“ဝမ်ထုံ” ရဲ့နေရာမှာ အသံ သရုပ်ဆောင်ခဲ့ရင်း ဇာတ်သိမ်းခန်းမှာ ကျောထဲထိ စိမ့်နေအောင် ခြောက်ခြားခဲ့ရကြောင်း ရင်ဖွင့်လာတဲ့ ဆုထက်လှိုင်

သီချင်းသီဆိုမှုကို အရမ်းဝါသနာပါလွန်းတဲ့ ဆုထက်လှိုင်ကတော့ (၂၀၁၄) ခုနှစ်က ကျင်းပပြုလုပ်တဲ့ အိပ်မက်ဆုံရာ သီချင်းဆိုပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခဲ့ရင်း ပရိတ်သတ်တွေ သတိထားမိလာကာ လူသိများလာခဲ့သော သူတစ်ယောက် ဖြစ်ပါတယ်နော်။ ယခု နောက်ပိုင်းမှာတော့ သီဆိုဖျော်ဖြေမှုပိုင်းထက် သရုပ်ဆောင်တစ်ယောက်အဖြစ် ပိုမို ရပ်တည်လာခဲ့တဲ့ ဆုထက်လှိုင်ဟာ

“ဒေါင်းယာဉ်ပျံဘုံ နံဘေးမှာ စာရေးလို့ ထားချင်တယ်” ဆိုတဲ့ ဇာတ်လမ်းတွဲမှာ တည်ငြိမ်ရင့်ကျက်ကာ ယဉ်ကျေးပြီးနူးညံ့သော မိန်းမဆန်လွန်းသော တင်မေဦး ကာရိုက်တာမှာ သရုပ်ဆောင်ခဲ့ရာမှာတော့ သူမရဲ့ သရုပ်ဆောင်မှု အနုပညာအရည်အသွေး ထက်မြက်ပိုင်နိုင်မှုတွေကြောင့် မမဦး မမဦးရယ် ဆိုပြီး ပရိတ်သတ်တွေ ရင်ထဲကို ခိုင်မာစွာ တိုးဝှေ့ ဝင်ရောက်နိုင်ခဲ့ပြန်ပါတယ်နော်။

ဒေါင်းယာဉ်ပျံ ဇာတ်လမ်းတွဲဟာ အောင်မြင်မှု အကြီးအကျယ် ရရှိခဲ့သလို တင်မေဦးဇာတ်ရုပ်ကို ပိုင်နိုင်စွာ ပုံဖော်နိုင်ခဲ့တဲ့ ဆုထက်လှိုင်ဟာလည်း ပရိတ်သတ်တွေရဲ့ သည်းသည်းလှုပ်အားပေးခြင်းကို ပိုင်ဆိုင်နိုင်ခဲ့တာပဲ ဖြစ်ပါတယ်။ သရုပ်ဆောင်ပိုင်းမှာ အောင်မြင်လာသလို သီချင်းလေးတွေလည်း ဆိုလေ့ရှိတဲ့ သရုပ်ဆောင် ဆုထက်လှိုင်ဟာ MRTV 4 က ထုတ်လွှင့်တဲ့ ထိုင်းရုပ်သံဇာတ်လမ်းတွဲ တွေမှာလည်း နောက်ခံစကားပြော သရုပ်ဆောင်အဖြစ်နဲ့ ဆောင်ရွက်နေသေးတာ ဖြစ်လို့

အနုပညာအလုပ်မှန်သမျှကို အစွမ်းကုန် အားထုတ်ပြီး ကြိုးပမ်းလုပ်ကိုင်နေသူလေးလို့ ဆိုရမှာပါနော်။ ယခုအခါမှာ ဇာတ်သိမ်းသွားပြီ ဖြစ်တဲ့ ပရိတ်သတ်တွေ သည်းသည်းလှုပ် အားပေးခဲ့ကြရသော ထိုင်းရုပ်သံ ဇာတ်လမ်းတွဲတစ်ခု ဖြစ်တဲ့ “ဝမ်ထုံရဲ့အချစ်စစ်” ဇာတ်ကားမှာလည်း ပရိတ်သတ်အချစ်တော် မင်းသမီးချောလေး ဆုထက်လှိုင်က အဓိကဇာတ်ဆောင်ဖြစ်သော ဝမ်ထုံရဲ့နေရာကနေ အသံသရုပ်ဆောင် အနေနဲ့

ဝမ်ထုံဇာတ်လမ်းကို မြန်မာပရိသတ်တွေ နားထဲမှာ စွဲနေအောင် သရုပ်ပေါ်အောင် ပုံဖော် နိုင်ခဲ့သူလေး ဖြစ်တဲ့အတွက် အသံသရုပ်ဆောင်ပိုင်းမှာလည်း ထူးချွန်သူလေးအဖြစ် ပရိသတ်တွေက ချီးကျူးနေရတာ ဖြစ်ပါတယ်။ ယနေ့မှာတော့ သရုပ်ဆောင် ဆုထက်လှိုင်က ဝမ်ထုံနေရာမှာ အသံဖြင့် သရုပ်ဆောင်ခဲ့ရသော အမှတ်တရတွေကို အခုလို ရေးသား ပြောပြလာတာကို တွေ့ရပါတယ်။ မမဦး (ခ) ဆုထက်လှိုင်က

