အခုချိန်ထိ အလှပုံ အတင်မပျက်တဲ့ မင်းသမီး အိချောပိုကို ဒဲ့ ဆူလိုက်တဲ့ မင်းမော်ကွန်း

unicode

သရုပ်ဆောင် မင်းမော်ကွန်းကတော့ တစ်ခေတ်တစ်ခါက အောင်မြင်ပြီးသား ဖြစ်တဲ့အပြင် သရုပ်ဆောင်ကောင်းပြီး စိတ်ထားလှတာကြောင့် ပရိတ်သတ်ကြီးတွေရဲ့ အားပေးမှုကို ယနေ့တိုင်ရရှိနေဆဲပဲ ဖြစ်ပါတယ်။ မင်းမော်ကွန်းက တော်လှန်ရေးကြီးမှာလဲ ပြည်သူတွေနဲ့ အတူလမ်းထွက်ကာ လူထုလှုပ်ရှားမှုတွေမှာ အားတက်သရော ပါဝင်ခဲ့ပါတယ်။

မင်းမော်ကွန်းက တော်လှန်ရေးကြီးမှာ ပါဝင်ခဲ့တဲ့အတွက် ပုဒ်မ ၅၀၅ (က) နဲ့ အရေးယူခြင်း ခံရတာကြောင့် တိမ်းရှောင်နေရပါတယ်။ တိမ်းရှောင်နေစဉ်အတောအတွင်းမှာလဲ တော်လှန်ရေးအတွက် တတ်နိုင်တဲ့ တာဝန်ကို ထမ်းဆောင်ပြီး ပါဝင်ကူညီပေးနေတာလည်း ဖြစ်ပါတယ်။ တော်လှန်ရေးမှာ အဓိကကျတဲ့ အခန်းကနေ ပါဝင်ပေးနေတဲ့ မင်းမော်ကွန်းက

အခုဆိုရင် ရေပေါ်ဆီအနုပညာရှင်တွေကို ပြည်သူတွေ သိရှိအောင် ထုတ်ဖော်ပေးနေတာပဲ ဖြစ်ပါတယ်။ အခုတခါမှာလည်း ကိုကျော်က မင်းသမီးချော အိချောပိုနဲ့ ပတ်သတ်ပြီး အခုလို ဒဲ့ ပြောလာခဲ့ပါတယ်နော်။ မင်းမော်ကွန်းက ”သူလဲပါတယ်ဗျာ၊ အလှဓါတ်ပုံတွေ တင်ထားတာ 2 day ဆိုတော့ ငါတို့သူရဲကောင်းတွေ ကျတဲ့နေ့နဲ့ ကွက်တိပါ၊ အတော်ဝမ်းနည်းစရာကောင်းပါတယ်၊

ဆိုလိုတာက မကူချင် မပါချင်နေကြပါ၊ ကိုယ်ချင်းစာစိတ်ကလေးနဲ့ ဒီတစ်ရက်တော့ ပုံမတင်ရလို့ ဘာမှမဖြစ်သွားတာကို သေချာတင်ပါတယ်။ မသိဘူးမပြောပါနဲ့၊ တနိုင်ငံလုံးသိကြပါတယ်၊ တနိုင်ငံလုံးဝမ်းနည်းကြပါတယ်၊ SP ပါခင်မျာ၊ Personal အမုန်းတရား လုံးဝ လုံးဝ မပါကြောင်းပါ“ ဆိုပြီး ရေးသားထားပါတယ်နော်။

zawgyi





(Visited 637 times, 4 visits today)

Be the first to comment

Leave a comment

Your email address will not be published.


*