ပရိသတ်ကြီးရေ သရုပ်ဆောင် စုလင်းရှိန်ကတော့ MRTV 4 မင်းသမီးတစ်လက် ဖြစ်ပြီး ဇာတ်လမ်းတွဲတော်တော်များများမှာ ပါဝင်သရုပ်ဆောင်ထားတာလည်း ဖြစ်ပါတယ်။
သရုပ်ဆောင် စုလင်းရှိန်ကတော့ မကြာသေးမီကမှ ချစ်သူနဲ့အတူ တရားဝင် ရွှေလက်တွဲထားတာလည်း ဖြစ်ပါတယ်။ ဒီနေ့မှာတော့ စုလင်းရှိန်က
ဒီယောင်္ကျားမှ မယူရင် မှားလိမ့်မယ်လို့ တွေးမိတာမလို့ လက်ထပ်ဖြစ်သွားကြောင်း ပြောပြလာတာပဲ ဖြစ်ပါတယ်။ စုလင်းရှိန်က
“အမျိုးသား ချစ်ရေးဆိုကတည်းက စိတ်ထဲမှာ ခံစားချက်က ဒီလူကို ဘဝအတွက် ရွေးချယ်မှာ ဒီလူနဲ့ လက်ထပ်မှာ ဆိုတဲ့စိတ်ဖြစ်သွားတယ်.. ဒီအမျိုးသားကိုမှ မရွေးချယ်ရင် မှားလိမ့်မယ်ဆိုပြီး အဲလိုစိတ်ရှိသွားတာမို့လို့ လက်ထပ်ဖြစ်သွားတယ်..
ရည်းစားသက်တမ်းလည်း အရမ်းမကြာခဲ့ဘူး..” ဆိုပြီး ပြောပြလာတာ ဖြစ်ပါတယ်။ ဖတ်ရှုပေးတဲ့ ပရိတ်သတ်ကြီးလဲ သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။
Be the first to comment