲ့ ဇာတ်လမ်းတွဲတွေကနေ အနုပညာလောကထဲ ဝင်ရောက်လာခဲ့ပြီး ပရိတ်သတ်တွေရဲ့ အားပေးမှုကို ရရှိခဲ့တာလည်း ဖြစ်ပါတယ်။ သရုပ်ဆောင် ရှင်မင်းဆက်က ဟန်ဆောင် မျက်နှာဖုံးတွေနဲ့ မဖားတတ်လို့ ဇာတ်လမ်းတွဲတွေမှာ နေရာမရခဲ့ဘူး ဆိုပြီး ရင်ဖွင့်လာခဲ့တာလည်း ဖြစ်ပါတယ်။
ရှင်မင်းဆက်က “ဇာတ်ရုပ်တစ်ခုကို ကိုယ်တိုင်ထမ်းပိုးပြီး သရုပ်ဆောင်နိုင်ပါတယ်။ဖြတ်သန်းခဲ့တဲ့ အတွေ့အကြုံတွေလည်း ရှိပါတယ်။ ဒါပေမယ့် ကိုယ်တိုင်က အပေါင်းအသင်း လူမှုဆက်ဆံရေးညံ့တဲ့ အထဲပါတော့ နေရာရသင့်သလောက် မရဘူးလို့ထင်တယ်။ ဟန်ဆောင်မျက်နှာဖုံးတွေ မလုပ်တတ်ဘူး
ဒီတော့ ဇာတ်လမ်းတွေမှာ နေရာမရဘူး ဖြစ်ခဲ့တယ်” ဆိုပြီး ရင်ဖွင့်ထားတာလည်း ဖြစ်ပါတယ်။ ပရိတ်သတ်ကြီးကလဲ သရုပ်ဆောင် ရှင်မင်းဆက်ရဲ့ သရုပ်ဆောင်နိုင်မှုအပေါ် အမြင်လေးတွေ ဝေမျှခဲ့ကြပါအုန်းနော်။ ဖတ်ရှုပေးတဲ့ ပရိတ်သတ်ကြီးလဲ သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။
zawgyi
Be the first to comment