unicode
မလေးရှားနိုင်ငံရှိ တံတားပေါ်မှ ခုန်ချခဲ့သည့် မြန်မာနိုင်ငံသား ချင်းလူမျိုးမိသားစုဝင် (၄) ဦးအနက် (၃) ဦးသေဆုံးခဲ့ကာ အသက် (၃) နှစ်အရွယ်ကလေးငယ် ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း မြန်မာလူမှုကူညီရေးအသင်း (မလေးရှား) မှ သိရသည်။ အဆိုပါ ချင်းလူမျိုးမိသားစုဝင် (၄) ဦးသည် သြဂုတ် (၂) ရက်နံနက်ပိုင်းက MRR 2 အဝေးပြေးလမ်း မကြီးပေါ်မှ
အမြင့်ပေ (၂၀) ခန့်ရှိသည့် တံတားပေါ်မှခုန်ချ၍ သေကြောင်းကြံစည်ခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။ ချင်းလူမျိုး ဖခင်ဖြစ်သည့် Cholei (၃၈) နှစ်သည် ကလေးငယ် (၂) ဦးအား တံတားပေါ်မှဦးစွာပစ်ချခဲ့ပြီးနောက် အခြားကလေးငယ် (၁) ဦးနှင့်အတူ ၎င်းပါထပ်မံ၍ ခုန်ချသွားခဲ့ခြင်းဖြစ်သည်။ ထို့သို့ ခုန်ချခဲ့မှုကြောင့် ဖခင်ဖြစ်သည့် Cholei (၃၈) နှစ်၊ သမီးဖြစ်သူ Vadetisoh (၈) နှစ်နှင့် သားဖြစ်သူ Vabiechose (၆) နှစ်တို့မှာ
အခင်းဖြစ်ရာ နေရာ၌ သေဆုံးသွားခဲ့ပြီး သားဖြစ်သူ Shadrah Vabiechopha (၃) နှစ်မှာမူ သေဆုံးခြင်းမရှိခဲ့ဘဲ ထိခိုက်ဒဏ်ရာများ ရရှိခဲ့သဖြင့် Selayang ဆေးရုံတွင် ဆေးကုသမှု ခံယူနေရကြောင်း သိရသည်။ သေဆုံးသွားသူများ၏ ရုပ်အလောင်းများကိုလည်း ကွာလာလမ်ပူဆေးရုံ၏ မှုခင်းဆေးကုသရေးဌာနသို့ ပို့ဆောင်ထားကြောင်း သိရသည်။ ဖြစ်စဥ်အား မလေးရှားနိုင်ငံရဲတပ်ဖွဲ့မှ အမှုဖွင့်၍ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။
zawgyi
မေလးရွားနိုင္ငံရွိ တံတားေပၚမွ ခုန္ခ်ခဲ့သည့္ ျမန္မာနိုင္ငံသား ခ်င္းလူမ်ိဳးမိသားစုဝင္ (၄) ဦးအနက္ (၃) ဦးေသဆုံးခဲ့ကာ အသက္ (၃) ႏွစ္အ႐ြယ္ကေလးငယ္ ထိခိုက္ဒဏ္ရာမ်ားရရွိခဲ့ေၾကာင္း ျမန္မာလူမႈကူညီေရးအသင္း (မေလးရွား) မွ သိရသည္။ အဆိုပါ ခ်င္းလူမ်ိဳးမိသားစုဝင္ (၄) ဦးသည္ ၾသဂုတ္ (၂) ရက္နံနက္ပိုင္းက MRR 2 အေဝးေျပးလမ္း မႀကီးေပၚမွ
အျမင့္ေပ (၂၀) ခန့္ရွိသည့္ တံတားေပၚမွခုန္ခ်၍ ေသေၾကာင္းႀကံစည္ခဲ့ၾကျခင္း ျဖစ္ေၾကာင္း သိရသည္။ ခ်င္းလူမ်ိဳး ဖခင္ျဖစ္သည့္ Cholei (၃၈) ႏွစ္သည္ ကေလးငယ္ (၂) ဦးအား တံတားေပၚမွဦးစြာပစ္ခ်ခဲ့ၿပီးေနာက္ အျခားကေလးငယ္ (၁) ဦးႏွင့္အတူ ၎ပါထပ္မံ၍ ခုန္ခ်သြားခဲ့ျခင္းျဖစ္သည္။ ထို႔သို႔ ခုန္ခ်ခဲ့မႈေၾကာင့္ ဖခင္ျဖစ္သည့္ Cholei (၃၈) ႏွစ္၊ သမီးျဖစ္သူ Vadetisoh (၈) ႏွစ္ႏွင့္ သားျဖစ္သူ Vabiechose (၆) ႏွစ္တို႔မွာ
အခင္းျဖစ္ရာ ေနရာ၌ ေသဆုံးသြားခဲ့ၿပီး သားျဖစ္သူ Shadrah Vabiechopha (၃) ႏွစ္မွာမူ ေသဆုံးျခင္းမရွိခဲ့ဘဲ ထိခိုက္ဒဏ္ရာမ်ား ရရွိခဲ့သျဖင့္ Selayang ေဆး႐ုံတြင္ ေဆးကုသမႈ ခံယူေနရေၾကာင္း သိရသည္။ ေသဆုံးသြားသူမ်ား၏ ႐ုပ္အေလာင္းမ်ားကိုလည္း ကြာလာလမ္ပူေဆး႐ုံ၏ မႈခင္းေဆးကုသေရးဌာနသို႔ ပို႔ေဆာင္ထားေၾကာင္း သိရသည္။ ျဖစ္စဥ္အား မေလးရွားနိုင္ငံရဲတပ္ဖြဲ႕မွ အမႈဖြင့္၍ စုံစမ္းစစ္ေဆးမႈမ်ား ျပဳလုပ္လ်က္ရွိေၾကာင္း သိရသည္။
Be the first to comment