တေးသံရှင် စောဖိုးခွားတစ်ယောက်လဲ မတရား စီရင်တဲ့အထဲ ပါသွားပြီ ဆိုပြီး သတင်းတု သတင်းမှားများ ထွက်ပေါ်

unicode

လက်ရှိ အစိုးရကနေ သေဒဏ်ချထားတဲ့ နိုင်ငံရေးအကျဉ်းသားတွေထဲကမှ ကိုဖြိုးဇေယျာသော်၊ ကိုဂျင်မီ၊ ကိုလှမျိုးအောင်နဲ့ ကိုအောင်သူရဇော်တို့ကို ကျန်ခဲ့တဲ့ ဇူလိုင် (၂၃) ရက်နေ့က အင်းစိန်အကျဉ်းထောင်မှာ စီရင်ခဲ့ပြီးနောက် ဇူလိုင် (၂၆) ရက်နေ့တွင် သေဒဏ်ကျ နိုင်ငံရေးအကျဉ်းသား (၃) ဦးကို ထပ်မံစီရင်ခဲ့တဲ့ သတင်းများ ပေါ်ထွက်လာပါတယ်။ ဒီလိုသတင်းတွေ ထွက်ပေါ်လာပြီးနောက်မှာတော့ သေဒဏ်ချမှတ်ခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို

ထပ်မံစီရင်မယ့်သတင်းများ သဲ့သဲ့ထွက်ပေါ်လာပြီး စိုးရိမ်ပူပန်မှုများရှိနေချိန်တွင် “အဆိုတော် စောဖိုးခွား မတရားစီရင်တဲ့အထဲ ပါသွားပြီလို့ ကြားရတယ်” ဆိုတဲ့ သတင်းတွေ ဇူလိုင် (၂၇) ရက်နေ့မှာ ထွက်ပေါ်လာပါတယ်။ ဒီသတင်းကို မန္တလာမြေသတင်းစုံနဲ့ ချောင်းဦးသတင်းစုံတို့က တင်ခဲ့ပြီး လိုက်ခ်၊ ရီရက်ပြုလုပ်သူ (၁၆၀၀) ကျော်ရှိနေပြီး ပြန်လည်ဖြန့်ဝေသူ အများအပြား ရှိနေပါတယ်။

ဒီသတင်းကို အချက်အလက်များ စစ်ဆေးကြည့်ရာမှာတော့ တေးသံရှင်စောဖိုးခွားကို စစ်အာဏာသိမ်းတဲ့နေ့ (၂၀၂၁)၊ ဖေဖော်ဝါရီ၊ (၁) ရက်နေ့က စတင်ဖမ်းဆီးခဲ့ပြီး (၂၀၂၁)၊ ဒီဇင်ဘာ၊ (၃၀) ရက်နေ့မှာတော့ ရာဇသတ်ကြီး ပုဒ်မ ၅၀၅ – က အရ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် (၃) နှစ် ချခဲ့ပါတယ်။ ၎င်းနဲ့အတူ အိန္ဒြာကျော်ဇင်၊ ပြေတီဦး၊ လူမင်း၊ ရဲတိုက်၊ တေးသံရှင် ပိုပိုနဲ့ Influencer တယောက်ဖြစ်တဲ့ Beauty Blogger ဝင်းမင်းသန်းတို့ကို အလုပ်ကြမ်းနဲ့ ထောင်ဒဏ် (၃) နှစ်စီ ချမှတ်ခဲ့ပါတယ်။

အဆိုတော် စောဖိုးခွားဟာ သေဒဏ်ချမှတ်ခံထားရတာ မဟုတ်ဘဲ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် (၃) နှစ်သာ ချမှတ်ခံထားရတာ ဖြစ်ပါတယ်။ တေးသံရှင် စောဖိုးခွားမှာ မြန်မာနိုင်ငံက ရက်ဂေး သီဆိုသူတစ်ဦး ဖြစ်ပြီး ငြိမ်းချမ်းရေးသီချင်းများကို သီဆိုတဲ့ တေးသံရှင်တဦးဖြစ်ပါတယ်။ အခုလို ပြည်သူများ စိုးရိမ်ပူပန်နေရချိန်တွင် သတင်းတုဖန်တီးသူတွေဟာ သတင်းကို အချိန်ကိုက် လိုသလိုဖန်တီးပြီး သတင်းတုဖြန့်ဝေလေ့ ရှိပါတယ်။ သတင်းဖတ်ရှုတဲ့အခါ သတင်းရင်းမြစ်တွေကို သတိထားဖတ်ရှုဖို့ လိုအပ်ပါတယ်နော်။ ဖတ်ရှုပေးတဲ့ ပရိတ်သတ်ကြီးလဲ သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

