ကလေးမွေးထား ပြီးပေမယ့် အပျိုတုန်းကလို လှနေကြဆဲ ဖြစ်တဲ့ မြန်မာ မင်းသမီးချောများ

ကလေး တစ်ယောက်ကို ဂရုတစိုက်နဲ့ သေသေချာချာ ပြုစုပျိုးထောင်ဖို့ဆိုတာ မလွယ်ပါဘူး။ စီးပွားလည်းရှာ၊ ကလေးလည်းထိန်းရတဲ့ မိခင်တွေအနေနဲ့ အပျိုတုန်းကလို ကိုယ့်ကိုကိုယ်တောင် သိပ်ပြီး ပြင်ဆင်နိုင်တော့မှာ မဟုတ်ပါဘူး။ ဒါပေမယ့် တစ်သားမွေးတစ်သွေးလှ ဆိုတဲ့ စကားအတိုင်း ကလေးမွေးပြီးမှ ပိုပိုလှလာတဲ့သူတွေရှိကြောင်း မြန်မာမင်းသမီးလေးတွေနဲ့ သက်သေပြလိုက်ပါတယ်နော်။

အနုပညာလောကမှာ ဆယ်စုနှစ် နှစ်ခုကျော် နေရာယူထားနိုင်သူလေး ဖြစ်ပြီး အကယ်ဒမီဆုများစွာ ပိုင်ဆိုင်ထားတဲ့ အိန္ဒြာကျော်ဇင်က မင်းသားချော ပြေတီဦးနဲ့ လက်ထပ်ခဲ့ပြီး ပြေသုဒြာနဲ့ ပြေဓီရ ဆိုတဲ့ သားသမီးနှစ်ယောက်ကို မွေးဖွားထားတာပဲ ဖြစ်ပါတယ်။ အိန္ဒြာကျော်ဇင်က အခုလာမယ့် April လဆိုရင် အသက် (၄၅) နှစ် အရွယ်ရှိနေပြီဖြစ်ပေမယ့် သူမရဲ့အလှကတော့ နုပျိုနေဆဲ ဖြစ်ပါတယ်။

ချင်းလူမျိုး အနုပညာရှင်တစ်ဦးဖြစ်တဲ့ သက်မွန်မြင့် ကလည်း အကယ်ဒမီဆုများစွာကို ရရှိပိုင်ဆိုင်ထားပြီး အားချစ်နဲ့ လဝန်းမေဆိုတဲ့ သားသမီးနှစ်ယောက်ကို မွေးဖွားထားတာ ဖြစ်ပါတယ်။ အသက် (၃၉) နှစ်အရွယ်ရှိပြီ ဖြစ်ပေမယ့်လဲ သက်မွန်မြင့်ဟာ တစ်သားမွေးတစ်သားလှ ဆိုတဲ့စကားအတိုင်း အိမ်ထောင်ကျ ကလေးမွေးပြီးမှ အရင်ကထက် ပိုလှလာပါတယ်။

သရုပ်ဆောင်၊ အဆိုတော်၊ ဆရာဝန် တစ်ဦးဖြစ်ပြီး ပရိတ်သတ်အချစ်တွေကို တစ်ခဲနက်ရရှိထားသူလေး ချစ်သုဝေဟာ အဆိုတော်လင်းလင်း နဲ့ အိမ်ထောင်ကျပြီး အမြွှာသမီးလေးနှစ်ယောက်ဖြစ်တဲ့ မေမြန်မာခေတ်နဲ့ မေမြန်မာသစ် ကို မွေးဖွားထားသူတစ်ယောက် ဖြစ်ပါတယ်။ စိတ်ပျိုလို့ ကိုယ်နုတဲ့ ချစ်သုဝေက အသက် (၃၇) နှစ်ရောက်သည့်တိုင် လူငယ်လေးလို လန်းဆန်းလှပနေဆဲပါ။

