unicode
မိဘတို့ဆိုသည်မှာ သားသမီးတို့အတွက် အရာရာကိုဖြည့်ဆည်းပေးနိုင်ရန် အမြဲတမ်း အသင့်ရှိနေကြသူတွေပဲ ဖြစ်ပါတယ်။
သားသမီးတို့က အခက်အခဲဖြစ်နေခဲ့ပြီ ဆိုပါက လမ်းမလျှောက်နိုင်လျှင်ပင် တွားသွားပြီး ရောက်အောင်လာမည့် ကျေးဇူးရှင်များ ဖြစ်ကြပေသည်။
ယခုလည်း ထိုင်းနိုင်ငံမှ ဖခင်တစ်ဦး၏ သားလေးအတွက် ပါရမီဖြည့်ကျင့်ပုံဟာ အလွန်လေးစားဖွယ်ရာ ကောင်းလှပါတယ်။
ဖခင်ဖြစ်သူဟာ လမ်းမလျှောက်နိုင်ဘဲ ဒုက္ခိတဘဝဖြင့် အိပ်ရာထဲလှဲနေရသည်မှာ နှစ်ပေါင်း (၃၀) ကျော်ခဲ့ပြီဟု သိရပါတယ်။
သို့သော်လည်း (၃၈) နှစ်အရွယ် သားက ရဟန်းခံရှင်ပြုမည် ဆိုသောအခါ ဘုရားကျောင်းအထိ ရောက်အောင်လာခဲ့ပြီး
မရှိမဖြစ် လိုအပ်သော ပရိက္ခရာ (၈) ပါးကို ကပ်လှူပူဇော်ခဲ့ခြင်း ဖြစ်ပါတယ်။
zawgyi
Be the first to comment