နေပူမရှောင် မိုးရွာမရှောင် (၁၅) နှစ်တိုင်တိုင် မပြတ်မကွက် ပြုလုပ်ခဲ့တဲ့ လှူဒါန်းမှုလေးကို မျှဝေလာတဲ့ ဒီဇိုင်နာမျိုးမင်းစိုး
unicode
ပရိတ်သတ်ကြီးရေ ဒီဇိုင်နာ မျိုးမင်းစိုးကတော့ မြန်မာနိုင်ငံရဲ့ နာမည်ကြီးထိပ်တန်း ဒီဇိုင်နာတစ်ဦးဖြစ်ပြီး အနုပညာရှင်တွေ အားကိုးနေရတဲ့ ဒီဇိုင်နာတစ်ဦးပါ။ အနုပညာရှင်တွေက ချစ်ကြသလို အနုပညာရှင်တွေ အပေါ်မှာလည်း ဖော်ရွေတတ်သူပါ။
စိတ်ပျိုကိုယ်နုဆိုသလို အမြဲပျော်ပျော်နေတတ်တဲ့သူ တစ်ယောက်ဖြစ်တဲ့ ဒီဇိုင်နာမျိုးမင်းစိုးကတော့ မိခင်ကြီးအပေါ်မှာလည်း အမြဲဂရုတစိုက် ရိုသေကိုင်းရှိုင်းတတ်သူတစ်ယောက်ပါ။ ဒီနေ့မှာလည်း
”🙏နံနက်ခင်း ကုသိုလ်🙏(အဝေးဖိတ်) အညာတရာမုန့်ဗန်းလေး၊ အိမ်သီးမာလကာသီး၊​ ရေသန့်ဗူး၊ ဆွမ်းဆန်။ မိုးရွှာ နေပူမရှောင် တဆွမ်းဆန်အတွက် ဥပုပ် သီတင်းအပတ်တိုင်း (၂) ရက်သာ အလှုခံထွက်ကြရတဲ့ သာသနာနွယ်ဝင်သီလရှင် ဆရာကြီး၊ ဆရာလေးများကို အပတ်စဉ်လောင်းလှုခဲ့တာ အခုဆို ▪️၁၅ နှစ်▪️တိုင်တိုင် ရှိခဲ့ပါပြီ။
အဝေးဖိတ်နေ့လေးမှာ ရပ်ဝေးမှ အလှူခံကြွလာကြတဲ့ သီလရှင်ဆရာကြီး၊ ဆရာလေးများကို သာသနာ့ဝန် ချမ်းသာစွာ ဆောင်နိုင်ရန် တဖက်တလမ်းမှ လှုဒါန်းပါတယ်။🙏 ကုသိုလ်ဖြင့် မပြတ်ပြုရသောသူ ဖြစ်ပါရစေ။🙏” ဆိုကာ
မနက်စောစော လှူဒါန်းခဲ့တဲ့ကုသိုလ်တွေကို ပြောပြလာခဲ့တာပါ။ ပရိတ်သတ်တွေလည်း မျိုးမင်းစိုးရဲ့ ကုသိုလ်တွေအတွက် သာဓုခေါ်ခဲ့ကြပါဦးနော်။ ဖတ်ရှုပေးတဲ့ ပရိတ်သတ်ကြီးလဲ သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။
zawgyi
(Visited 549 times, 1 visits today)
Be the first to comment
Leave a comment
Your email address will not be published.
*