ကျန်းမာရေးအတွက် ကောင်းကျိုးများစွာပေးတဲ့ အုန်းစိမ်းရည်ရဲ့ အကျိုးကျေးဇူးများ

အူနံရံကို ဆေးကြောမယ်။ ကျောက်ကပ်အညစ်အကြေးကိုလည်း သန့်စေတဲ့ ကမ္ဘာပေါ်မှာ အကောင်းဆုံး ရေဟာ အုန်းစိမ်းရည်ပါပဲ။ သဘာဝတရားကြီးကပေးတဲ့ အားအင်အရှိဆုံးအရည်ဟာ အုန်းစိမ်းရည်ပါ။ ကြိုက်သလောက် သောက်သုံးနိုင်ပါတယ်။ အုန်းရည်ဟာ လူ့အသက်ကို ကယ်တင်ပေးနိုင်စွမ်းရှိပုံနဲ့ ပတ်သက်ပြီး အကောင်းဆုံး သက်သေတစ်ခုကို ပြောပြရမယ်ဆိုရင်

ဒုတိယကမ္ဘာစစ်အတွင်းက ပစိဖိတ်ဒေသစစ်ပွဲတွေမှာ စစ်သားတွေ အများအပြား ဒဏ်ရာရကြတဲ့အခါ အရေးပေါ် သွေးသွင်းဖို့ လိုအပ်နေပေမဲ့ စစ်မြေပြင်ဖြစ်တာကြောင့် သွေးရည်ကြည်ပုလင်းတွေကို အချိန်မှီ ရရှိဖို့ အခက်အခဲ ဖြစ်နေချိန်မှာ ဆရာဝန်တွေဟာ အုန်းသီး နုနုထဲက သန့်စင်တဲ့ အုန်းရည်ကို သွေးရည်ကြည်အစား ထိုးသွင်းကုသပြီး အသက်ကယ်ခဲ့ရတဲ့ ဖြစ်ရပ်တွေ ရှိခဲ့ပါတယ်။

အုန်းရည်ဟာ လူခန္ဓာကိုယ်ရှိ သွေးရည်ကြည်နဲ့ ထပ်တူနီးပါး တူညီပြီး သွေးအမျိုးအစား အားလုံးနဲ့ သင့်တော်တယ်လို့ သိရပါတယ်။ လူတိုင်း တစ်ခုမေးချင်တာ ရှိကြမယ်။ အပူမကန်ဘူးလား? ဝိတ်မတက်ဘူးလား? မကန်ပါဘူး။ လုံးဝ ဝိတ်မတက်ပါဘူး။ ဝိတ်တောင်ကျစေပါတယ်။ အုန်းသီးရင့်ရည်ကမှ တကယ်အပူကန်တာပါ။ ကျန်းမာရေးလို့ခေါ်တဲ့ အနုကိုသောက်ရပါမယ်။ အုန်းသီးစိမ်းရည်နဲ့ အုန်းသီးရင့်ရည်က ဆန့်ကျင်ဘက်ပါ။

အုန်းစိမ်းရည်ကတော့ အဟာရဓာတ်တွေ အကျိုးပြုဓာတ်များစွာ ပါဝင်ပါတယ်။ အုန်းစိမ်းရည်က အပူကန်တာကိုတောင် ကာကွယ် ပေးပါသေးတယ်။ ဝမ်းလျောလို့ အားအင်မရှိရင်လည်း ဓာတ်ဆားတွေအစား သဘာဝ အုန်းစိမ်းရေကို သောက်သုံးနိုင်ပါတယ်။ ကိုလက်စရောကို ကျဆင်းစေခြင်း၊ အစာခြေနိုင်စွမ်း မြင့်မားစေခြင်း၊ အရေပြားတွန့်ခြင်းကို ကာကွယ်ပေးနိုင်ခြင်း၊ သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးခြင်း၊

ဗိုင်းရပ်စ်ပိုးများကို ကာကွယ်တိုက်ဖျက်ခြင်း၊ ဆဲလ်အသစ်များကို တိုးပွားစေခြင်း၊ ဟိုမုန်းကို ထိန်းချုပ်ပေးခြင်း၊ ကိုယ်အလေးချိန်ကို လျော့ချပေးနိုင်ခြင်း၊ အဟာရဓာတ်နှင့် အောက်ဆီဂျင်ကို ဆဲလ်များအတွင်း ပို့ဆောင်ပေးနိုင်ခြင်း၊ ဇီဝရုပ်ဖြစ်ပျက်ခြင်းကို တိုးတက်စေခြင်း၊ ရောဂါများကို ခုခံကာကွယ်ပေးခြင်း၊ မှတ်ဉာဏ်ချို့ယွင်းမှုကို ကာကွယ်ပေးခြင်း၊ ဘက်တီးရီးယားများကို သေစေနိုင်ခြင်း စတဲ့ အကျိုးဆက်များစွာကို ပေးနိုင်တဲ့အတွက်ကြောင့် ကျန်းမာရေးအတွက် အဖိုးတန်တဲ့ အုန်းသီးဖြစ်ပါတယ်။

အုန်းသီးအနုတွင် သန့်စင်ကောင်းမွန်သော မပြည့်ဝဆီများ ပါဝင်တဲ့အတွက် အုန်းသီးအရင့်ထက်စာရင် အဆီပါဝင်မှုနှုန်း နည်းပါးပါတယ်။ ထို့ကြောင့်လည်း ကျန်းမာရေးအတွက် စဉ်းစားပြီး အုန်းသီးတစ်လုံးကို ဝယ်ယူမယ်ဆိုရင် အုန်းသီးအနုကို ရှာဖွေ ဝယ်ယူသင့်တယ်လို့ သိရပါတယ်။ အုန်းသီး အနုအရင့် ရွေးချယ်ပုံမှာ အုန်းသီးအနုသည် ခပ်စိမ်းစိမ်းအရောင်ရှိပြီး အုန်းသီးအရင့်မှာ အစိမ်းရောင် နည်းပါးပြီး အညိုခပ်ဖျော့ဖျော့အရောင် ရှိတတ်ပါတယ်။

(မှတ်ချက်) – အုန်းရည်မှာ ကျန်းမာရေးအတွက် အထောက်အကူ များစွာ ဖြစ်စေနိုင်သော်လည်း အုန်းနို့နှင့်ပြုလုပ်သောအစားအသောက်များ အလွန်အကျွံ စားသုံးပါက သွေးတိုးရောဂါသမားများအတွက် အလွန်အန္တရာယ်ကြီးပါတယ်နော်။

(Visited 288 times, 1 visits today)

Be the first to comment

Leave a comment

Your email address will not be published.


*