ဘယ်လောက်ခက်ခဲပါစေ စောင့်နေဦးမယ့် ဆုတောင်းတွေ မပြည့်နိုင်တော့တဲ့ ဇေယျာသော်ရဲ့ ချစ်သူကောင်မလေး T-ZIN

unicode

တစ်နိုင်ငံလုံးက လေးစားရတဲ့ သူရဲကောင်းကြီး တစ်နိုင်ငံလုံးက အားပေးချစ်ခင်ရတဲ့ အဆိုတော်ကြီး ဇေယျာသော်ကတော့ ပြီးခဲ့တဲ့ ဇူလိုင်လ (၂၃) ရက်နေ့က တိုင်းပြည်အတွက် အသက်ကိုပေးလှူသွားခဲ့ပြီပဲ ဖြစ်ပါတယ်။

ဇေယျာသော်ကို ဥပဒေလုပ်ထုံးလုပ်နည်းများနဲ့အညီ ပြစ်ဒဏ်ချမှတ်ခဲ့တယ် ဆိုပြီး ဇူလိုင်လ (၂၅) ရက်နေ့ မြန်မာ့အလင်းသတင်းစာမှာ ဖော်ပြထုတ်ပြန်ခဲ့တာပဲ ဖြစ်ပါတယ်။ ဇေယျာသော်ရဲ့ သတင်းဆိုးအတွက် ပြည်သူတွေက စိတ်မကောင်းဖြစ်ကြသလို

အထူးသဖြင့် ဇေယျာသော်ရဲ့မိသားစုဝင်တွေနဲ့ ဇေယျာသော်ရဲ့ ချစ်သူကောင်မလေးတို့က တော်တော်လေး စိတ်ထိခိုက် ဝမ်းနည်းနေကြတာပဲ ဖြစ်ပါတယ်။ ဇေယျာသော်ရဲ့ချစ်သူကောင်မလေး အဆိုတော် T-Zin ကလည်း

ဇေယျာသော်ကို ဒီနေ့မနက်ထိ စောင့်မျှော်နေခဲ့သေးပေမယ့် ဆုတောင်းတွေ မပြည့်ခဲ့တာကြောင့် “ပြန်ပေးဆပ်ရမယ်” ဆိုပြီး သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။ T-Zin က ပြီးခဲ့တဲ့ မေလ (၁၁) ရက်နေ့မှာ ကျရောက်ခဲ့တဲ့ သူမနဲ့ဇေယျာသော်တို့ရဲ့ Anniversary နေ့မှာ

“No matter how hard it gets, I will wait for you koko 😘😘😘” ဆိုပြီး ဘယ်လောက်ခက်ခဲပါစေ စောင့်နေဦးမယ်လို့ တင်ခဲ့ပေမယ့် သူမရဲ့ဆုတောင်းတွေက မပြည့်ဝခဲ့တော့ပါဘူးနော်။

zawgyi

တစ္နိုင္ငံလုံးက ေလးစားရတဲ့ သူရဲေကာင္းႀကီး တစ္နိုင္ငံလုံးက အားေပးခ်စ္ခင္ရတဲ့ အဆိုေတာ္ႀကီး ေဇယ်ာေသာ္ကေတာ့ ၿပီးခဲ့တဲ့ ဇူလိုင္လ (၂၃) ရက္ေန႕က တိုင္းျပည္အတြက္ အသက္ကိုေပးလႉသြားခဲ့ၿပီပဲ ျဖစ္ပါတယ္။

ေဇယ်ာေသာ္ကို ဥပေဒလုပ္ထုံးလုပ္နည္းမ်ားနဲ႕အညီ ျပစ္ဒဏ္ခ်မွတ္ခဲ့တယ္ ဆိုၿပီး ဇူလိုင္လ (၂၅) ရက္ေန႕ ျမန္မာ့အလင္းသတင္းစာမွာ ေဖာ္ျပထုတ္ျပန္ခဲ့တာပဲ ျဖစ္ပါတယ္။ ေဇယ်ာေသာ္ရဲ႕ သတင္းဆိုးအတြက္ ျပည္သူေတြက စိတ္မေကာင္းျဖစ္ၾကသလို

အထူးသျဖင့္ ေဇယ်ာေသာ္ရဲ႕မိသားစုဝင္ေတြနဲ႕ ေဇယ်ာေသာ္ရဲ႕ ခ်စ္သူေကာင္မေလးတို႔က ေတာ္ေတာ္ေလး စိတ္ထိခိုက္ ဝမ္းနည္းေနၾကတာပဲ ျဖစ္ပါတယ္။ ေဇယ်ာေသာ္ရဲ႕ခ်စ္သူေကာင္မေလး အဆိုေတာ္ T-Zin ကလည္း

ေဇယ်ာေသာ္ကို ဒီေန႕မနက္ထိ ေစာင့္ေမွ်ာ္ေနခဲ့ေသးေပမယ့္ ဆုေတာင္းေတြ မျပည့္ခဲ့တာေၾကာင့္ ျပန္ေပးဆပ္ရမယ္ ဆိုၿပီး သူမရဲ႕ ေဖ့စ္ဘုတ္စာမ်က္ႏွာမွာ ေရးသားခဲ့ပါတယ္။ T-Zin က ၿပီးခဲ့တဲ့ ေမလ (၁၁) ရက္ေန႕မွာ က်ေရာက္ခဲ့တဲ့ သူမနဲ႕ေဇယ်ာေသာ္တို႔ရဲ႕ Anniversary ေန႕မွာ

No matter how hard it gets, I will wait for you koko 😘😘😘 ဆိုၿပီး ဘယ္ေလာက္ခက္ခဲပါေစ ေစာင့္ေနဦးမယ္လို႔ တင္ခဲ့ေပမယ့္ သူမရဲ႕ဆုေတာင္းေတြက မျပည့္ဝခဲ့ေတာ့ပါဘူးေနာ္။

(Visited 21 times, 1 visits today)

Be the first to comment

Leave a comment

Your email address will not be published.


*