သေဒဏ်ပေးခံရတဲ့ ကျဆုံးသူရဲကောင်းတွေအတွက် စိတ်ထိခိုက် ဝမ်းနည်းစွာ ခံစားနေရတဲ့ ဦးကျော်သက်လင်း

unicode

“ကျန်းမာတော်မူကြပါစ ခင်ဗျာ” လို့ ငယ်စဥ်အချိန်ထဲက ည (၈) နာရီဆိုရင် ကြားနေရစမြဲဖြစ်တဲ့ MRTV မှ သတင်းတင်ဆက်သူတစ်ဦး ဖြစ်တဲ့ ဦးကျော်သက်လင်းကိုတော့ လူတိုင်းမှတ်မိကြလိမ့်မယ်လို့ထင်ပါတယ်နော်။ သတင်းတင်ဆက်သူ ဦးကျော်သက်လင်းဟာ တိုက်ပုံအင်္ကျီကို သေသေသပ်သပ် ဝတ်ဆင်ထားပြီး အသံပါဝါကောင်းကောင်းနဲ့ သတင်းတွေကို ပြတ်ပြတ်သားသား တင်ဆက်နိုင်သူ တစ်ဦးပါပဲ။ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းချိန်တွင် အစောဆုံး CDM ပြုလုပ်ခဲ့တဲ့ MRTV မှ ဝန်ထမ်းတစ်ဦးပဲ ဖြစ်ပါတယ်။

ဒါကြောင့်လဲ ပရိသတ်တွေက ဦးကျော်သက်လင်းကို ပိုမိုချစ်ခင်အားပေးနေကြတာပဲ ဖြစ်ပါတယ်။ လက်ရှိမှာ လွတ်မြောက်နယ်မြေကို ရောက်ရှိနေတဲ့ ဦးကျော်သက်လင်းကတော့ သူ့ရဲ့ ရင်တွင်းခံစားချက်တစ်ချို့ကို သူ့ရဲ့ facebook စာမျက်နှာမှာ မျှ‌ဝေခဲ့တာပဲ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော် အပါအဝင် (၄) ဦးကို သေဒဏ်စီရင်ခဲ့တဲ့သတင်းနဲ့ပတ်သက်ပြီး အားလုံးပဲ စိတ်ထိခိုက်ဝမ်းနည်းနေကြတာပဲ ဖြစ်ပါတယ်။ အသက် ပေးဆပ်ခဲ့တဲ့ အာဇာနည်သူရဲကောင်းတွေနဲ့ ပတ်သက်ပြီးတော့ ”အသက်ပေးတဲ့သူက ပေးသွားမှတော့ ကျနော့်ဆုံးဖြတ်ချက်တွေ ပိုခိုင်မာလာတာပေါ့။

သွားနှင့်ပါ နွေဦးတော်လှန်ရေးအတွက် အသက်ပေးခဲ့တဲ့ အာဇာနည်သူရဲကောင်း အစ်ကိုကြီးနဲ့ ညီလေးတို့…။ ကျဆုံးပေမယ့် ထာဝရ ရှင်သန်ပါပြီ။ ကျ နော်တို့ အစွမ်းရှိသလောက် မထုတ်ကြလို့ မကြိုးစားကြလို့ ခင်ဗျားတို့ ကျဆုံးရတာမို့ ပိုရင်နာတာပါ။ နောက်ဆုံးအနေဖြင့် အလေးပြုလျက်“ လို့ စိတ်မကောင်းစွာ ရေးသားထားပါတယ်။ ဦးကျော်သက်လင်းရဲ့ ရင်တွင်းဖြစ် ခံစားချက်လေးတစ်ချို့ကို ပြန်လည် မျှဝေပေးလိုက်ရပါတယ်။ ဖတ်ရှုပေးတဲ့ ပရိတ်သတ်ကြီးလဲ သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

