unicode
ရှေးခေတ်အခါကတော့ ကလေးအများအပြားမွေးဖွားခြင်းဟာ သဘာဝတစ်ခုလို ဖြစ်နေခဲ့ပါတယ်။ သို့သော်လည်း နောက်ပိုင်းခေတ်ကာလများတွင် ကလေးအများအပြား မွေးဖွားသူ
ရှားပါးလာခဲ့ပြီး မွေးဖွားသူများဟာလည်း စားဝတ်နေရေး ခက်ခဲလာကြတာကို သတိပြုမိပေသည်။ ယနေ့ခေတ်ကြီးက မိသားစုဝင်အားလုံးအလုပ်ထွက်လုပ်မှသာလျှင်
အဆင်ပြေသော အခြေအနေကို ရောက်ရှိလာမှာ ဖြစ်ပါတယ်။ ယခုတွင်လည်း ဗီယက်နမ်နိုင်ငံမှ လင်မယားနှစ်ဦးဟာ လက်ထပ်ခဲ့သည်မှာ (၁၃) နှစ်ကြာလာခဲ့ပြီဖြစ်ရာ
ကလေးတွေ ဆက်တိုက်မွေးခဲ့ပြီး သားသမီးရှစ်ဦးအထိ ထွန်းကားလာခဲ့ပါတယ်။ နောက်ပိုင်းတွင် ကလေးတွေကို ပြုစုစောင့်ရှောက်နေရသည့်အတွက် ဝင်ငွေရှာဖွေဖို့ ခက်ခဲလာခဲ့ပြီး
စားဝတ်နေရေး အဆင်မပြေ ဖြစ်လာခဲ့ပါတယ်။ထိုအခါ ပတ်ဝန်းကျင်ကို အခက်အခဲအား ပြောပြပြီးအကူအညီတောင်းခံခဲ့ရာမှ လာရောက်လှူဒါန်းသူများဖြင့် ပြန်လည် အဆင်ပြေလာခဲ့ပါတယ်။
zawgyi
Be the first to comment