“ကိုယ် အရမ်းရူးသွပ်ရတဲ့ voice over actor အလုပ်မှာ အရမ်း tempo မြင့်တဲ့ ဝမ်ထုံ ဆိုတဲ့ Davika ရဲ့နေရာကို ခက်ခက်ခဲခဲ deep soul နဲ့ သွင်းခဲ့ရတဲ့ series။ နောက်ဆုံး ခေါင်း ဖြတ် တဲ့ scene သွင်းတဲ့အချိန် အရမ်းဟိုက်လာပြီး recording room ထဲက အမှတ်တရအဖြစ်အပျက်က ကျောထဲစိမ့်စရာ😬 အဲ့လောက်ထိ သက်ရောက်မှု ရှိခဲ့တဲ့ seriesပါ။ အပြင်မှာလည်း တကယ့် Thai ရဲ့ reality story ပါ။ အပြင်မှာတော့ ဝမ်ထုံခင်မျာ သူ့ရဲ့ ယုံကြည်မှုတခုအတွက် တကယ် အ သတ်ခံခဲ့ရတယ်တဲ့ 😔”

ဆိုပြီး ပြောပြလာခဲ့တာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးရေ ဆုထက်လှိုင်ကတော့ “ဝမ်ထုံရဲ့အချစ်စစ်” ဇာတ်လမ်းတွဲရဲ့ နောက်ဆုံး ဇာတ်ဝင်ခန်းကို ဝမ်ထုံနေရာကနေ အသံသရုပ်ဆောင်ရင်း တော်တော်လေး မောပန်းကာ ဟိုက်လာခဲ့ပြီး ကျောထဲထိကို စိမ့်တက်လာခဲ့တယ်လို့ ဆိုလာတာပဲဖြစ်ပါတယ်။ ဒီ အရင်တုန်းကလည်း သူမအနေနဲ့ ဝမ်ထုံဇာတ်လမ်းတွဲမှာ အသံသရုပ်ဆောင်ရင်း ဝမ်ထုံအကြောင်းတွေ စိတ်သွင်းရင်း စာနာစိတ်နဲ့

တချို့ဇာတ်ဝင်ခန်းတချို့ကို အသံသွင်းပြီး တဲ့နောက်မှာတော့ (၃) ရက်ခန့် မျက်ရည်မဆည်နိုင်အောင် ဝမ်ထုံအတွက် ခံစားခဲ့ရကြောင်းကို အင်တာဗျူးတစ်ခုမှာလည်း ဖြေဆိုခဲ့ဖူးပါတယ်နော်။ အနုပညာကို ချစ်မြတ်နိုးသော သူတစ်ယောက်အနေနဲ့ ဇာတ်ကောင်စရိုက်အတိုင်း မုခ်သွင်းရင်း ဇာတ်ကောင်စရိုက် ဝင်သွားတာမျိုး ဖြစ်နိုင်တာမို့ ဆုထက်လှိုင်တစ်ယောက် ယခုလိုထိ ဖြစ်ရတာတွေဟာ သူမရဲ့လုပ်ကိုင်နေသော အနုပညာအပေါ်မှာ ထားသော

သူမရဲ့ အနုပညာချစ်စိတ်တွေကြောင့် ဆိုတာ ထင်ရှားပေါ်လွင်လှပါတယ်နော်။ ပရိသတ်ကြီးတို့ထဲမှာလည်း ဝမ်ထုံကားလေးကို ကြည့်တဲ့သူတွေ ပါရင် မနေ့က ဇာတ်သိမ်းသွားခဲ့တဲ့ “ဝမ်ထုံရဲ့အချစ်စစ်” ဇာတ်ကားလေးကို ကြည့်ပြီး စိတ်ထဲမှာ ကြေကွဲခံစားခဲ့ကြရသလို ဝမ်ထုံဇာတ်လမ်းတွဲဟာ ဆိုရင် အပြင်မှာလည်း တကယ်ဖြစ်ခဲ့ဖူးတဲ့ ဖြစ်ရပ်မှန် ဖြစ်ပြီး လက်တွေ့ဘဝဟာလည်း သနားစဖွယ် ဇာတ်သိမ်းလေးနဲ့ဆိုတာ အခုလို သိရတဲ့အခါမှာ စိတ်ထဲမှာ ပိုလို့ ဝမ်းနည်းခံစားကြရမယ် ထင်ပါတယ်နော်။

(Visited 604 times, 1 visits today)

Be the first to comment

Leave a comment

Your email address will not be published.


*