သြဂုတ်လ (၁) ရက်နေ့မှ စပြီး ရန်ကုန်မှာ စစ်ကိုင်းတိုင်း ၅/ နှင့် မကွေးတိုင်း ၈/ မှတ်ပုံတင်ကိုင်ဆောင်သူများကို see more….

unicode

ရန်ကုန်ရှိ စက်ရုံ၊ အလုပ်ရုံများတွင် အလုပ်လုပ်နေကြသည့် စစ်ကိုင်းတိုင်း ၅/ မှတ်ပုံတင်ကိုင်ဆောင်သူနှင့် မကွေး တိုင်း ၈/ မှတ်ပုံတင်ကိုင်ဆောင်သူတချို့ အကြောင်းပြချက်မပေးဘဲ အလုပ်ထုတ်ခံရကြောင်း အလုပ်ထုတ်ခံရသူတချို့က ပြောဆိုခဲ့ပါတယ်။ မင်္ဂလာဒုံမြို့နယ်၊အမှတ်(၃)လမ်းမကြီး၊အလယ်ပေါက် မှတ်တိုင်၊အလယ်ပေါက်ဝန်းအတွင်းရှိ Ti စက်ရုံနှင့် EMC စက်ရုံတို့တွင် ၈/ နှင့် ၅/ မှတ်ပုံတင် ကိုင်ဆောင် ထားသူ အလုပ်သမားတချို့ အလုပ်မှ ထုတ်ခံရကြောင်း သိရပါသည်။

“ဩဂုတ်လ (၁) ရက်နေ့ မနေ့ကစ၍ စတင်ထုတ်ပယ်တာပါ။ မထုတ်ပယ်ရင် စစ်တပ်က စက်ရုံပိတ်သိမ်းမယ်၊ အရေးယူမယ်လို့ ခြိမ်းခြောက်တယ်လို့ ပြောသံကြားပါတယ်။ တရားဝင် ဖြေရှင်းချက်တော့ မပေးဘူး။ အခုချိန်ထိ ထုတ်ပယ်ခံရသူ ရာဂဏန်းရှိပြီနေပါတယ်။ ၈/ မကွေးတိုင်းနဲ့ ၅/ စစ်ကိုင်းတိုင်း မှတ်ပုံတင် ကိုင်ထားတဲ့သူတွေပါ။ လောလော ဆယ် ထုတ်ခံရတာကတော့ မနက်က Ti စက်ရုံက အလုပ်သမား (၂၅) ဦးလို့ သိရပါတယ်။ EMCစက်ရုံက ဘယ်နှစ်ယောက်မှန်း မသိရသေးပါဘူး။

စက်ရုံနှစ်ခုပေါင်းရင် အလုပ်ပြုတ်သူ ရာဂဏန်းရှိတယ်” ဟု အလုပျသမားအသိုငျးအ၀ိုငျးက ပြောဆိုလာပါသည်။ မင်္ဂလာဒုံမှ စက်ရုံ (၂) ရုံထံသို့ ဆက်သွယ်မေးမြန်းရန် ကြိုးစားသော် လည်း ဖုန်းလက်ခံ ဖြေဆိုခြင်းမရှိပေ။ စစ်ကိုင်းနှင့် မကွေးတိုင်းမှ အလုပ်သမားများကို PDF ထောက်ပံ့မှုများ ရှိနိုင်၍ စစ်တပ်က အလုပ်ထုတ်ခိုင်းနေသော သတင်းများ ရရှိပြီး အမှန်တကယ် အလုပ်ထုတ်ခံရနေရမှုများ ရှိနေသည်ဟု သိရှိရသည်။ အလုပ်ရှင်တစ်ဦး၏ အဆိုအရ မကြာသေးမီက အာဏာပိုင်များက ၎င်း၏စက်ရုံတွင် အလုပ်လုပ်နေသော မကွေးနှင့် စစ်ကိုင်းမှတ်ပုံတင် ကိုင်ဆောင်သူ အလုပ် သမား အရေအတွက်ကို တင်ပြရန် စာရင်းတောင်းခံခဲ့ရသည်ဟု ပြောဆိုသည်။

“မကွေးနဲ့ စစ်ကိုင်းက မှတ်ပုံတင်တွေက သက်တမ်းဘယ်လောက်ကြာပြီလဲ အလုပ်လုပ်တဲ့ စက်ရုံမှာ အသစ်တွေလား။ အဟောင်းတွေလား ဆိုတာနဲ့ လုပ်သက်သက်တမ်းကို ထည့်ခိုင်းတယ်။ ဘာကြောင့် အဲဒီလိုတောင်းလဲတော့ မသိဘူး” ဟု ထိုအလုပ်ရှင်ကဆိုသည်။ လက်ရှိ ရန်ကုန်တွင် ဧည့်စာရင်းတိုင်ရာတွင်လည်းကောင်း၊ တည်းခိုခန်းများ တည်းခိုရာတွင်လည်းကောင်း၊ အိမ်ငှားရာတွင်လည်းကောင်း ၅/ နှင့် ၈/ မှတ်ပုံတင်များကို အာဏာပိုင်များက အသေးစိတ်စိစစ်မှုများ ရှိနေသည်ဟု သိရှိရပါသည်။

