လက်ရှိမှာ ချစ်သူလေးနဲ့အတူ ချစ်ခြင်းမေတ္တာကို အပြည့်အဝ ခံစားနေတဲ့ ကြည်နူးစရာ စုံတွဲပုံရိပ်လေးကို ချပြလာတဲ့ ပန်ကိတ်ဒါဒါ

unicode

စကားပြောတဲ့နေရာမှာ အဆင့်အတန်းရှိရှိနဲ့ ပြောတတ်ဆိုတတ်တာကြောင့် ချစ်စရာကောင်းလွန်းပြီး ပရိတ်သတ်တွေရဲ့ အချစ်တွေကို သိမ်းပိုက်ထားသူလေးအဖြစ် လူသိများကြသူလေး၊ လူကျင့်ဝတ်ပိုင်းဆိုင်ရာ အချက်တွေကို ထိန်းသိမ်းတဲ့နေရာမှာ ထူးချွန်လွန်းတာကြောင့်

အမျိုးသမီး ပရိတ်သတ်တွေရဲ့ အသည်းကျော် ပဲလှော်လေး အဖြစ် ရပ်တည်နေသူတစ်ဦး ဖြစ်နေတာကတော့ ပန်ကိတ်ဒါဒါပါပဲ။ ပန်ကိတ်ဒါဒါလေးဟာ ဟိုးယခင် ကာလတစ်ခုက အချစ်ရေးနဲ့ ပတ်သက်ပြီး ကံဆိုးမှုများစွာ ရင်ဆိုင်ကြုံတွေ့ခဲ့ရတာကြောင့် သူမအနေနဲ့ အဆိုပါ စိတ်ဒဏ်ရာကို

အချိန်ကာလအတော်ကြာ ပြန်လည်ကုစားခဲ့ရပါတယ်။ သူမရဲ့အဖြစ်အပျက်ဟာ ပရိသတ်တွေကိုလည်း အံ့အားသင့်စရာ သံဝေဂရစရာ ကိစ္စရပ်တစ်ခု ဖြစ်စေခဲ့ပါတယ်နော်။ ပရိတ်သတ်တွေက သူမအပေါ်မှာ တော်တော်လေး ကရုဏာသက်ခဲ့ကြပါတယ်။

အခုအခါမှာတော့ သူမရဲ့ချစ်ခြင်းတရားကို အပြည့်အဝနားလည်ပေးတဲ့ အမျိုးကောင်းသားလေးနဲ့ ပန်ကိတ်ဒါဒါဟာ ပျော်ရွှင်နေပါပြီ။ ပန်ကိတ်ဒါဒါ ဟာ သူမအပေါ်အတော်လေးကို ချစ်ခင်ကြင်နာလွန်းတဲ့ သူမရဲ့ချစ်သူ နဲ့ သူမတို့ နှစ်ယောက်တွဲရိုက်ထားတဲ့ပုံကို ပရိတ်သတ်ထံ

အလင်းပြလာတာပဲ ဖြစ်ပါတယ်။ ဒါဒါ နဲ့ သူ့ရဲ့ချစ်သူပုံလေးကို ပရိတ်သတ်ကြီး ကြည့်ရှုနိုင်စေဖို့ ဖော်​ပြပေးလိုက်ရပါတယ်နော်။ ဖတ်ရှုပေးတဲ့ ပရိတ်သတ်ကြီးလဲ သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

zawgyi






(Visited 980 times, 1 visits today)

Be the first to comment

Leave a comment

Your email address will not be published.


*