zawgyi

လက္ရွိ အစိုးရကေန ေသဒဏ္ခ်ထားတဲ့ နိုင္ငံေရးအက်ဥ္းသားေတြထဲကမွ ကိုၿဖိဳးေဇယ်ာေသာ္၊ ကိုဂ်င္မီ၊ ကိုလွမ်ိဳးေအာင္နဲ႕ ကိုေအာင္သူရေဇာ္တို႔ကို က်န္ခဲ့တဲ့ ဇူလိုင္ (၂၃) ရက္ေန႕က အင္းစိန္အက်ဥ္းေထာင္မွာ စီရင္ခဲ့ၿပီးေနာက္ ဇူလိုင္ (၂၆) ရက္ေန႕တြင္ ေသဒဏ္က် နိုင္ငံေရးအက်ဥ္းသား (၃) ဦးကို ထပ္မံစီရင္ခဲ့တဲ့ သတင္းမ်ား ေပၚထြက္လာပါတယ္။ ဒီလိုသတင္းေတြ ထြက္ေပၚလာၿပီးေနာက္မွာေတာ့ ေသဒဏ္ခ်မွတ္ခံထားရတဲ့ နိုင္ငံေရးအက်ဥ္းသားေတြကို

ထပ္မံစီရင္မယ့္သတင္းမ်ား သဲ့သဲ့ထြက္ေပၚလာၿပီး စိုးရိမ္ပူပန္မႈမ်ားရွိေနခ်ိန္တြင္ အဆိုေတာ္ ေစာဖိုးခြား မတရားစီရင္တဲ့အထဲ ပါသြားၿပီလို႔ ၾကားရတယ္” ဆိုတဲ့ သတင္းေတြ ဇူလိုင္ (၂၇) ရက္ေန႕မွာ ထြက္ေပၚလာပါတယ္။ ဒီသတင္းကို မႏၱလာေျမသတင္းစုံနဲ႕ ေခ်ာင္းဦးသတင္းစုံတို႔က တင္ခဲ့ၿပီး လိုက္ခ္၊ ရီရက္ျပဳလုပ္သူ (၁၆၀၀) ေက်ာ္ရွိေနၿပီး ျပန္လည္ျဖန့္ေဝသူ အမ်ားအျပား ရွိေနပါတယ္။

ဒီသတင္းကို အခ်က္အလက္မ်ား စစ္ေဆးၾကည့္ရာမွာေတာ့ ေတးသံရွင္ေစာဖိုးခြားကို စစ္အာဏာသိမ္းတဲ့ေန႕ (၂၀၂၁)၊ ေဖေဖာ္ဝါရီ၊ (၁) ရက္ေန႕က စတင္ဖမ္းဆီးခဲ့ၿပီး (၂၀၂၁)၊ ဒီဇင္ဘာ၊ (၃၀) ရက္ေန႕မွာေတာ့ ရာဇသတ္ႀကီး ပုဒ္မ ၅၀၅ – က အရ အလုပ္ၾကမ္းနဲ႕ ေထာင္ဒဏ္ (၃) ႏွစ္ ခ်ခဲ့ပါတယ္။ ၎နဲ႕အတူ အိႏၵျာေက်ာ္ဇင္၊ ေျပတီဦး၊ လူမင္း၊ ရဲတိုက္၊ ေတးသံရွင္ ပိုပိုနဲ႕ Influencer တေယာက္ျဖစ္တဲ့ Beauty Blogger ဝင္းမင္းသန္းတို႔ကို အလုပ္ၾကမ္းနဲ႕ ေထာင္ဒဏ္ (၃) ႏွစ္စီ ခ်မွတ္ခဲ့ပါတယ္။

အဆိုေတာ္ ေစာဖိုးခြားဟာ ေသဒဏ္ခ်မွတ္ခံထားရတာ မဟုတ္ဘဲ အလုပ္ၾကမ္းနဲ႕ ေထာင္ဒဏ္ (၃) ႏွစ္သာ ခ်မွတ္ခံထားရတာ ျဖစ္ပါတယ္။ ေတးသံရွင္ ေစာဖိုးခြားမွာ ျမန္မာနိုင္ငံက ရက္ေဂး သီဆိုသူတစ္ဦး ျဖစ္ၿပီး ၿငိမ္းခ်မ္းေရးသီခ်င္းမ်ားကို သီဆိုတဲ့ ေတးသံရွင္တဦးျဖစ္ပါတယ္။ အခုလို ျပည္သူမ်ား စိုးရိမ္ပူပန္ေနရခ်ိန္တြင္ သတင္းတုဖန္တီးသူေတြဟာ သတင္းကို အခ်ိန္ကိုက္ လိုသလိုဖန္တီးၿပီး သတင္းတုျဖန့္ေဝေလ့ ရွိပါတယ္။ သတင္းဖတ္ရႈတဲ့အခါ သတင္းရင္းျမစ္ေတြကို သတိထားဖတ္ရႈဖို႔ လိုအပ္ပါတယ္ေနာ္။ ဖတ္ရႈေပးတဲ့ ပရိတ္သတ္ႀကီးလဲ သာယာေပ်ာ္႐ႊင္တဲ့ ေန႕ေလးတစ္ေန႕ကို ပိုင္ဆိုင္နိုင္ပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္ေနာ္။

(Visited 61 times, 1 visits today)

Be the first to comment

Leave a comment

Your email address will not be published.


*