သြဂုတ်လ (၃) နေ့တွင် ရန်ကုန်မှာ အသက်သာဆုံးဈေးနှုန်းနဲ့ တစ်အိမ်ထောင်ကို ဆန်တစ်အိတ်နှုန်းဖြင့် ရောင်းချပေးမည်ဟု see more…

သြဂုတ်လ (၃) ရက်နေ့က စပြီး ရန်ကုန်မြို့မှာ ဆန်ကို သက်သာတဲ့ ဈေးနှုန်းနဲ့ တစ်အိမ်ထောင်ကို ဆန်တစ်အိတ်နှုန်း ရောင်းချပေးသွားမှာ ဖြစ်တယ်လို့ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က ထုတ်ပြန်ပါတယ်။

လက်ရှိ လက်လီစျေးကွက်ထဲမှာ ဧရာဝတီပေါ်ဆန်းတစ်အိတ်ကို ကျပ် (၆၉၀၀၀)၊ ရွှေဘိုပေါ်ဆန်းတစ်အိတ်ကို ကျပ် (၉၀၀၀၀) နီးပါး မြင့်တက်နေတဲ့အတွက် ဈေးနှုန်းတွေဟာ ပြင်ပပေါက်ဈေးထက် အတိုင်းအတာတစ်ခုအထိ လျော့နည်းတယ်လို့ သိရပါတယ်။

ရန်ကုန်မှာ ဆန်ကို စျေးသက်သက်သာသာနဲ့ ရောင်းချပေးမယ့်အစီအစဉ်ကို ဩဂုတ်လ (၃) ရက်က စတင်ပြီး ဆန်စပါးကုန်စည်ဒိုင်(ဝါးတန်း)၊ ဝါးတန်းဆိပ်ကမ်းနယ်မြေမှာ နေ့စဉ်မနက် (၉) နာရီကနေ ညနေ (၃) နာရီခွဲ အထိ ရောင်းချပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။

ရောင်းချပေးမယ့် ဈေးနှုန်းတွေကတော့ ဧရာဝတီပေါ်ဆန်းတစ်အိတ်ကို ကျပ် (၅၂၀၀၀) ကနေ (၅၅၀၀၀) ကြား၊ ကြားပျံတစ်အိတ်ကို ကျပ် (၅၅၀၀၀) ကနေ (၆၀၀၀၀) ကြား၊ ရွှေဘိုပေါ်ဆန်းတစ်အိတ်ကို ကျပ် (၇၅၀၀၀) ကနေ (၇၇၀၀၀) ကြား၊ ရက် (၉၀) အမျိုးအစား တစ်အိတ်ကို ကျပ် (၃၅၀၀၀) ကနေ (၃၇၀၀၀) ကြား ရောင်းချပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါ အစီအစဉ်ကို မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်၊ မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များအသင်း၊ မြန်မာနိုင်ငံ ဆန်စက်လုပ်ငန်းရှင်များအသင်း မြန်မာနိုင်ငံ ဆန်စပါးစိုက်ပျိုးထုတ်လုပ်သူများအသင်း၊ ဆန်စပါး ကုန်စည်ဒိုင် (ဝါးတန်း)၊ ဆန်စပါးကုန်စည်ဒိုင်(ဘုရင့်နောင်)တို့ ပူးပေါင်းလုပ်ဆောင်တာ ဖြစ်တယ်လို့ သိရပါတယ်။

(Visited 2,858 times, 1 visits today)

Be the first to comment

Leave a comment

Your email address will not be published.


*