unicode
နှစ်ပေါင်း (၃၀၀) အတွင်း အကြီးဆုံးပန်းရောင်စိန်ပွင့်လို့ ယူဆနိုင်တဲ့ စိန်ပွင့်ကြီးကို အန်ဂိုလာနိုင်ငံမှာ တူးဖော်တွေ့ရှိခဲ့ပါတယ်။ (၁၇၀) ကာရက်ရှိတဲ့ ပန်းရောင်စိန်ပွင့်ကို Lulo Rose လို့ အမည်ပေးထားပါတယ်။ အန်ဂိုလာနိုင်ငံရဲ့ စိန်တွင်းတွေဟာ ကမ္ဘာပေါ်မှာ စိန်အများဆုံးထွက်တဲ့ စိန်တွင်းစာရင်းဝင်တွေ ဖြစ်ပါတယ်။
စိန်ပွင့် (၁၀၀၀၀) မှာ အရောင်ပါတဲ့ စိန်ပွင့် တစ်ပွင့်နှုန်းပဲ တွေ့ရလေ့ရှိပြီး (၁၀.၈) ကာရက်ထက် ပိုကြီးတဲ့စိန်ပွင့်ကတော့ အပွင့် (၁၀၀) မှာ တစ်ပွင့်ပဲ တွေ့ရလေ့ရှိပါတယ်။ ဒါကြောင့် (၁၇၀) ကာရက် ပန်းရောင်စိန်ပွင့်ဟာ အင်မတန်ရှားပါးလွန်းတဲ့စိန်ပွင့် ဖြစ်တယ်လို့ လူကာပါစိန်ကုမ္ပဏီရဲ့ စီမံခန့်ခွဲမှု ဒါရိုက်တာက ပြောကြားခဲ့ပါတယ်။
zawgyi
ႏွစ္ေပါင္း (၃၀၀) အတြင္း အႀကီးဆုံးပန္းေရာင္စိန္ပြင့္လို႔ ယူဆနိုင္တဲ့ စိန္ပြင့္ႀကီးကို အန္ဂိုလာနိုင္ငံမွာ တူးေဖာ္ေတြ႕ရွိခဲ့ပါတယ္။ (၁၇၀) ကာရက္ရွိတဲ့ ပန္းေရာင္စိန္ပြင့္ကို Lulo Rose လို႔ အမည္ေပးထားပါတယ္။ အန္ဂိုလာနိုင္ငံရဲ႕ စိန္တြင္းေတြဟာ ကမၻာေပၚမွာ စိန္အမ်ားဆုံးထြက္တဲ့ စိန္တြင္းစာရင္းဝင္ေတြ ျဖစ္ပါတယ္။
စိန္ပြင့္ (၁၀၀၀၀) မွာ အေရာင္ပါတဲ့ စိန္ပြင့္ တစ္ပြင့္ႏႈန္းပဲ ေတြ႕ရေလ့ရွိၿပီး (၁၀.၈) ကာရက္ထက္ ပိုႀကီးတဲ့စိန္ပြင့္ကေတာ့ အပြင့္ (၁၀၀) မွာ တစ္ပြင့္ပဲ ေတြ႕ရေလ့ရွိပါတယ္။ ဒါေၾကာင့္ (၁၇၀) ကာရက္ ပန္းေရာင္စိန္ပြင့္ဟာ အင္မတန္ရွားပါးလြန္းတဲ့စိန္ပြင့္ ျဖစ္တယ္လို႔ လူကာပါစိန္ကုမၸဏီရဲ႕ စီမံခန႔္ခြဲမႈ ဒါရိုက္တာက ေျပာၾကားခဲ့ပါတယ္။
Be the first to comment