ကိုယ့်ထက်အသက်ကြီးတဲ့ ကိုကြီးတွေကိုပဲ ကြိုက်တယ်လို့ ဗွင်းဗွင်းကြီး ဖွင့်ပြောလာတဲ့ ဆက်ယွန်းတွယ်တာ

ဇာတ်လမ်းတွဲထဲမှာ ဒေါသထွက်ပြီး မုန်းချင်စရာလေး ဖြစ်နေပေမယ့် အပြင်မှာတော့ အရမ်းချစ်ဖို့ကောင်းတယ်လို့ ပရိသတ်တွေက ပြောကြတဲ့ သရုပ်ဆောင် ဆက်ယွန်းတွယ်တာဟာ လက်ရှိအချိန်မှာဆိုရင်တော့ တက်သစ်စအနုပညာရှင်တစ်ဦးအဖြစ် ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုတွေကို လက်ခံရရှိနေပြီပဲ ဖြစ်ပါတယ်။

အရမ်းအောင်မြင်ခဲ့တယ်လို့ ဆိုရပေမယ့် “ဒေါင်းယာဉ်ပျံဘုံနဘေးမှာ စာရေးလို့ထားချင်တယ်”ဇာတ်လမ်းတွဲမှာ ဆက်ယွန်းတွယ်တာဟာ မြမိုးသူအဖြစ် သရုပ်ဆောင်ခဲ့တာပဲ ဖြစ်ပါတယ်။ ထိုဇာတ်လမ်းတွဲနဲ့ပတ်သက်ပြီးတော့ ဆက်ယွန်းတွယ်တာက “သုံးယောက်လုံးရဲ့အချစ်ကို မကြိုက်ဘူး ပူလောင်တယ်လို့ ထင်တယ်..

တစ်ယောက်ကျတော့လည်း ကိုယ့်မာနကြောင့် ချစ်လိုက်ရတာမျိုးလေ သူ့စိတ်နဲ့ဆိုရင် ချစ်မိမှာမဟုတ်ဘူး.. မြမိုးသူဆိုရင်လည်း ကလေးဆန်ပြီး ဘာမှမတွေးဘူး.. ခဏသာယာမိတဲ့အပေါ် အချစ်လို့ထင်တာဆိုတော့ သုံးယောက်လုံးအချစ်ကို မကြိုက်ဘူး” “မြမိုးသူဆိုတဲ့မိန်းကလေးမျိုး အပြင်မှာရှိခဲ့ရင် သနားဖို့ကောင်းတယ်..

ဒီလို ကောင်မလေးမျိုး ရှိရင် သူ့ကိုအပြစ်မတင်ပဲနဲ့ နိုင်လင်းလို ယောကျ်ားမျိုးကို ပိုပြီးတော့ အပြစ်တင်ရမယ်ထင်တယ်” လို့ သူမရဲ့အမြင်ကို ရင်ဖွင့်ပြောပြခဲ့ပါတယ်။ ဒေါင်းယာဉ်ပျံဇာတ်လမ်းထဲမှာ ဆက်ယွန်းတွယ် တာဟာ ကျော်ထက်ဇော်နဲ့ တွဲဖက်ပြီး ကလေးနဲ့ဦးအဖြစ် သရုပ်ဆောင်ခဲ့တာ ဖြစ်ပြီး

အပြင်မှာဆိုရင်တော့ ဆက်ယွန်းတွယ်တာ အနေနဲ့ဆိုရင် ချစ်သူကို ဘယ်လိုရွေးချယ်ဖြစ်မလဲ ဆိုတာကို မေးမြန်းကြည့်ခဲ့ရာ ဆက်ယွန်းတွယ်တာက “ဆက်ယွန်း အနေနဲ့ဆိုရင်တော့ ကိုယ့်ထက်အသက်ကြီးတဲ့ကိုကြီးတွေကို ကြိုက်တယ်.. ကိုကြီးတွေက ပိုပြီးချစ်တတ်တယ်..

ပိုပြီးနားလည်ပေးနိုင်မယ်.. ဆိုးလို့ရမယ်လို့လည်း ထင်တယ်.. ဆက်ယွန်းက ကိုကိုတွေ ကြိုက်တဲ့ team ပါ” လို့ ပြောလာခဲ့ပါတယ်။ ဆက်ယွန်းတွယ်တာရဲ့ချစ်စရာကောင်းတဲ့ ပုံရိပ်လေးတွေကို ကြည့်ရှုအားပေးရင်း ပရိသတ်ကြီးကရော ဆက်ယွန်းနဲ့ team အတူတူပဲလား? ဘယ် team ထဲ ပါနေလဲ ဖြေခဲ့ပေးဦးနော်။

(Visited 250 times, 1 visits today)

Be the first to comment

Leave a comment

Your email address will not be published.


*