YBS 94 ယာဥ် ခိုးယူကာ ခိုးယူသူက ယာဥ်တိုက်မှု ဖြစ်ပွားပြီး (၁၂) နှစ်အရွယ် ကလေးတစ်ဦး အပါအဝင် သုံးဦး see more..

unicode

ဂတ်စ်ဖြည့်ရန် တန်းစီနေသည့် YBS 94 ယာဥ်ခိုးယူခံရကြောင်း လူထုမိတ်ဆွေ အကျိုးပြုယာဥ်လိုင်းက သတင်းထုတ်ပြန်သည်။ သြဂုတ် (၂) ရက် နံနက် (၃) နာရီခွဲက YBS 94 ယာဥ်လိုင်းမှယာဥ်တစ်စီးသည် ရွှေပြည်သာကွေ့ CNG ဂက်စ်ဆိုင်တွင် ဂက်စ်ဖြည့်ရန်တန်းစီခဲ့ကြောင်း သိရပါသည်။

ယာဥ်မောင်းမှ တန်းစီရသည့်အခြေအနေကို သွားရောက်မေးမြန်းစဥ် အမည်မသိသူတစ်ဦးက ယာဥ်ကို ခိုးယူမောင်းနှင်ခဲ့ကြောင်း သိရသည်။ ခိုးယူသူက ယာဥ်အားမောင်းနှင်ရာ ယာဥ်တိုက်မှုများ ဆက်တိုက်ဖြစ်ပွားခဲ့သည်။ ယာဥ်တိုက်မှုမှာ ဒညင်းကုန်းလမ်းဆုံအနီးနှင့် အင်းစိန်ဖော့ကန်အနီးတွင် ဖြစ်ပွားခဲ့ပြီး၊ ယာဥ်တိုက်မှုများမှာ နံနက် (၄) နာရီကျော်တွင်ဆက်တိုက်ဖြစ်ပွားခဲ့ကြောင်း သိရသည်။

“အဲ့ဒီယာဥ်က လိုက်ထရပ်ကို ဝင်တိုက်တာ (၁၂) နှစ်အရွယ် ကလေးတစ်ယောက်က ပွဲချင်းပြီးဆုံးတယ်။ ကျန်တဲ့လူကြီး သုံးယောက်က အနီရောင်အဆင့်။ အဲ့ဒီထဲက တစ်ယောက်က ဆေးရုံမှာထပ်ဆုံးတယ်။ နောက်ပြီး စိတ်မနှံ့တဲ့သူ တစ်ယောက်ကိုလည်း ထပ်တိုက်သေးတယ်။ သူလည်းပွဲချင်းပြီးဆုံးတယ်” ဟု လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ခိုးယူခံရသည့်ယာဥ်ကို လိုက်လံရှာဖွေရာဂျပန်လမ်းမှတ်တိုင်အနီး လမ်းပြောင်းပြန်အနေအထားဖြင့် ဓာတ်တိုင်များဝင်တိုက်ကာ ရပ်တန့်နေတာကို တွေ့ရသည်။ ထပ်မံသိရှိရသည့် အချက်အလက်အရ ဒညင်းကုန်းလမ်းဆုံတွင်လည်း အခြားယာဥ်တစ်စီးကို ဝင်တိုက်ခဲ့ကြောင်း သိရသည်။ မော်တော်ယာဥ်ကို ခိုးယူမောင်းနှင်သူကို ဖမ်းဆီးရမိပြီး ရွာမ ယာဉ်မှုစစ်ရုံးတွင် ထိန်းသိမ်းထားကြောင်း ယာဥ်လိုင်းက ထုတ်ပြန်ထားပါသည်။

zawgyi

ဂတ္စ္ျဖည့္ရန္ တန္းစီေနသည့္ YBS 94 ယာဥ္ခိုးယူခံရေၾကာင္း လူထုမိတ္ေဆြ အက်ိဳးျပဳယာဥ္လိုင္းက သတင္းထုတ္ျပန္သည္။ ၾသဂုတ္ (၂) ရက္ နံနက္ (၃) နာရီခြဲက YBS 94 ယာဥ္လိုင္းမွယာဥ္တစ္စီးသည္ ေ႐ႊျပည္သာေကြ႕ CNG ဂက္စ္ဆိုင္တြင္ ဂက္စ္ျဖည့္ရန္တန္းစီခဲ့ေၾကာင္း သိရပါသည္။

ယာဥ္ေမာင္းမွ တန္းစီရသည့္အေျခအေနကို သြားေရာက္ေမးျမန္းစဥ္ အမည္မသိသူတစ္ဦးက ယာဥ္ကို ခိုးယူေမာင္းႏွင္ခဲ့ေၾကာင္း သိရသည္။ ခိုးယူသူက ယာဥ္အားေမာင္းႏွင္ရာ ယာဥ္တိုက္မႈမ်ား ဆက္တိုက္ျဖစ္ပြားခဲ့သည္။ ယာဥ္တိုက္မႈမွာ ဒညင္းကုန္းလမ္းဆုံအနီးႏွင့္ အင္းစိန္ေဖာ့ကန္အနီးတြင္ ျဖစ္ပြားခဲ့ၿပီး၊ ယာဥ္တိုက္မႈမ်ားမွာ နံနက္ (၄) နာရီေက်ာ္တြင္ဆက္တိုက္ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

“အဲ့ဒီယာဥ္က လိုက္ထရပ္ကို ဝင္တိုက္တာ (၁၂) ႏွစ္အ႐ြယ္ ကေလးတစ္ေယာက္က ပြဲခ်င္းၿပီးဆုံးတယ္။ က်န္တဲ့လူႀကီး သုံးေယာက္က အနီေရာင္အဆင့္။ အဲ့ဒီထဲက တစ္ေယာက္က ေဆး႐ုံမွာထပ္ဆုံးတယ္။ ေနာက္ၿပီး စိတ္မႏွံ႕တဲ့သူ တစ္ေယာက္ကိုလည္း ထပ္တိုက္ေသးတယ္။ သူလည္းပြဲခ်င္းၿပီးဆုံးတယ္” ဟု လူမႈကူညီေရးအသင္းမွ တာဝန္ရွိသူတစ္ဦးက ေျပာၾကားသည္။

ခိုးယူခံရသည့္ယာဥ္ကို လိုက္လံရွာေဖြရာဂ်ပန္လမ္းမွတ္တိုင္အနီး လမ္းေျပာင္းျပန္အေနအထားျဖင့္ ဓာတ္တိုင္မ်ားဝင္တိုက္ကာ ရပ္တန့္ေနတာကို ေတြ႕ရသည္။ ထပ္မံသိရွိရသည့္ အခ်က္အလက္အရ ဒညင္းကုန္းလမ္းဆုံတြင္လည္း အျခားယာဥ္တစ္စီးကို ဝင္တိုက္ခဲ့ေၾကာင္း သိရသည္။ ေမာ္ေတာ္ယာဥ္ကို ခိုးယူေမာင္းႏွင္သူကို ဖမ္းဆီးရမိၿပီး ႐ြာမ ယာဥ္မႈစစ္႐ုံးတြင္ ထိန္းသိမ္းထားေၾကာင္း ယာဥ္လိုင္းက ထုတ္ျပန္ထားပါသည္။

(Visited 1,398 times, 2 visits today)

Be the first to comment

Leave a comment

Your email address will not be published.


*