တောင်ကိုရီးယားမှာ ပထမဦးဆုံး K-POP အဖွဲ့ခေါင်းဆောင်အဖြစ် ရပ်တည်နေတဲ့ မြန်မာမလေး

unicode

ဆုနဒီစိုး ဟာ ဆိုရင် တောင်ကိုရီးယားမှာ ပထမဦးဆုံး K-POP အိုင်ဒေါ ခေါင်းဆောင်အဖြစ် ပွဲဦးထွက်ခဲ့တဲ့ မြန်မာနိုင်ငံသူလေး ဖြစ်ပါတယ်။ ဆုနဒီစိုးဟာ WinnerZone Entertainment နဲ့ စာ ချုပ် ချုပ်ထားတဲ့သူ ဖြစ်ပြီး Rumble-G အဖွဲ့ ခေါင်းဆောင်အဖြစ် ပွဲဦးထွက်လာခဲ့တဲ့သူပဲ ဖြစ်ပါတယ်။

အနုပညာ နာမည်ကို တောင်ကိုရီး ယားနာမည် DiDi (디디) အဖြစ်နဲ့ ပွဲဦးထွက်လာခဲ့တဲ့ ဆုနဒီစိုးဟာ တောင်ကိုရီးယားရဲ့ ပထမဦးဆုံး မြန်မာလူမျိုး ကေပေါ့အိုင် ဒေါ အဖွဲ့ဝင်တစ်ယောက် လည်း ဖြစ်ပါတယ်။ Rumble-G အဖွဲ့ဟာ (၂၀၂၁) ခုနှစ် ဇူလိုင်လ (၁၄) ရက်နေ့မှာ “Roopretelcham” ဆိုတဲ့ သီချင်းနဲ့

ပွဲဦးထွက်လာခဲ့တဲ့ အဖွဲ့ဖြစ်ပြီး အဖွဲ့ဝင် (၄) ဦးနဲ့ ဖွဲ့စည်း ထားတဲ့အဖွဲ့ ဖြစ်ပါတယ်။ Rumble-G အဖွဲ့ရဲ့ အဖွဲ့ခေါင်းဆောင် မြန်မာမလေး ဆုနဒီစိုးဟာ တောင်ကိုရီးယား တက္ကသိုလ်မှာ Media Arts ဘာသာရပ်နဲ့ ဘွဲ့ရခဲ့တဲ့သူ ဖြစ်ပါတယ်။ သူမက TOPIK စာမေးပွဲဖြေဆို အောင်မြင်ခဲ့ပြီး တောင်ကိုးရီးယားနိုင်ငံကို ရောက်ရှိခဲ့တာ ဖြစ်ပါတယ်။

DiDi က ကိုရီးယားနဲ့ အင်္ဂလိပ် ဘာသာစကားနှစ်မျိုးကို ကျွမ်းကျွမ်းကျင်ကျင်တတ်မြောက်ထားတဲ့ သူလေးဖြစ်ပြီး အဆိုပညာမှာရော အကပညာမှာပါ ထူးချွန်တဲ့သူတစ်ယောက် ဖြစ်ပါတယ်။ သူမရဲ့ အသက်က လက်ရှိမှာ (၂၄) နှစ် ရှိနေပြီပဲ ဖြစ်ပါတယ်။

တောင်ကိုးရီးယားနိုင်ငံမှာ ပထမဦးဆုံး ကေပေါ့အိုင်ဒေါ အဖြစ် ရပ်တည်နေတဲ့ မြန်မာမလေး ဆုနဒီစိုးအကြောင်းကို ဂုဏ်ယူစွာနဲ့ ဖော်ပြပေးလိုက်ပါတယ်နော်။ ဖတ်ရှုပေးတဲ့ ပရိတ်သတ်ကြီးလဲ သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

zawgyi






(Visited 106 times, 1 visits today)

Be the first to comment

Leave a comment

Your email address will not be published.


*