အချုပ်အနှောင် အဖမ်းအဆီးခံရပါက အမြန်ဆုံး လွတ်မြောက်နိုင်တဲ့ အကောင်းဆုံး ယတြာ

unicode

အဖမ်းခံထားရတဲ့သူ​​တွေရဲ့ မိသားစုကို ​ပြောပြချင်ပါတယ်။ အဖမ်းခံရသူ ဝတ်​လေ့ရှိတဲ့ အဝတ်ကို ကိုယ့်ပခုံး​ပေါ်မှာ ပဝါလိုတင်ပြီး ​မောရသုတ် သူ့ရဲ့သက်​​စေ့ရွတ်​ပေးပါ။ ဘုရား​လောင်း ဥ​ဒေါင်းမင်းဟာ အချုပ်အ​နှောင်ခံရစဥ်မှာသစ္စာဆိုပြီး လွတ်​မြောက်ခဲ့တဲ့ သုတ္တံဖြစ်တဲ့အတွက် မိမိတို့လည်း သစ္စာဆို​ ဆု​တောင်းပေးပါ။

အခြားအစွမ်းထက်တဲ့ အဌာန​မေတံ၊ သမ္ဗု​​ဒ္ဓေ၊ ​မေတ္တာသုတ် စတာ​​တွေလဲရွတ်​ပေးလို့ရပါတယ်၊ ​မေတ္တာသုတ်ရွတ်ပြီးတဲ့အခါ မိမိက​​လေးနဲ့အတူ အကျဥ်းကျ​​နေတဲ့အခြားသူများ​ရော ​အကျဥ်းထောင်ကတာဝန်ရှိသူများ​ရော၊ ​ရှေ့​နေများကိုပါ အထူး​မေတ္တာပွား​ပေးပါ။

သတင်းမကြားရသူများ၊ ဘယ်မှာချုပ်ထားမှန်းမသိ​သေးသူများ မုန့်လုံး​ရေ​ပေါ် ဆယ်လုံးကို သတင်းစာစက္ကူ ​အောက်ကခံပြီး ဘုရားလှူပါ။ ဆယ်ရက်ဆက်တိုက်လှူ​​ပေးပါ၊ သတင်းကြားပြီးလဲ လွတ်​မြောက်ဖို့အတွက် ဆယ်​ပေးပါ ကယ်​ပေးပါ ဆိုပြီး ဆု​တောင်းပါ။

အပြင်က တကယ်လက်​တွေ့ လိုက်လုပ်ရတာ​​တွေလဲ လုပ်တာ အဓိကကျသလို အိမ်တွင်းက အ​မေ အမ အ​ဒေါ် အဖွားစသည်က လုပ်​ပေးလို့ရတာ​လေး​တွေ ​ဝေမျှလိုက်ပါတယ်။ မြန်မာ ပြည်သူပြည်သားအားလုံး ကြိမ်မီးအုံးသလို ခံစား​နေရတဲ့ ​သောကအပူ​တွေ အမြန်ဆုံး ငြိမ်းပါ​စေ။

zawgyi

အဖမ္းခံထားရတဲ့သူေတြရဲ႕ မိသားစုကို ေျပာျပခ်င္ပါတယ္။ အဖမ္းခံရသူ ဝတ္ေလ့ရွိတဲ့ အဝတ္ကို ကိုယ့္ပခုံးေပၚမွာ ပဝါလိုတင္ၿပီး ေမာရသုတ္ သူ႕ရဲ႕သက္ေစ့႐ြတ္ေပးပါ။ ဘုရားေလာင္း ဥေဒါင္းမင္းဟာ အခ်ဳပ္အႏွောင္ခံရစဥ္မွာသစၥာဆိုၿပီး လြတ္ေျမာက္ခဲ့တဲ့ သုတၱံျဖစ္တဲ့အတြက္ မိမိတို႔လည္း သစၥာဆို ဆုေတာင္းေပးပါ။

အျခားအစြမ္းထက္တဲ့ အဌာနေမတံ၊ သမၺဳေဒၶ၊ ေမတၱာသုတ္ စတာေတြလဲ႐ြတ္ေပးလို႔ရပါတယ္၊ ေမတၱာသုတ္႐ြတ္ၿပီးတဲ့အခါ မိမိကေလးနဲ႕အတူ အက်ဥ္းက်ေနတဲ့အျခားသူမ်ားေရာ အက်ဥ္းေထာင္ကတာဝန္ရွိသူမ်ားေရာ၊ ေရွ႕ေနမ်ားကိုပါ အထူးေမတၱာပြားေပးပါ။

သတင္းမၾကားရသူမ်ား၊ ဘယ္မွာခ်ဳပ္ထားမွန္းမသိေသးသူမ်ား မုန့္လုံးေရေပၚ ဆယ္လုံးကို သတင္းစာစကၠဴ ေအာက္ကခံၿပီး ဘုရားလႉပါ။ ဆယ္ရက္ဆက္တိုက္လႉေပးပါ၊ သတင္းၾကားၿပီးလဲ လြတ္ေျမာက္ဖို႔အတြက္ ဆယ္ေပးပါ ကယ္ေပးပါ ဆိုၿပီး ဆုေတာင္းပါ။

အျပင္က တကယ္လက္ေတြ႕ လိုက္လုပ္ရတာေတြလဲ လုပ္တာ အဓိကက်သလို အိမ္တြင္းက အေမ အမ အေဒၚ အဖြားစသည္က လုပ္ေပးလို႔ရတာေလးေတြ ေဝမွ်လိုက္ပါတယ္။ ျမန္မာ ျပည္သူျပည္သားအားလုံး ႀကိမ္မီးအုံးသလို ခံစားေနရတဲ့ ေသာကအပူေတြ အျမန္ဆုံး ၿငိမ္းပါေစ။

(Visited 1,162 times, 1 visits today)

Be the first to comment

Leave a comment

Your email address will not be published.


*