(၇) နှစ်ကြာ စကားမပြောနိုင်တဲ့ လူနာကို ပြန်လည် စကားပြောလာနိုင်အောင် ကုသပေးခဲ့တဲ့ သရုပ်ဆောင် ထူးခန့်ကျော်

unicode

ပရိတ်သတ်ကြီးရေ ဗီဒီယိုခေတ်ထဲက နာမည်ကြီးလူကြိုက်များခဲ့တဲ့ ဝါရင့်မင်းသားတစ်ဦး ဖြစ်တဲ့ ထူးခန့်ကျော်ကိုတော့ ရုပ်ရှင်ချစ်ပရိသတ်တိုင်း သိကြလိမ့်မယ် ထင်ပါတယ်နော်။ နယ်ပရိသတ် အခိုင်အမာ ရရှိထားတဲ့ အနုပညာမျိုးရိုးလဲရှိတဲ့ မင်းသား ထူးခန့်ကျော်ကတော့

မင်းသားကြီးတစ်ဦးဖြစ်တဲ့ မြင်စိုင်းသား (အောင်အောင်) ရဲ့သားတစ်ဦးလဲ ဖြစ်ပါတယ်။ အခုလက်ရှိမှာ အနုပညာလှုပ်ရှားမူ့တွေ မရှိတော့ပေမယ့် တတ်ကျွမ်းထားတဲ့ တိုင်းရင်းဆေးပညာနဲ့ အရိုးဝေဒနာကို ခံစားနေရတဲ့ လူနာတွေကို ကုသပေးနေပါတယ်။

ဆေးပညာဟာ ဆေးစွမ်းထက်လွန်းပြီး ပြသဖို့ အနယ်နယ်အရပ်ရပ်က ဝေဒနာရှင်တွေ များပြားတာတွေကြောင့် ဘိုကင်စနစ်နဲ့ တန်းစီကြရပါတယ်။ “ကဲ (၇) နှစ်ကြာ စကားမပြောသော ကိုကျော်သူ အခုတော့ စကားများပြန်ပြောလာခဲ့ပြီ.. ညောင်တုန်းမြို့နယ် ခတ္ထယကျေးရွာနေ

ကိုကျော်သူတယောက် စကားများမပြောပဲ နေခဲ့ရာ (၇) နှစ်ကျော်ကြာ ရှိလာခဲ့ပေသည်.. ကိုကျော်သူ၏ မိခင်ကြီးမှာလည်း သူမမသေခင် သူ့သားလေး စကားများ ပြန်လည်ပြောတာကို မြင်ချင်လိုက်တာလို့ တန်းတခဲ့ရသော ကိုကျော်သူ၏ မိခင်ကြီးဆန္ဒ ပြည့်ဝခဲ့ရလေပြီ..

ကျွန်တော်ထံလာရောက်ကုသစဉ် မညိသို့မျှ စကားများမပြောပဲ ကုသပြီး များမကြာခင် မိမိနာမ်မည် နှင့်မင်္ဂလာပါလို့ နှုတ်ခွန်းဆက်သပြီး အတော်များများ ပြန်လည်ပြောလာခဲ့လို့ ကိုကျော်သူမိခင်ကြီး ကိုယ်စားအင်မတန် ဝမ်းသာပီတိဖြစ်ခဲ့ရသလို

မင်္ဂလာညနေခင်းလေးမှာ အမျိုးများအားလုံး သောကဟူသမျှ ကင်းဝေးလွင့်စဉ်ကြ၍ ချမ်းသာခြင်းသုခအပေါင်းနှင့် ပြီးပြည့်စုံစွာ ရရှိကြပါစေ” လို့ ထူးခန့်ကျော် ရဲ့ လူမှု့ကွန်ယက်ပေါ်မှာ ရေးသားထားတာကို တွေ့ရပါတယ်။ ဖတ်ရှုပေးတဲ့ ပရိတ်သတ်ကြီးလဲ သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

zawgyi







(Visited 954 times, 1 visits today)

Be the first to comment

Leave a comment

Your email address will not be published.


*