zawgyi

က်န္းမာေတာ္မူၾကပါစ ခင္ဗ်ာ လို႔ ငယ္စဥ္အခ်ိန္ထဲက ည (၈) နာရီဆိုရင္ ၾကားေနရစၿမဲျဖစ္တဲ့ MRTV မွ သတင္းတင္ဆက္သူတစ္ဦး ျဖစ္တဲ့ ဦးေက်ာ္သက္လင္းကိုေတာ့ လူတိုင္းမွတ္မိၾကလိမ့္မယ္လို႔ထင္ပါတယ္ေနာ္။ သတင္းတင္ဆက္သူ ဦးေက်ာ္သက္လင္းဟာ တိုက္ပုံအကၤ်ီကို ေသေသသပ္သပ္ ဝတ္ဆင္ထားၿပီး အသံပါဝါေကာင္းေကာင္းနဲ႕ သတင္းေတြကို ျပတ္ျပတ္သားသား တင္ဆက္နိုင္သူ တစ္ဦးပါပဲ။ ျမန္မာနိုင္ငံမွာ စစ္အာဏာသိမ္းခ်ိန္တြင္ အေစာဆုံး CDM ျပဳလုပ္ခဲ့တဲ့ MRTV မွ ဝန္ထမ္းတစ္ဦးပဲ ျဖစ္ပါတယ္။

ဒါေၾကာင့္လဲ ပရိသတ္ေတြက ဦးေက်ာ္သက္လင္းကို ပိုမိုခ်စ္ခင္အားေပးေနၾကတာပဲ ျဖစ္ပါတယ္။ လက္ရွိမွာ လြတ္ေျမာက္နယ္ေျမကို ေရာက္ရွိေနတဲ့ ဦးေက်ာ္သက္လင္းကေတာ့ သူ႕ရဲ႕ ရင္တြင္းခံစားခ်က္တစ္ခ်ိဳ႕ကို သူ႕ရဲ႕ facebook စာမ်က္ႏွာမွာ မွ်ေဝခဲ့တာပဲ ျဖစ္ပါတယ္။ ဒီကေန႕မွာေတာ့ ကိုဂ်င္မီ၊ ကိုၿဖိဳးေဇယ်ာေသာ္ အပါအဝင္ (၄) ဦးကို ေသဒဏ္စီရင္ခဲ့တဲ့သတင္းနဲ႕ပတ္သက္ၿပီး အားလုံးပဲ စိတ္ထိခိုက္ဝမ္းနည္းေနၾကတာပဲ ျဖစ္ပါတယ္။ အသက္ ေပးဆပ္ခဲ့တဲ့ အာဇာနည္သူရဲေကာင္းေတြနဲ႕ ပတ္သက္ၿပီးေတာ့ အသက္ေပးတဲ့သူက ေပးသြားမွေတာ့ က်ေနာ့္ဆုံးျဖတ္ခ်က္ေတြ ပိုခိုင္မာလာတာေပါ့။

သြားႏွင့္ပါ ႏြေဦးေတာ္လွန္ေရးအတြက္ အသက္ေပးခဲ့တဲ့ အာဇာနည္သူရဲေကာင္း အစ္ကိုႀကီးနဲ႕ ညီေလးတို႔။ က်ဆဳံးေပမယ့္ ထာဝရ ရွင္သန္ပါၿပီ။ က် ေနာ္တို႔ အစြမ္းရွိသေလာက္ မထုတ္ၾကလို႔ မႀကိဳးစားၾကလို႔ ခင္ဗ်ားတို႔ က်ဆဳံးရတာမို႔ ပိုရင္နာတာပါ။ ေနာက္ဆုံးအေနျဖင့္ အေလးျပဳလ်က္ လို႔ စိတ္မေကာင္းစြာ ေရးသားထားပါတယ္။ ဦးေက်ာ္သက္လင္းရဲ႕ ရင္တြင္းျဖစ္ ခံစားခ်က္ေလးတစ္ခ်ိဳ႕ကို ျပန္လည္ မွ်ေဝေပးလိုက္ရပါတယ္။ ဖတ္ရႈေပးတဲ့ ပရိတ္သတ္ႀကီးလဲ သာယာေပ်ာ္႐ႊင္တဲ့ ေန႕ေလးတစ္ေန႕ကို ပိုင္ဆိုင္နိုင္ပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္ေနာ္။

(Visited 49 times, 1 visits today)

Be the first to comment

Leave a comment

Your email address will not be published.


*