မိုင်းဖုန်းဆရာတော်ဘုရားကြီးရဲ့ ကြည်ညိုစရာကောင်းလှပြီး ထူးထူးခြားခြား ဖြစ်ရပ်များနဲ့ ငယ်ဘဝ ပုံရိပ်လေး

unicode

ထိုင်း၊ မြန်မာ၊ လာအိုနဲ့ ဘူတန်နိုင်ငံတွေက သာသနာဆိုင်ရာ ဘွဲ့တံဆိပ်တွေ ပေးအပ်ချီးမြှင့်ခြင်းခံရတဲ့ တာချီလိတ် ရွှေတြိဂံဒေသ မိုင်းဖုန်းဆရာတော် ဘဒ္ဒန္တဉာဏသံဝရဟာ လူအများက ကြည်ညိုလေးစားတဲ့ ထူးခြားတဲ့ ပါရမီရှင် တစ်ပါး ဖြစ်ပါတယ်။

ဆရာတော်ကို လူတွေက မိုင်းဖုန်းဆရာတော်လို့ ခေါ်ကြပေမယ့် အမည်ရင်းက ဝုန်းစုမ့် ဖြစ်ပါတယ်။ ဆရာတော်တို့ မိသားစုဟာ ဆင်းရဲလွန်းတာကြောင့် အဝတ်တထည် ကိုယ်တခုစီနဲ့ မိသားတစုလုံးမှာ စောင်အနီလေးတထည်သာ ရှိခဲ့ပါတယ်။

အဘွားနဲ့အတူပါလာတဲ့ ညီဝမ်းကွဲနဲ့ စောင်ကို အမြဲတမ်း ဟိုဘက်ဒီဘက် ဆွဲလုခြုံပြီး ဆောင်းတွင်းဆို မီးဖိုဘေးမှာပဲ ကွေးပြီး အိပ်ခဲ့ရတယ်လို့ ပြောပါတယ်။ ဆရာတော် (၁၁) နှစ်သားအရွယ်မှာ ကိုရင်ဝတ်ပြီး မိုင်းဖုန်းကို ပြန်ပြောင်းလာခဲ့ပါတယ်။

ကိုရင်ငယ်ဘဝကစ အရွယ်နဲ့မလိုက်အောင် တရားထိုင်ခြင်း၊ ဘာဝနာပွားခြင်းတွေပြုပြီး နားထဲမှာ ဘုရားစာတွေ အလိုလိုကြားရကြောင်း၊ နမိတ်ရတာတွေလည်းရှိလို့ ထူးခြားတဲ့ ကိုရင်လေးအဖြစ် လူတွေရဲ့ ကြည်ညိုမှုကို ခံရပြီး လူသိများလာပါတယ်။

မိုင်းဖုန်းဆရာတော်ဟာ လူသူမနီး တောထဲတောင်ထဲ၊ ဂူထဲတွေမှာ တရားထိုင်လေ့ရှိပြီး နီပေါနိုင်ငံ ဟိမဝန္တာတောင်တန်းထိလည်း သွားရောက် တရားထိုင်ခဲ့ဖူးပါတယ်။ ဆရာတော်က မိုင်းကျက်ဂူမှ (၃) နှစ်၊ (၃) လ၊ (၃ ရက် အဓိဌာန်အောင်ခဲ့ပြီး ဩဂုတ် (၁) ရက်မှာ ဂူမှ ထွက်ရှိလာပြီပဲဖြစ်ပါတယ်။

