အသံ သရုပ်ဆောင်အဖြစ် ပထမဆုံးပါဝင်ထားတဲ့ ထိုင်းဇာတ်လမ်းတွဲလေးကို အားပေးကြဖို့ တောင်းဆိုလိုက်တဲ့ သရုပ်ဆောင် သံသာညီ

unicode

ပရိတ်သတ်ကြီးရေ မင်းသမီးချောလေး သံသာညီကတော့ အရုပ်မလေးလား ထင်ရလောက်အောင်ချစ်ဖို့ကောင်းပြီး အနုပညာအရည်အချင်းလည်း အပြည့်ရှိတဲ့သူ တစ်ယောက်ပါ။

မကြာသေးမီက ထုတ်လွှင့်ပြသခဲ့တဲ့ “သရဖူ” ဇာတ်လမ်းတွဲလေးမှာ ရိုစီအဖြစ် ပါဝင်ခဲ့ပြီး ပီပြင်တဲ့ သရုပ်ဆောင်မှုတွေကြောင့် ပရိတ်သတ်တွေရဲ့ အားပေးမှုကို ရရှိထားတာလည်း ဖြစ်ပါတယ်။

ဒီနေ့မှာတော့ သံသာညီက သူမရဲ့ ပထမဦးဆုံး အသံနောက်ခံစကားပြော ဇာတ်လမ်းတွဲလေး မလို့ အားပေးကြဖို့ ပြောလာတာလည်း ဖြစ်ပါတယ်။ “ချစ်သူတိုင်းပြည်သို့” ဇာတ်လမ်းတွဲလေးကို

(၈) ရက်နေ့ channel 7 ရုပ်သံလိုင်းမှာ ထုတ်လွှင့် ပြသသွားမှာလည်း ဖြစ်ပါတယ်။ ဖတ်ရှုပေးတဲ့ ပရိတ်သတ်ကြီးလဲ သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

zawgyi





(Visited 451 times, 1 visits today)

Be the first to comment

Leave a comment

Your email address will not be published.


*