ကျောင်းစောင့် လုံခြုံရေးတပ်ဖွဲ့ဝင်ကို ဓားဖြင့် ထိုးသည့် (၆) တန်းကျောင်းသား ကျည်ထိဒဏ်ရာဖြင့် see more….

unicode

ပဲခူးတိုင်း၊ ပြည်မြို့နယ်၊ မှော်ဇာရွာမကျေးရွာ၊ အခြေခံပညာ အထက်တန်း ကျောင်း (ခွဲ) မှော်ဇာတွင် ကျောင်းစောင့် စစ်သားကို ဓားဖြင့် ထိုးခဲ့သည့် (၆) တန်းကျောင်းသား မောင်အောင်မြင့်မြတ်သည် စစ်ဆေးရုံတွင် ကျည်ထိဒဏ်ရာများဖြင့် စစ်ကြောခံနေရကြောင်း နီးစပ်သူများထံမှ သိရှိရသည်။ ဩဂုတ်လ (၃) ရက်နေ့ နံနက် (၉) နာရီအချိန်တွင် (၆) တန်းကျောင်းသား မောင်အောင်မြင့်မြတ်က စစ်သားကို ဓားဖြင့် ထိုးခဲ့ခြင်းဖြစ်ပြီး

စစ်သားများက ၎င်းကို လိုက်လံ ပစ်ခတ်ဖမ်းဆီးခဲ့ကြောင်း၊ ယင်းနောက် သေနတ်ဒဏ်ရာများဖြင့် ဖမ်း ဆီးခံလိုက်ရကြောင်း၊ စစ်ဆေးရုံတွင် ပို့ဆောင်ထားသော်လည်း ကျည်ထိဒဏ်ရာ ဖြင့် အားနည်းနေသူ (၆) တန်းကျောင်းသား မောင်အောင်မြင့်မြတ်ကို စစ်တပ်က စစ်ကြောရေးလုပ်ဆောင်နေသည်ဟု သိရှိရသည်။ “ကျည်က လက်မောင်းအောက်ထိထားတာ။ သွေးထွက်တအားများထားတယ်။ အခု စစ်ဆေးရုံမှာပဲ

အခန်းထဲထည့်ပြီး စစ်ကြောခံနေရတယ်လို့ ကြားရတယ်။ ဆေးရုံမှာပဲ စစ်ကြောတယ်လို့ သိရတယ်။ စစ်တပ်ဘက်က မေးတာက ဘယ်သူက ခိုင်းတာလဲ။ ဘာကြောင့် စစ်သားကို ဓားနဲ့ထိုးရတာလဲ။ စစ်မေးခံရရင်း ရိုက်နှက်ခံရတယ်လို့လည်း ကြားတယ်။ စစ်ဆေးရုံထဲမှာ ချုပ်နှောင် စစ်မေးခံနေရတာ။ အသက်အန္တရာယ်ကတော့ စစ်တပ် လက်ထဲမှာပဲ စိုးရိမ်ရတာပေါ့။ ဆေးရုံမှာ အခြေအနေ ဘယ်လိုဖြစ်နေလဲဆိုတာ

သေချာမသိရဘူး” ဟု သတင်းရင်းမြစ်က ပြောသည်။ (၆) တန်းကျောင်းသား မောင်အောင်မြင့်မြတ်သည် အသက် (၁၄) နှစ်သာ ရှိသေးသော အသက်မပြည့်သေးသည့် ကလေးဖြစ်၍ ပြန်လည် နေကောင်းမွန်လာပါကလည်း ပုဒ်မတပ်၍ လူငယ်ထိန်းသိမ်းရေးစခန်းသို့ ပို့ဆောင်ခံရနိုင်ကြောင်း၊ စစ်ဆေးရုံ စစ်ကြောရေးတွင် အသက်အန္တရာယ် မထိခိုက်စေရန် ဆုတောင်းနေရသည်ဟု သတင်းရင်းမြစ်က ဆက်လက်ပြောဆိုသည်။