သာသနာပြု ခရီးတစ်လျှောက်လုံး ဆရာတော်ကို လာရောက်ဖူးမျှော်တဲ့သူတွေ တောရောမြို့ပါမကျန် နေရာတိုင်းမှာ လူတွေပြည့်လျှံနေတာ တွေ့ရတော့ ဆရာတော်ရဲ့ မေတ္တာဓာတ်ကို ပိုကြည်ညိုလေးစားမိတယ်။

zawgyi

ထိုင္း၊ ျမန္မာ၊ လာအိုနဲ႕ ဘူတန္နိုင္ငံေတြက သာသနာဆိုင္ရာ ဘြဲ႕တံဆိပ္ေတြ ေပးအပ္ခ်ီးျမႇင့္ျခင္းခံရတဲ့ တာခ်ီလိတ္ ေ႐ႊႀတိဂံေဒသ မိုင္းဖုန္းဆရာေတာ္ ဘဒၵႏၱဉာဏသံဝရဟာ လူအမ်ားက ၾကည္ညိုေလးစားတဲ့ ထူးျခားတဲ့ ပါရမီရွင္ တစ္ပါး ျဖစ္ပါတယ္။

ဆရာေတာ္ကို လူေတြက မိုင္းဖုန္းဆရာေတာ္လို႔ ေခၚၾကေပမယ့္ အမည္ရင္းက ဝုန္းစုမ့္ ျဖစ္ပါတယ္။ ဆရာေတာ္တို႔ မိသားစုဟာ ဆင္းရဲလြန္းတာေၾကာင့္ အဝတ္တထည္ ကိုယ္တခုစီနဲ႕ မိသားတစုလုံးမွာ ေစာင္အနီေလးတထည္သာ ရွိခဲ့ပါတယ္။

အဘြားနဲ႕အတူပါလာတဲ့ ညီဝမ္းကြဲနဲ႕ ေစာင္ကို အၿမဲတမ္း ဟိုဘက္ဒီဘက္ ဆြဲလုၿခဳံၿပီး ေဆာင္းတြင္းဆို မီးဖိုေဘးမွာပဲ ေကြးၿပီး အိပ္ခဲ့ရတယ္လို႔ ေျပာပါတယ္။ ဆရာေတာ္ (၁၁) ႏွစ္သားအ႐ြယ္မွာ ကိုရင္ဝတ္ၿပီး မိုင္းဖုန္းကို ျပန္ေျပာင္းလာခဲ့ပါတယ္။

ကိုရင္ငယ္ဘဝကစ အ႐ြယ္နဲ႕မလိုက္ေအာင္ တရားထိုင္ျခင္း၊ ဘာဝနာပြားျခင္းေတြျပဳၿပီး နားထဲမွာ ဘုရားစာေတြ အလိုလိုၾကားရေၾကာင္း၊ နမိတ္ရတာေတြလည္းရွိလို႔ ထူးျခားတဲ့ ကိုရင္ေလးအျဖစ္ လူေတြရဲ႕ ၾကည္ညိုမႈကို ခံရၿပီး လူသိမ်ားလာပါတယ္။

မိုင္းဖုန္းဆရာေတာ္ဟာ လူသူမနီး ေတာထဲေတာင္ထဲ၊ ဂူထဲေတြမွာ တရားထိုင္ေလ့ရွိၿပီး နီေပါနိုင္ငံ ဟိမဝႏၱာေတာင္တန္းထိလည္း သြားေရာက္ တရားထိုင္ခဲ့ဖူးပါတယ္။ ဆရာေတာ္က မိုင္းက်က္ဂူမွ (၃) ႏွစ္၊ (၃) လ၊ (၃ ရက္ အဓိဌာန္ေအာင္ခဲ့ၿပီး ဩဂုတ္ (၁) ရက္မွာ ဂူမွ ထြက္ရွိလာၿပီပဲျဖစ္ပါတယ္။

သာသနာျပဳ ခရီးတစ္ေလွ်ာက္လုံး ဆရာေတာ္ကို လာေရာက္ဖူးေမွ်ာ္တဲ့သူေတြ ေတာေရာၿမိဳ႕ပါမက်န္ ေနရာတိုင္းမွာ လူေတြျပည့္လွ်ံေနတာ ေတြ႕ရေတာ့ ဆရာေတာ္ရဲ႕ ေမတၱာဓာတ္ကို ပိုၾကည္ညိုေလးစားမိတယ္။

(Visited 375 times, 3 visits today)

Be the first to comment

Leave a comment

Your email address will not be published.


*