ယမန့်နေ့ညက မီးလောင်မှုဖြစ်ပွားခဲ့တဲ့ သိမ်ဖြူလမ်းပေါ်က iCare Myanmar Service Center

ယမန်နေ့ ဩဂုတ်လ (၅) ရက်နေ့ ညအချိန်က ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့်မြို့နယ်၊ သိမ်ဖြူလမ်းမပေါ်ရှိ iCare Myanmar Service Center မှာ မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့တယ်လို့ ကြားသိရပါတယ်။

ယမန်နေ့ ဩဂုတ်လ ညပိုင်း (၉) နာရီ (၂၅) မိနစ်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ဖို့မြေရပ်ကွက်၊ သိမ်ဖြူလမ်းနှင့် ဗိုလ်မင်းရောင်လမ်းထောင့်ရှိ iCare Myanmar Service Center မီးလောင်ကျွမ်းခဲ့တယ်လို့ သိရပါတယ်။

ယင်း မီးလောင်မှုကို Level 1 အဆင့် ယာဉ်အုပ်စုများ သွားရောက်ငြှိမ်းသတ်ရာ (၉) နာရီခွဲ၌ မီးငြိမ်းနိုင်ခဲ့ကြောင်း မီးသတ်တပ်ဖွဲ့က ထုတ်ပြန်လာခဲ့ပါတယ်။ တချို့က ဆိုင်တစ်ဆိုင်လုံးကုန်လုနီးပါးလောင်ခဲ့တာလို့ ဆိုပေမယ့် တကယ့်တကယ်ကျတော့

ဆိုင်းဘုတ်မှတဆင့် ဝါယာရှော့ခ် ဖြစ်ကာ ဆိုင်းဘုတ်သီးသန့်သာ လောင်ကျွမ်းခဲ့တာဖြစ်တယ်လို့ ဒေသခံ ရင်းနှီးသူများက ဆိုနေကြပါတယ်။ အဆိုပါ မီးလောင်မှုကြောင့် ပျက်ဆီးဆုံးရှုံးမှု အခြေအနေနှင့် တန်ဖိုးကိုတော့ မီးသတ်ဌာနက တရားဝင်ထုတ်ပြန်ထားခြင်း မရှိသေးဘူးလို့လည်း သိရပါတယ်။

(Visited 609 times, 1 visits today)

Be the first to comment

Leave a comment

Your email address will not be published.


*