unicode
En Sure ဟာ ဗူးအကြီး၊ အသေးနဲ့ သော်ဌင်း တခါသောက်ဗူးကလေးတွေနဲ့ သော်ဌင်း ပုံစံအမျိုးမျိုးဖြင့် ထုတ်ထားခဲ့ကြတာမျိုးပါ။ En Sure ဟာ အရသာမျိုးစုံလာပါတယ်။ စတော်ဘယ်ရီအရသာ၊ သခွားမွေးအရသာနဲ့ နို့အရသာ အပြင် သဘာ၀အရသာမျိုးလဲ လာပါတယ်။ En Sure ဆိုတာကို သောက်တဲ့အခါ အမှုန့်ကို ကိုယ်လိုသလောက် ကိုယ်သောက်မဲ့ခွက်ထဲ ထည့်ပါ။
ပထမဦးဆုံး အဲ့အမှုန့်ကို ရေကြက်သီးနွေးလေး (အနည်းငယ်သာ အပူဓါတ်ရှိတဲ့ရေနဲ့ ဖျော်ရပါတယ်) ပထမဦးဆုံး ရေနဲနဲမှ နဲနဲလေးပဲ ထည့်ဖျော်ရတာပါ။ အဲ့လို ဖျော်ပီးတဲ့အခါကျမှ လုံး၀မပူ လုံး၀အအေးဓါတ် မရှိတဲ့ရေနဲ့ ရောပီး ဖျော်သောက်ရတာမျိုးပါ။ En Sure ရဲ့ဓါတ်သဘာ၀ဟာ ရေပူ မပြောနက် ရေခဲသေတ္တာထဲက ရေနဲ့လဲ ဖျော်လို့ လုံး၀မရပါ။
ဖျော်ပီးတဲ့အခါမှာ မပူ မအေးတဲ့ သာမာန်အနေအထားပဲ ရှိနေရမှာ ဖြစ်ပါတယ်။ En Sure ကို အေးအောင်ဆိုပီး ရေခဲသေတ္တာထဲလဲ ထားလို့မရပါဖူး။ ကော်ဖီဖျော်သောက်သလို ပူနေအောင်ပဲ ဖြစ်ဖြစ် နွေးနွေးလေးအနေအထားပဲ ဖြစ်ဖြစ် အဲ့လိုလဲသောက်လို့မရပါဘူး။ သဘာ၀အရသာကို မကြိုက်လို့ ဆိုပြီး ကျန်တဲ့ ဘယ်လိုအရာနဲ့မှ ရောဖျော်ပြီး မသောက်ရပါ။ အချိုဓါတ်မရှိဖူး သိတ်မချိုလို့ ဆိုပီးတော့လဲ ဘာမှ ထပ်ရောလို့မရပါဘူး။
En Sure ဟာအေးတာ နွေးတာ ပူတာဖြစ်ခဲ့ယင်ဖြင့် သူ့ရဲ့ အားဖြည့်ပေးတဲ့ အာနိသင်ဟာ အလိုအလျှောက် ပျက်ပျယ်သွားတတ်တာမျိုးပါ။ အဲ့လို ဖျော်တိုက်မိတဲ့အခါ အဆင်မသင့်ယင် ၀မ်းပျက် ၀မ်းလျှောတတ်တာ အပြင် ဘာအာနိသင်မှ မရှိတော့ပါဖူး။ သူ့ကိုသောက်တဲ့ အခါမှာလဲ မနက် အိပ်ယာထတကြိမ် ည အိပ်ယာ၀င်ကာနီးတကြိမ် နှစ်ကြိမ်တိုက်မှ အကျိုးရှိစေတတ်သာမျိုးပါ။
စျေးကြီးပေး ၀ယ်ပီး အလကားမဖြစ်ရအောင် ကိုယ့်လူမမာအတွက်လဲ အကျိုးရှိရှိ ဖျော်တတ်အောင် မေတ္တာရှေ့ထားပြီး စေတနာစကား ပါးလိုက်ပါတယ်နော်။ Ensure ဟာ လုံး၀ လုံး၀ မပူရပါ။ (နွေးနွေးလေးတောင် မသောက်ရပါ) လုံး၀ လုံး၀ အေးမနေရပါ။ အာနိသင်ပျက်သွားပြီး ငွေကုန်တာဘဲ အဖတ်တင်မှာပါလို့ စာဖတ်ပရိတ်သတ်များ အားလုံးသိအောင် ဝေမျှပေးလိုက်ပါတယ်နော်။
zawgyi
Be the first to comment