သရုပ်ဆောင် မေကဗျာဟာ ဆိုရင် ချစ်ဖို့ကောင်းတဲ့ မျက်နှာလေးနဲ့ ကျရာဇာတ်ရုပ်မှာ ပီပီပြင်ပြင် သရုပ်ဆောင်နိုင်တဲ့ သူလေး ဖြစ်ပါတယ်။ မေကဗျာက လှပပြီး ထူးချွန်ထက်မြတ်တဲ့ သမီးလေးနဲ့ သာယာပျော်ရွှင်ဖို့ကောင်းတဲ့ မိသားစု ဘဝလေးကို ပိုင်ဆိုင်ထားတဲ့သူလေး ဖြစ်ပါတယ်။ မေကဗျာက လက်ရှိမှာ အနုပညာလှုပ်ရှားမှုတွေ မလုပ်တော့ဘဲ ကိုယ်ပိုင်စီးပွားရေးလုပ်ကာ အနုပညာလောကကနေ ခေတ္တ အနားယူထားတာပဲ ဖြစ်ပါတယ်။

အသံဝဲဝဲလေးနဲ့ ချစ်စရာကောင်းတဲ့ မင်းသမီးလေး သဉ္ဇာနွယ်ဝင်းဟာ ချစ်ရသူနဲ့ရွှေလက်တွဲခဲ့ပြီး အခုဆိုရင် ကျော်မျိုးမြင့် နဲ့ သဉ္ဇာမျိုးမြင့် ဆိုတဲ့ သားသမီးနှစ်ယောက်ကို မွေးဖွားထားတာ ဖြစ်ပါတယ်။ အိမ်ထောင်ကျပြီးနောက်ပိုင်း အနုပညာလုပ်ငန်းတွေ မလုပ်ကိုင်တော့ပေမယ့် သဉ္ဇာနွယ်ဝင်းက အခုချိန်ထိ ချစ်စရာကောင်းနေဆဲပါပဲနော်။

တစ်ခေတ်တခါထဲက အောင်မြင်ကျော်ကြားခဲ့တဲ့ ရုပ်ရှင်သရုပ်ဆောင်နှင့် မော်ဒယ်တစ်ယောက် ဖြစ်တဲ့ စမိုင်းလ်က ပေါ်ရှာနဲ့ ကလိုဝီ ဆိုတဲ့ သမီးနှစ်ယောက်ကို မွေးဖွားထားတဲ့ မေမေတစ်ယောက်ပဲ ဖြစ်ပါတယ်။ ဒါပေမယ့် စမိုင်းလ် ကတော့ အသက်ကြီးလာတာနဲ့အမျှ ရင့်ကျက်မှုတွေတိုးပြီး ပိုလှလာသူတစ်ယောက် ဖြစ်ပါတယ်။

ပရိတ်သတ်တွေက မပွတ်ကျွတ် လို့ ချစ်စနိုးနဲ့ ခေါ်ကြတဲ့ မင်းသမီးချော ခိုင်သင်းကြည်ဟာ အရွယ်ရောက်ပြီး တစ်ဦးတည်းသောသမီးလေး စံထိပ်ထားဦးရဲ့ မေမေပဲ ဖြစ်ပါတယ်။ သမီးနဲ့အပြိုင် နုပျိုတဲ့ ခိုင်သင်းကြည်က အသက် (၅၀) နှစ်ရောက်သည့်တိုင် မယုံနိုင်လောက်အောင် နုပျိုနေဆဲပဲ ဖြစ်ပါတယ်။

“ဥ” ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကယ်ဒမီဆုကို ထိုက်ထိုက်တန်တန် ရရှိခဲ့တဲ့ မင်းသမီး ချောရတနာကတော့ သားတစ်ယောက် သမီးတစ်ယောက်ကို မွေးဖွားထားတဲ့ မေမေတစ်ယောက်ဖြစ်ပေမယ့် သူမရဲ့ အလှကတော့ ငယ်ငယ်ကအတိုင်း လှနေဆဲပါပဲ။ စာဖတ်ပရိသတ်ကြီး သိတဲ့ အနုပညာရှင် ကလေးမေမေထဲမှာရော ဘယ်သူတွေက လှလဲဆိုတာ ကောမန့်မှာ ပြောပြခဲ့ပါအုန်းနော်။

(Visited 3,687 times, 1 visits today)

Be the first to comment

Leave a comment

Your email address will not be published.


*