unicode
လူသားတို့အားလုံးဟာ သူတစ်ပါးကို အထင်မသေးဘဲ တန်းတူညီမျှ ဆက်ဆံနိုင်ပါတယ်လို့ ပါးစပ်ကပြောနေပေမယ့် လမ်းဘေးက ဆင်းရဲမွဲတေနေသူများကို တွေ့ရှိရပါက နှာခေါင်းရှုံ့တတ်ကြပါတယ်။
ယခုအခါမှာတော့ ဗီယက်နမ်မှ ဇနီးမောင်နှံနှစ်ဦး၏ မွန်မြတ်လှသော စိတ်ထားလေးဖြင့် အိမ်ခြေမဲ့များအတွက် ကြိုးစားပုံဟာ လေးစားအံ့သြဖွယ်ရာ ကောင်းလှပါတယ်။ လင်မယားနှစ်ယောက်ဟာ ဆိုင်ကယ်ဖြင့် နေရာအနှံအပြားက
ပလပ်စတစ်ဗူးခွံနှင့် သံဗူးခွံတွေကို လိုက်ကောက်ပြီး ပိုက်ဆံရှာကြပါတယ်။ ထို့နောက် ရရှိလာသည့် ငွေကြေးများအားလုံးကိုလည်း အိမ်ခြေမဲ့များကို လှူဒါန်းပေးကမ်းလေ့ရှိကြတာ ဖြစ်ပါတယ်။ သူတစ်ပါး၏ အထင်မြင်သေးခံပြီး လမ်းဘေးမှာ အမှိုက်ကောက်ပြီး
ကုသိုလ်ပြုနိုင်ဖို့ဆိုတာ အတော်လေး စိတ်ထားမြင့်မြတ်သူများသာ လုပ်ဆောင်နိုင်ခြင်း ဖြစ်ပါတယ်နော်။ ဖတ်ရှုပေးတဲ့ ပရိတ်သတ်ကြီးလဲ သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။
zawgyi
Be the first to comment