zawgyi

ရန်ကုန်ရှိ စက်ရုံ၊ အလုပ်ရုံများတွင် အလုပ်လုပ်နေကြသည့် စစ်ကိုင်းတိုင်း ၅/ မှတ်ပုံတင်ကိုင်ဆောင်သူနှင့် မကွေး တိုင်း ၈/ မှတ်ပုံတင်ကိုင်ဆောင်သူတချို့ အကြောင်းပြချက်မပေးဘဲ အလုပ်ထုတ်ခံရကြောင်း အလုပ်ထုတ်ခံရသူတချို့က ပြောဆိုခဲ့ပါတယ်။ မင်္ဂလာဒုံမြို့နယ်၊အမှတ်(၃)လမ်းမကြီး၊အလယ်ပေါက် မှတ်တိုင်၊အလယ်ပေါက်ဝန်းအတွင်းရှိ Ti စက်ရုံနှင့် EMC စက်ရုံတို့တွင် ၈/ နှင့် ၅/ မှတ်ပုံတင် ကိုင်ဆောင် ထားသူ အလုပ်သမားတချို့ အလုပ်မှ ထုတ်ခံရကြောင်း သိရပါသည်။

“ဩဂုတ်လ (၁) ရက်နေ့ မနေ့ကစ၍ စတင်ထုတ်ပယ်တာပါ။ မထုတ်ပယ်ရင် စစ်တပ်က စက်ရုံပိတ်သိမ်းမယ်၊ အရေးယူမယ်လို့ ခြိမ်းခြောက်တယ်လို့ ပြောသံကြားပါတယ်။ တရားဝင် ဖြေရှင်းချက်တော့ မပေးဘူး။ အခုချိန်ထိ ထုတ်ပယ်ခံရသူ ရာဂဏန်းရှိပြီနေပါတယ်။ ၈/ မကွေးတိုင်းနဲ့ ၅/ စစ်ကိုင်းတိုင်း မှတ်ပုံတင် ကိုင်ထားတဲ့သူတွေပါ။ လောလော ဆယ် ထုတ်ခံရတာကတော့ မနက်က Ti စက်ရုံက အလုပ်သမား (၂၅) ဦးလို့ သိရပါတယ်။ EMCစက်ရုံက ဘယ်နှစ်ယောက်မှန်း မသိရသေးပါဘူး။

စက်ရုံနှစ်ခုပေါင်းရင် အလုပ်ပြုတ်သူ ရာဂဏန်းရှိတယ်” ဟု အလုပ်သမားအသိုင်းအ၀ိုင်းက ပြောဆိုလာပါသည်။ မင်္ဂလာဒုံမှ စက်ရုံ (၂) ရုံထံသို့ ဆက်သွယ်မေးမြန်းရန် ကြိုးစားသော် လည်း ဖုန်းလက်ခံ ဖြေဆိုခြင်းမရှိပေ။ စစ်ကိုင်းနှင့် မကွေးတိုင်းမှ အလုပ်သမားများကို PDF ထောက်ပံ့မှုများ ရှိနိုင်၍ စစ်တပ်က အလုပ်ထုတ်ခိုင်းနေသော သတင်းများ ရရှိပြီး အမှန်တကယ် အလုပ်ထုတ်ခံရနေရမှုများ ရှိနေသည်ဟု သိရှိရသည်။ အလုပ်ရှင်တစ်ဦး၏ အဆိုအရ မကြာသေးမီက အာဏာပိုင်များက ၎င်း၏စက်ရုံတွင် အလုပ်လုပ်နေသော မကွေးနှင့် စစ်ကိုင်းမှတ်ပုံတင် ကိုင်ဆောင်သူ အလုပ် သမား အရေအတွက်ကို တင်ပြရန် စာရင်းတောင်းခံခဲ့ရသည်ဟု ပြောဆိုသည်။

“မကွေးနဲ့ စစ်ကိုင်းက မှတ်ပုံတင်တွေက သက်တမ်းဘယ်လောက်ကြာပြီလဲ အလုပ်လုပ်တဲ့ စက်ရုံမှာ အသစ်တွေလား။ အဟောင်းတွေလား ဆိုတာနဲ့ လုပ်သက်သက်တမ်းကို ထည့်ခိုင်းတယ်။ ဘာကြောင့် အဲဒီလိုတောင်းလဲတော့ မသိဘူး” ဟု ထိုအလုပ်ရှင်ကဆိုသည်။ လက်ရှိ ရန်ကုန်တွင် ဧည့်စာရင်းတိုင်ရာတွင်လည်းကောင်း၊ တည်းခိုခန်းများ တည်းခိုရာတွင်လည်းကောင်း၊ အိမ်ငှားရာတွင်လည်းကောင်း ၅/ နှင့် ၈/ မှတ်ပုံတင်များကို အာဏာပိုင်များက အသေးစိတ်စိစစ်မှုများ ရှိနေသည်ဟု သိရှိရပါသည်။

(Visited 8,590 times, 2 visits today)

Be the first to comment

Leave a comment

Your email address will not be published.


*