ဒေါ်လာအများအပြား တရားမဝင် ကိုင်ဆောင်ထားသူ၊ ရာခိုင်နှုန်းနဲ့ ငွေလဲစားသူတွေကို ဖမ်းတော့မည်ဟု ကြေငြာချက်ထုတ်

ငွေကြေးဈေးကွက်တည်ငြိမ်မှုကို ထိခိုက်စေနိုင်သော ဆောင်ရွက်မှုများဖြစ်သည့် အိမ်ခြံမြေ၊ မော်တော်ယာဉ်ကဲ့သို့ အခြေပစ္စည်းများအား ရောင်းဝယ်ပြီးပိုင်ဆိုင်မှုလွှဲပြောင်းရာတွင် ဗဟိုဘဏ်၏ ငွေပေးချေမှု ကန့်သတ်ချက်များအတိုင်း လိုက်နာမှုမရှိသူများ၊ ဘဏ်များတွင် အပ်နှံထားသည့် ငွေသားထုတ်ယူရာ၌

ရာခိုင်နှုန်းယူ၍ ငွေသားထုတ်ပေးခြင်း၊ ဘဏ်ပြင်ပတွင် ငွေသားလက်ဝယ်ထိန်းသိမ်းထားသူများက ဘဏ်အကောင့်တွင် အပ်နှံထားသည့် ကျပ်ငွေများကိုရာခိုင်နှုန်းယူ၍ ငွေသားဖြင့် လဲလှယ်ထုတ်ပေးခြင်းများတွင် ပါဝင်ပတ်သတ်သူများကိုလည်း တိုင်ကြားနိုင်ကြောင်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဗဟိုဘဏ်က ဩဂုတ်လ (၅) ရက်နေ့တွင် ငွေလဲလှယ်နှုန်း အမေရိကန်တဒေါ်လာလျှင် (၁၈၅၀) ကျပ်မှ (၂၁၀၀) ကျပ်သို့ပြောင်းလဲသတ်မှတ်ပြီး ပို့ကုန်ရငွေ၏ (၆၅) ရာခိုင်နှုန်းကို မြန်မာကျပ်ငွေဖြင့်လဲလှယ်ဆောင်ရွက်ရန်လည်း ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။ ဧပြီလ (၄) ရက်နေ့မှ စတင်ပြီး ရည်ညွှန်းဈေး (၁၈၅၀) ကျပ်ကို

(၄) လကျော်အကြာ ပုံသေ သတ်မှတ်ခဲ့ပြီးတဲ့နောက် ပြန်လည်ပြင်ဆင်လိုက်ခြင်းဟာ ကျပ်ငွေတန်ဖိုး မြင့်တက်လာစေဖို့ စကစ လက်အောက်ခံ ဗဟိုဘဏ်က ရည်ရွယ်ထားတာ ဖြစ်ပါတယ်။ ပြင်ပဈေးကွက်အတွင်း ကြိုက်ရောင်း၊ ကြိုက်ဝယ်ဖြစ်နေတဲ့ ဈေးကွက်ကို ဗဟိုဘဏ်က သတိပြုမိလာပြီးနောက် ရည်ညွှန်းဈေးကို

ကျပ် (၂၁၀၀) အထိ မြှင့်တင်လိုက်ခြင်းက ပြင်ပဈေးနဲ့ ကွာဟချက် မြင့်မားနေခြင်းကို အနီးစပ်ဆုံး ညှိယူလိုက်တဲ့ သဘောဆောင်ကြောင်း စီးပွားရေးအကဲခတ်အချို့က သုံးသပ်ကြပါတယ်။ ဒီလို ဗဟိုဘဏ်ရဲ့ (၂၁၀၀) ကျပ်အထိ လျှော့ချပေးခြင်းက စီးပွားရေးကျဆင်းလာတဲ့ လက္ခဏာရပ်တွေ ထင်သာမြင်သာ ရှိလာတာကြောင့်လို့ ယူဆကြပြီး

မြင့်တက်နေတဲ့ ဒေါ်လာဈေးက ထင်သလောက် ကျဆင်းမှာ မဟုတ်သေးဘူးလို့လည်း ဆိုကြပါတယ်။ နိုင်ငံခြားငွေကြေးများ တရားမဝင်ကိုင်ဆောင်ခြင်း၊ ဉပဒေမဲ့အရောင်းအဝယ်ပြုလုပ်ခြင်း၊ ဈေးကစားခြင်းပြုလုပ်သူများကို စကစ လက်အောက်ခံ ရွှေနှင့်ငွေကြေးဈေးကွက်စောင့်ကြည့်၊ ထိန်းသိမ်း၊ ကြတ်မတ်ရေးလုပ်ငန်းကော်မတီ၏ တိုင်ကြားစာစိစစ်ရေးအဖွဲ့သို့ တိုင်ကြားနိုင်ကြောင်း အဆိုပါ ကော်မတီက ထုတ်ပြန်ကြေညာလိုက်တာ ဖြစ်ပါတယ်။

(Visited 585 times, 1 visits today)

Be the first to comment

Leave a comment

Your email address will not be published.


*