zawgyi

ပဲခူးတိုင္း၊ ျပည္ၿမိဳ႕နယ္၊ ေမွာ္ဇာ႐ြာမေက်း႐ြာ၊ အေျခခံပညာ အထက္တန္း ေက်ာင္း (ခြဲ) ေမွာ္ဇာတြင္ ေက်ာင္းေစာင့္ စစ္သားကို ဓားျဖင့္ ထိုးခဲ့သည့္ (၆) တန္းေက်ာင္းသား ေမာင္ေအာင္ျမင့္ျမတ္သည္ စစ္ေဆး႐ုံတြင္ က်ည္ထိဒဏ္ရာမ်ားျဖင့္ စစ္ေၾကာခံေနရေၾကာင္း နီးစပ္သူမ်ားထံမွ သိရွိရသည္။ ဩဂုတ္လ (၃) ရက္ေန႕ နံနက္ (၉) နာရီအခ်ိန္တြင္ (၆) တန္းေက်ာင္းသား ေမာင္ေအာင္ျမင့္ျမတ္က စစ္သားကို ဓားျဖင့္ ထိုးခဲ့ျခင္းျဖစ္ၿပီး

စစ္သားမ်ားက ၎ကို လိုက္လံ ပစ္ခတ္ဖမ္းဆီးခဲ့ေၾကာင္း၊ ယင္းေနာက္ ေသနတ္ဒဏ္ရာမ်ားျဖင့္ ဖမ္း ဆီးခံလိုက္ရေၾကာင္း၊ စစ္ေဆး႐ုံတြင္ ပို႔ေဆာင္ထားေသာ္လည္း က်ည္ထိဒဏ္ရာ ျဖင့္ အားနည္းေနသူ (၆) တန္းေက်ာင္းသား ေမာင္ေအာင္ျမင့္ျမတ္ကို စစ္တပ္က စစ္ေၾကာေရးလုပ္ေဆာင္ေနသည္ဟု သိရွိရသည္။ “က်ည္က လက္ေမာင္းေအာက္ထိထားတာ။ ေသြးထြက္တအားမ်ားထားတယ္။ အခု စစ္ေဆး႐ုံမွာပဲ

အခန္းထဲထည့္ၿပီး စစ္ေၾကာခံေနရတယ္လို႔ ၾကားရတယ္။ ေဆး႐ုံမွာပဲ စစ္ေၾကာတယ္လို႔ သိရတယ္။ စစ္တပ္ဘက္က ေမးတာက ဘယ္သူက ခိုင္းတာလဲ။ ဘာေၾကာင့္ စစ္သားကို ဓားနဲ႕ထိုးရတာလဲ။ စစ္ေမးခံရရင္း ရိုက္ႏွက္ခံရတယ္လို႔လည္း ၾကားတယ္။ စစ္ေဆး႐ုံထဲမွာ ခ်ဳပ္ႏွောင္ စစ္ေမးခံေနရတာ။ အသက္အႏၱရာယ္ကေတာ့ စစ္တပ္ လက္ထဲမွာပဲ စိုးရိမ္ရတာေပါ့။ ေဆး႐ုံမွာ အေျခအေန ဘယ္လိုျဖစ္ေနလဲဆိုတာ

ေသခ်ာမသိရဘူး” ဟု သတင္းရင္းျမစ္က ေျပာသည္။ (၆) တန္းေက်ာင္းသား ေမာင္ေအာင္ျမင့္ျမတ္သည္ အသက္ (၁၄) ႏွစ္သာ ရွိေသးေသာ အသက္မျပည့္ေသးသည့္ ကေလးျဖစ္၍ ျပန္လည္ ေနေကာင္းမြန္လာပါကလည္း ပုဒ္မတပ္၍ လူငယ္ထိန္းသိမ္းေရးစခန္းသို႔ ပို႔ေဆာင္ခံရနိုင္ေၾကာင္း၊ စစ္ေဆး႐ုံ စစ္ေၾကာေရးတြင္ အသက္အႏၱရာယ္ မထိခိုက္ေစရန္ ဆုေတာင္းေနရသည္ဟု သတင္းရင္းျမစ္က ဆက္လက္ေျပာဆိုသည္။

(Visited 7,238 times, 8 visits today)

Be the first to comment

Leave a comment

Your email address will not be published.


*